Tag: ရွေးကောက်ပွဲ

  • ထိုင်းနိုင်ငံရေး အပြောင်းအလဲကြောင့် ရွေ့ပြောင်းလုပ်သားများနှင့် နိုင်ငံရေးခိုလှုံသူများအရေး ယခုထက်အကူအညီရနိုင်သည်ဟု မျှော်လင့်နေ

    ထိုင်းနိုင်ငံရေး အပြောင်းအလဲကြောင့် ရွေ့ပြောင်းလုပ်သားများနှင့် နိုင်ငံရေးခိုလှုံသူများအရေး ယခုထက်အကူအညီရနိုင်သည်ဟု မျှော်လင့်နေ

    RNA_မေ(၁၆)၊၂၀၂၃ ခုနှစ်။
     
    ထိုင်းနိုင်ငံတွင် လူထုကတင်မြှောက်လိုက်သည့် အစိုးရအပြောင်းအလဲတွင် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသည့် ရွေ့ပြောင်းလုပ်သားများအရေးနှင့် နိုင်ငံရေးခိုလှုံသူများအရေး အထောက်အကူဖြစ်နိုင်သည်ဟု မျှောင်လင့်ထားကြောင်း မြန်မာဒီမိုကရေစီရေးတွင် ထဲထဲဝင်ဝင်ပါဝင်နေသူများထံမှ သိရသည်။
     
    ၂၀၂၃ ခုနှစ် မေလ ၁၅ ရက်နေ့က ထုတ်ပြန်သည့် ထိုင်းနိုင်ငံ၏ ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် Move forward Party ( พรรคก้าวไกล )က လွှတ်တော်ကိုယ်စားလှယ်အများဆုံး ရွေးကောက်တင်မြှောက်ခံထားရပြီး အခြားမဟာမိတ်များနှင့် ပူးပေါင်းက ညွန့်ပေါင်းအစိုးရဖွဲ့စည်းနိုင်ရေး ဆောင်ရွက်နေကြောင်း၊ ရွေးကောက်ပွဲအနိုင်ငံ Move forward Party ( พรรคก้าวไกล )သည် မြန်မာနိုင်ငံမှ စစ်အာဏာရှင်များ၏ လုပ်ရပ်များကို လက်မခံနိုင်သည့် ပါတီဖြစ်ကြောင်း သိရသည်။

    (more…)

  • ရွေးကောက်ပွဲ လက်မခံကြောင်း လူထုကလမ်းပေါ်ထွက်သက်သေပြ

    ရွေးကောက်ပွဲ လက်မခံကြောင်း လူထုကလမ်းပေါ်ထွက်သက်သေပြ

    စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲ လက်မခံကြောင်း လူထုကလမ်းပေါ်ထွက်သက်သေပြ

    RNA_ဇန်နဝါရီ(၂၉)၊၂၀၂၃ ခုနှစ်။

    မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကျေးရွာများမှ ကလေးလူကြီးအကုန် ရွာလုံကျွတ်နီးပါး လမ်းပေါ်ထွက်ကာ အကြမ်းဖက်အာဏာသိမ်း စစ်ကောင်စီက ပြုလုပ်မည့် ရွေးကောက်ပွဲ လက်မခံကြောင်း လမ်းပေါ်ထွက်ကာ ယနေ့ နံနက်ပိုင်းက သက်သေပြခဲ့ကြသည်။

    စစ်ကောင်စီ အုပ်ချုပ်ရေးယန္တယား မသက်ရောက်တော့သည့် ရေစကြိုမြို့နယ်၊ ကျေးရွာများမှ ပြည်သူများက စစ်အာဏာရှင်ဆန့်ကျင်ရေး၊ စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲ လက်မခံရေး စသည့် ကြွေးကြော်သံများဖြင့် ရွာစဉ်လှည့်လည်ကာ ဆန္ဒပြခဲ့ကြသည်။

    [embedyt] https://www.youtube.com/watch?v=eoTiKEr_pf0[/embedyt]

    အာဏာသိမ်းမှု (၂) နှစ်ပြည့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ (၁) ရက်နေ့တွင်လည်း “တသံတည်းညီ တချီတည်းရုန်း” ခေါင်းစဉ်ဖြင့် အပြင်မထွက်၊ တိတ်ဆိတ်ငြိမ်သက်ခြင်း (Silent Strike) သပိတ်ပြုလုပ်ကြပြီး တိတ်ဆိတ်မှုဖြင့် စစ်အာဏာရှင်ကို လက်မခံကြောင်းနှင့် အတုအယောင်ရွေးကောက်ပွဲ လက်မခံကြရန်၊ တော်လှန်ရေး အရှိန်မြှင့်တင်ကြရန် လူထုက ကြွေးကြော်ကာ နှိုးဆော်ခဲ့သည်။

    #RedNewsAgency

  • မင်းအောင်လှိုင်ကို ဘာပြောချင်လဲ ?

    မင်းအောင်လှိုင်ကို ဘာပြောချင်လဲ ?

    မင်းအောင်လှိုင်ကို ဘာပြောချင်လဲ? ​NUG ကိုလာပြောချင်လဲ ?

    စစ်အာဏာရှင်ကို လုံးဝအုပ်ချုပ်ခွင့် မရစေရဆိုတဲ့ သန္ဓိဌာန်နဲ့ မြန်မာပြည်သူလူထုတစ်ရပ်လုံးရဲ့ တော်လှန်စိတ်၊ တော်လှန်မာန်တွေဟာ တော်လှန်ရေး (၂)နှစ်ပြည့်ချိန်ထိ ပြင်းထန်အားကောင်းနေဆဲ ဖြစ်ပါတယ်။ အာဏာရှင်တွေ ဘယ်လောက် သက်ဆိုးရှည်ရှည် လူထုကတော့ စက္ကန်နဲ့အမျှ ဆန့်ကျင်နေဖို့ တွေးတောကြံဆနေဆဲ၊ ဆန္ဒရှိနေဆဲဖြစ်ပါတယ်။

    [embedyt] https://www.youtube.com/watch?v=0hUI1Fanz2U[/embedyt]

    စစ်အာဏာရှင်များအနေဖြင့် အယုတ်မာဆုံး နည်းလမ်းများနဲ့ လူထုကို နှိပ်စက်ညှင်းပမ်းလေ လူထုဆီက ခါးသီးတဲ့ အမုန်းတွေနဲ့ တော်လှန်ပုန်ကန်လိုစိတ်ကိုရလေပါပဲ။ လူထုဟာ စစ်အာဏာရှင် လှမ်းလာမဲ့ တရားမဝင် အတုအယောင် နိုင်ငံရေးလမ်းကြောင်းမှန်သမျှ၊ ခြေလှမ်းမှန်သမျှကိုလည်း နည်းနည်လေးမှ ‘မသတီ’လျက်ရှိနေပါတယ်။ ပြည်သူလူထုအနေဖြင့် လွတ်လပ်စွာ ထုတ်ဖော်ဆန့်ကျင်နိုင်မဲ့ အခွင့်အရေးသာ ရမည်ဆိုပါက လူထုရဲ့ ဒေါသသံတွေအောက်မှာ စစ်ကောင်စီတစ်ခုလုံး လောင်ကျွမ်းပြာကျသွားပါလိမ့်မယ်။

    (more…)

  • ရွေးကောက်ပွဲ လက်မခံကြောင်း ကျေးရွာ (၅) ရွာအတွင်း လှည့်လည် ဆန္ဒပြ

    ရွေးကောက်ပွဲ လက်မခံကြောင်း ကျေးရွာ (၅) ရွာအတွင်း လှည့်လည် ဆန္ဒပြ

    RNA_ဇန်နဝါရီ(၂၂)၊၂၀၂၃ ခုနှစ်။

    အာဏာသိမ်း စစ်ကောင်စီက ပြုလုပ်မည့် ရွေးကောက် ပွဲကို လက်မခံကြောင်း မကွေးတိုင်း၊ ရေစကြိုမြို့နယ် ဒေသခံပြည်သူများက ယနေ့နံနက်ပိုင်းတွင် ကျေးရွာ (၅) ရွာအတွင်း လှည့်လည်ကာ  ဆန္ဒပြခဲ့ကြသည်။

    မြို့ပြနေပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် ပူးပေါင်းခြင်း မပြုလုပ်ရန်နှင့် မြို့ပြပျောက်ကြား လှုပ်ရှားမှုများ ဖော်ဆောင်ခြင်းဖြင့် မြို့ပြနိုင်ငံရေးအရှိန်မြှင့်ဖို့ လိုအပ်နေကြောင်း ဆန္ဒပြပွဲတွင်ပါဝင်သည့် ပြည်သူတဦးက ပြောသည်။

    (more…)

  • စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဖားကန့်မှာပြုလုပ် 

    စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဖားကန့်မှာပြုလုပ် 

    RNA_ဖားကန့်၊ဇန်နဝါရီ(၂၀)၊၂၀၂၃ ခုနှစ်။

    အာဏာသိမ်းစစ်ကောင်စီက ၂၀၂၃ ခုနှစ်တွင် ကျင်းပမည်ဟုပြောထားသည့် ရွေးကောက်ပွဲကို လက်မခံကြောင်း ယနေ့ ဖားကန့်မြို့နယ်မှာ လှုပ်ရှားမှု ပြုလုပ်ခဲ့သည်။

    ဖားကန့်မြို့၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာဈေးထိပ်၊ ဖားကန့်နှင့်လုံးခင်းသွားလမ်းမကြီးပေါ်တွင် ယနေ့ နံနက်က “တရားမဝင်တဲ့ရွေးကောက်ပွဲ လူထုအားနဲ့တိုက်ဖျက်ကြ၊ ပါဝင်ပါတ်သက်သူတိုင်းဟာ သမိုင်းတရားခံဖြစ်သည်”ဟုရေးသားထားသည့် စာတန်းကို ဖားကန့် သပိတ်ကော်မတီမှ ချိတ်ဆွဲထားသည်။

    (more…)

  • “တရားမဝင်တဲ့ ရွေးကောက်ပွဲ လူထုအားနဲ့တိုက်ဖျက်ကြ”

    “တရားမဝင်တဲ့ ရွေးကောက်ပွဲ လူထုအားနဲ့တိုက်ဖျက်ကြ”

    ထောင်ချီသည့်လူထုက “ တရားမဝင်တဲ့ ရွေးကောက်ပွဲ လူထုအားနဲ့တိုက်ဖျက်ကြ” ကြွေးကြော်သံများနှင့်အတူဆန္ဒပြ
     
    RNA_ဇန်နဝါရီ(၁၈)၊၂၀၂၃ ခုနှစ်။
    [embedyt] https://www.youtube.com/watch?v=ECTFLCTBIgc[/embedyt]
     
    အာဏာသိမ်းစစ်ကောင်စီကပြုလုပ်မည့် ရွေးကောက်ပွဲကို မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှ ထောင်ချီသည့် လူထုက “ တရားမဝင်တဲ့ ရွေးကောက်ပွဲ လူထုအားနဲ့တိုက်ဖျက်ကြ” စာတန်းများ၊ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများနှင့် ယနေ့ ရေစကြိုမြို့နယ် ကျေးရွာများတွင် လှည့်လည် ဆန္ဒပြခဲ့ကြသည်။
     
    #RedNewsAgency
     

  • “တရားမဝင်တဲ့ ရွေးကောက်ပွဲ လူထုအားနဲ့တိုက်ဖျက်ကြ” ကြွေးကြော်သံများဖြင့် ကလေးလူကြီးအကုန် ဆန္ဒပြ

    “တရားမဝင်တဲ့ ရွေးကောက်ပွဲ လူထုအားနဲ့တိုက်ဖျက်ကြ” ကြွေးကြော်သံများဖြင့် ကလေးလူကြီးအကုန် ဆန္ဒပြ

    RNA_ဇန်နဝါရီ(၁၇)၊၂၀၂၃ ခုနှစ်။

    “တရားမဝင်တဲ့ ရွေးကောက်ပွဲ လူထုအားနဲ့တိုက်ဖျက်ကြ”၊ “ဖက်ဆစ်စစ်တပ်ကို ထွက်ပေါက်မပေးကြေး” စသဖြင့် ကလေး လူကြီးအကုန် လမ်းပေါ်ထွက်ကာ ယနေ့ မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း တနေရာတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြသည်။

    [embedyt] https://www.youtube.com/watch?v=EHcztxJjqIg[/embedyt]

    #RedNewsAgency

  • မဲစာရင်းကောက်သော ထွေအုပ်ဝန်ထမ်း (၄) ဦး ဖမ်းဆီးခံရ

    မဲစာရင်းကောက်သော ထွေအုပ်ဝန်ထမ်း (၄) ဦး ဖမ်းဆီးခံရ

    RNA_ဇန်နဝါရီ(၁၅)၊၂၀၂၃ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ မြောင်မြိုါနယ်တွင် စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲအတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အမျိုးသမီးဝန်ထမ်း (၃)ဦးနှင့် အမျိုးသားဝန်ထမ်း(၁)ဦးတို့ကို စစ်ကိုင်းခရိုင် တပ်ရင်း(၅ ) MRA မှ ယမန်နေ့ (ဇန်ဝါရီလ (၁၄) ရက်)က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

    ” စစ်ကောင်စီကျင်းပပြုလုပ်မည့် အတုအယောင်ရွေး ကောက်ပွဲအတွက် မဲစာရင်းကိစ္စဖြင့်လာရောက်ရာ စစ်ကိုင်းခရိုင် တပ်ရင်း(၅ ) MRA မှ ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ (၄) ဦးအား စစ်ကိုင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့အညီ အပြစ် ပေးအရေးယူနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါ သည်” ဟု NUG ပြည်ထဲရေး ဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ထားသည်။

    ၂၀၂၃ ခုနှစ်အတွင်း အာဏာသိမ်း စစ်ကောင်စီက ဒီမိုကရေစီဟန်ပြ ရွေးကောက်ပွဲကျင်းပမည်ဟု ကြေညာထားပြီး ယခုရက်ပိုင်း အိမ်ထောင်စုစာရင်းနှင့်တိုက်ဆိုင်ပြီး စစ်ကောင်စီလက်အောက်ခံများက မဲစာရင်းကောက်ခံမှုများရှိကြောင်း၊ ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်းအပါအဝင် အခြားမြို့နယ်တို့တွင် လုံခြုံရေးဖြင့် မဲစာရင်းကောက်ခံသည့် စစ်ကောင်စီလက်အောက်ခံများကို တိုက်ခိုက်မှုများ ပြုလုပ်နေကြသည်။

    Red News Agency

  • “တရားမဝင်သည့် အတုယောင်ရွေးကောက်ပွဲ လူထုအားနဲ့ တိုက်ဖျက်ကြ”

    “တရားမဝင်သည့် အတုယောင်ရွေးကောက်ပွဲ လူထုအားနဲ့ တိုက်ဖျက်ကြ”

    RNA_ဇန်နဝါရီ (၁၃)၊၂၀၂၃ ခုနှစ်။

    နွေဦးတော်လှန်ရေး မန္တလေးသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းက “တရားမဝင်သည့် အတုယောင်ရွေးကောက်ပွဲ လူထုအားနဲ့ တိုက်ဖျက်ကြ” ကြွေးကြော်သံဖြင့် စစ်ကောင်စီပြုလုပ်မည့် တရားမဝင် အတုအယောင်ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ပြည်သူများကို အသိပေး ပြောကြားထားခြင်းဖြစ်သည်။

    [embedyt] https://www.youtube.com/watch?v=Kd-35WhzEEI[/embedyt]

    #RedNewsAgency

  • စစ်ကောင်စီကို နိုင်ငံရေးအသာစီးရရန် ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့လို

    စစ်ကောင်စီကို နိုင်ငံရေးအသာစီးရရန် ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့လို

    RNA_ဇန်နဝါရီ (၅)၊ ၂၀၂၃ ခုနှစ်။

    ၂၀၂၃ ခုနှစ် တော်လှန်ရေးအခြေအနေများနှင့် ပတ်သက်ပြီး ဗကသ ဥက္ကဌဟောင်း ဆိုရှယ်ဒီမိုကရက်တစ် ညီညွတ်ရေးတပ်ဦးမှ ကိုကျော်ကျော်ကိုနှင့် မေးမြန်းထားမှုတွင် စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ဆန့်ကျင်မှသာ နိုင်ငံရေးအသားစီးရမှာဖြစ်သည့်အကြောင်းအပါအဝင် တော်လှန်ရေးနှင့် ပတ်သက်သည့် သဘေားထားများကို ပြောကြားထားသည်။

    [embedyt] https://www.youtube.com/watch?v=azaVDG3rxCk[/embedyt]

    #RedNewsAgency