မန္တလေး PDF ရဲဘော်များ၏ ရှမ်းမြောက်ခရီးစဉ်အတွင်း ပြည်သူများ ဝမ်းသာအားရ နှုတ်ဆက်ကြိုဆို

RNA_ဩဂုတ်(၂၈)၊၂၀၂၄ခုနှစ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲဘော်များ၏ မန္တလေးတိုင်းမှ ရှမ်းမြောက်သွားသည့် ခရီးစဉ်အတွင်း လမ်းတလျှောက်ရှိ ပြည်သူများက ဝမ်းသာအားရ နှုတ်ဆက်ကြိုဆိုသည့် ရုပ်သံကို ယနေ့ ထုတ်ပြန်ထားသည်။

“မန္တလေး – ရှမ်းမြောက် ဖြစ်ပြီးရင် …… မန္တလေးမှသည် နေပြည်တော် ဆိုတာလည်း မဝေးတော့ဘူး ဆိုတာ အသေအချာပါဘဲ …မဝေးကွာတော့တဲ့ ခရီးစဉ်များအတွက် အသက်ပေးလှူသွားရသော စစ်သည် / စစ်မေများနှင့် ကိုယ်လက်အင်္ဂါစွန့်လွှတ်လှူဒါန်းသွားသော စစ်သည် စစ်မေများကို ဦးညွှတ် ဂုဏ်ပြုလျက် …” ဟု ရုပ်သံထုတ်ပြန်ချက်တွင် ရေးသားထားသည်။

Red News Agency

By Editor