RNA_ဇန်နဝါရီ(၁၈)၊၂၀၂၅ခုနှစ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ တစ်ပတ်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်သား (၂၈) ဦးသေဆုံးပြီး (၄၅) ဦးနှင့်အထက် ဒဏ်ရာရရှိခဲ့သည်ဟု တောင်ပိုင်းစစ်ဒေသမှ ယနေ့ ထုတ်ပြန်ထားသည်။
ဇန်နဝါရီ ၁၁ ရက်မှ ဇန်နဝါရီလ ၁၇ ရက်နေ့အထိ တောင်ပိုင်းစစ်ဒေသတွင် PDF၊ KNU-KNLA နှင့် အခြားတော်လှန်ရေးပူးပေါင်းအဖွဲ့ များ နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ကော့ကရိတ် – အာရှလမ်းရှိ အောင်ဇေယျစစ်ကြောင်း၏ ယာယီတပ်စခန်းငယ် တစ်ခုကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ တိုက်ပွဲများတွင် လက်နက်ငယ် ၁၁ လက်၊ လက်နက်ကြီး ၁ လက်၊ မိုင်းနှင့် ခဲယမ်းမျိုးစုံနှင့် အခြား စစ်ဘက်သုံးပစ္စည်းအချို့ကို တော်လှန်ရေးပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
#RedNewsAgency #REDNEWS #RNA