မုံရွာ

မုံရွာ သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် ထောင်ဒဏ် ၅၂ နှစ်ချမှတ်ခံထားရ 

မုံရွာ သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် ထောင်ဒဏ် ၅၂ နှစ်ချမှတ်ခံထားရ 

RNA_မေ(၁၉)၊၂၀၂၃ ခုနှစ်။ စစ်အာဏာရှင်စနစ် ကျန့်ကျင်ရေး မုံရွာလူထုသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ တရားရုံးက ယနေ့ ထောင်ဒဏ် အနှစ် (၂၀) ထပ်မံချမှတ်လိုက်သည့်အတွက် စုစုပေါင်း ထောင်ဒဏ် (၅၂) နှစ်ထိ ချမှတ်ခံထားကြောင်း သိရသည်။ ကိုဝေမိုးနိုင်ကို ယနေ့ (မေလ ၁၉ ရက်)တွင် နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု ပုဒ်မ ၁၂၂ ဖြင့် ထောင်ဒဏ် အနှစ် ၂၀ ချမှတ်လိုက်ကြောင်း၊ မတရားဖမ်းဆီးခံရပြီးနောက် ပုဒ်မ ၅၀၅-က ဖြင့် ၅ မှုဖြင့် ထောင်ဒဏ် (၁၀) နှစ်၊ သဘာဝဘေး ပုဒ်မ ၂၅ ဖြင့် (၂) နှစ်၊ ပုဒ်မ ၃၉၅၊ ၃၉၇…
Read More
ကဗျာဆရာကေဇဝင်းကျဆုံးခြင်း (၂) နှစ်ပြည့် အခမ်းအနားပြုလုပ်

ကဗျာဆရာကေဇဝင်းကျဆုံးခြင်း (၂) နှစ်ပြည့် အခမ်းအနားပြုလုပ်

RNA_မတ်(၃)၊၂၀၂၃ ခုနှစ်။ ကဗျာဆရာကေဇဝင်း ရေးခဲ့သားခဲ့သည့် "ဦးခေါင်းခွံများအကြောင်း" ကဗျာထဲမှ "တော်လှန်ရေးရဲ့စနက်တံဟာ ခများမဟုက်ရင်ကျနော်ပဲ" စာသားကိုကိုင်ဆောင်ပြီး ကဗျာဆရာကေဇဝင်း ကျဆုံးခြင်း (၂) နှစ်ပြည့် အခမ်းအနား ယနေ့ပြုလုပ်ခဲ့ကြောင်း သိရသည်။ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်စစ်ကြောင်းနှင့် ဒေသခံပြည်သူများပူးပေါင်းကာ ယနေ့ ကဗျာဆရာကေဇဝင်းနှင့် ကျဆုံးခဲ့သည့် အာဇာနည်များကို အလေးပြုခြင်းစသည့် စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများ ပြုလုပ်ခဲ့ကြသည်။ (more…)
Read More
မုံရွာမြို့ အထင်ကရနေရာ အချို့တွင် ပြောက်ကျားသပိတ် ပြုလုပ်

မုံရွာမြို့ အထင်ကရနေရာ အချို့တွင် ပြောက်ကျားသပိတ် ပြုလုပ်

RNA_ဒီဇင်ဘာ(၁၃)၊၂၀၂၂ခုနှစ်။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် စစ်ကောင်စီတပ်သားများ၏ အန္တရာယ်ကြားမှ ဗိုလ်ချုပ်ကြေးရုပ်နှင့် မြို့နယ် နေရာအချို့တွင် အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ ယနေ့ နံနက်ပိုင်းက ပြောက်ကျားသပိတ် ပြုလုပ်ကာ စစ်အာရှင်အား ဆန့်ကျင်ဆန္ဒပြခဲ့ကြောင်း သိရသည်။ စစ်အာဏာရှင်စနစ်မလိုမရှိ၊ လုံးဝအုပ်ချုပ်ခွင့်မရစေရ၊ PTT အားသပိတ်မှောက်၊ လိပ်ပြာလုံပါစေ  စသည့် စာသားများဖြင့် ဆန္ဒပြခဲ့ကြကြောင်း Red News Agency ကို သတင်းပေးပို့လာသည်။ #RedNewsAgency
Read More
စစ်ကောင်စီတပ်က PDF အယောင်ဆောင် ဝင်စီးသည့်အတွက် PDF (၉) ဦးကျဆုံး

စစ်ကောင်စီတပ်က PDF အယောင်ဆောင် ဝင်စီးသည့်အတွက် PDF (၉) ဦးကျဆုံး

RNA_အောက်တိုဘာ၂၁၊၂၀၂၂ခုနှစ်။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ရွှေလှံရွာရှိ မုံရွာခရိုင်တပ်ရင်း - ၁၃ (အောင်ဆန်းမျိုးဆက်) ယာယီခေတ္တတည်းခိုရာနေရာကို ယနေ့ နံနက် ၅ နာရီဝန်းကျင်က စစ်ကောင်စီလက်အောက်ခံ (၁၀၀) ဝန်းကျင်က PDF အယောင်ဆောင်ကာ ဝင်စီးသည့်အတွက် ရဲဘော် (၉) ဦး ကျဆုံးခဲ့ရသည်။ (more…)
Read More
မုံရွာ စသုံးလုံးရုံး ပစ်ခတ်ခဲ့သည့် ရုပ်သံ 

မုံရွာ စသုံးလုံးရုံး ပစ်ခတ်ခဲ့သည့် ရုပ်သံ 

RNA_အောက်တိုဘာ(၁၈)၊၂၀၂၂ခုနှစ်။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့ စစ်ကောင်စီလက်အောက်ခံ အထူးစုံစမ်းစစ်ဆေးရေး (စသုံးလုံး) ရုံး ဂိတ်ပေါက်မှာ စောင့်နေသောစစ်ကောင်စီတပ်သားများနှင့် ရုံးတလျှောက်ကို ယနေ့ ( အောက်တိုဘာ ၁၈ ရက်) နံနက် ၁၁ နာရီ ၄၄ မိနစ်ဝန်းကျင်က မုံရွာနတ်ဆိုးအဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရုပ်သံနှင့်တကွ မုံရွာနတ်ဆိုးအဖွဲ့က ထုတ်ပြန်ထားသည်။ Red News Agency
Read More
“အကြမ်းဖက်စစ်တပ်က ပြည်သူတွေ ရဲဘော်တွေကို ခေါင်းတွေချည်း ပစ်သတ်ခဲ့တာကို မမေ့ပါနဲ့” ဟု NPRF တပ်ခွဲမှူးပြော 

“အကြမ်းဖက်စစ်တပ်က ပြည်သူတွေ ရဲဘော်တွေကို ခေါင်းတွေချည်း ပစ်သတ်ခဲ့တာကို မမေ့ပါနဲ့” ဟု NPRF တပ်ခွဲမှူးပြော 

RMA_စက်တင်ဘာ (၁) ရက်၊ ၂၀၂၂ ခုနှစ်။ အာဏာသိမ်း အကြမ်းဖက် စစ်တပ်သည် ပြည်သူများ ရဲဘော်များကို ခေါင်းတွေချည်း ပစ်သတ်ခဲ့သည်ကို မမမေ့ကြရန်နှင့် ဖက်ဒရယ်ပြည်ထောင်စု မတည်ဆောက်နိုင်သေးပါက လက်နက်ချမည်မဟုတ်ကြောင်း NPRF တပ်ခွဲမှူး ကိုဝေလင်းက ပြောကြားထားသည်။ မုံရွာခရိုင် ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း (၂)၊ တပ်ရင်း (၃) အနောက် မြောက်လွင်ပြင် အင်အားစု (Northwest Plain Revolutionary Forces-NPRF)သည် ခက်ခဲသော အခြေအနေအရပ်ရပ်ကြားမှ သီးသန့်အပတ် စဉ် (၂) သင်တန်းဆင်းပွဲနှင့် တပ်ဖွဲ့တည်ထောင်ခြင်း တနှစ်ပြည့်အခမ်းနားတို့ကို ဩဂုတ်လ(၂၉)ရက်နေ့က စိုးမိုးနယ်မြေတနေရာ၌ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့သည်။ စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် ပြည်သူကာကွယ်ရေးတပ်မတော်…
Read More
မြို့သိမ်းတိုက်ပွဲတွေအတွက် ပြင်ဆင်နေ

မြို့သိမ်းတိုက်ပွဲတွေအတွက် ပြင်ဆင်နေ

မြို့ပြစစ်ဆင်ရေးတွေမှာ ဘာအခက်အခဲတွေ ရှိခဲ့လဲ၊ မြို့ပြစစ်ဆင်ရေးဘာကြောင့် စွန့်ခွါခဲ့ရလဲ၊ နယ်မြေသိမ်းတိုက်ပွဲတွေနှင့် မြို့သိမ်းတိုက်ပွဲတွေအတွက် ပြင်ဆင်နေသည်ဟု မြေပြင်အခြေအနေများကို တပ်ခွဲမှူးကိုဝေလင်း​က ပြောပြထားသည်။ " ကျွန်တော်တို့အားလုံး အတူတူစခဲ့ကြတယ် ဒီဟာက၊ ကျွန်တော်တို့ တဖွဲ့တည်းက စခဲ့တာလည်းမဟုတ်ဘူး၊ ကျွန်တော်တို့ သမဂ္ဂကတဖွဲ့တည်းက စခဲ့လို့ ဖြစ်တာလည်း မဟုတ်ဘူး၊ ဘယ်သူစခဲ့လို့ ဖြစ်ခဲ့တာလည်းမဟုတ်ဘူး၊ အားလုံးက ဒီလမ်းကို မတရားမှုကို တွန်းလှန်မယ်ဆိုပြီး ရွေးချယ်ခဲ့ကြတဲ့ လမ်းဖြစ်တယ်၊ စခဲ့ပြီးမှတော့ အားလုံးအဆုံးထိ ပါဝင်စေချင်ပါတယ်" ဟု NPRF တပ်ခွဲမှူး ကိုဝေလင်းက ပြည်သူများကို အမှာစကားပါးထားသည်။ " ကျွန်တော်တို့အနေနဲ့ စွန့်လွှတ်ခဲ့တယ်၊ ကျွန်တော်တို့ရဲ့ အလုပ်တွေ ကျွန်တော်တို့ရဲ့ ကျောင်းတွေ ဒါတွေကို စွန့်လွှတ်ခဲ့တယ်၊ ဒီကိစ္စတွေကို…
Read More
PDF များ ဝန်းရံခဲ့သည့် ယနေ့ ကျေးရွာပေါင်းစုံ လူထုသပိတ်စစ်ကြောင်း

PDF များ ဝန်းရံခဲ့သည့် ယနေ့ ကျေးရွာပေါင်းစုံ လူထုသပိတ်စစ်ကြောင်း

RNA_ဖေဖော်ဝါရီ ၆ ရက်၊ ၂၀၂၂ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ PDF များဝန်းရံပြီး မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ၊ အနောက်မြောက်လွင်ပြင်ဒေသရှိ လက်ပံတောင်းတောင်ပင်မသပိတ်စစ်ကြောင်းနှင့် ရွာပေါင်းစုံပင်မသပိတ်စစ်ကြောင်းတို့ပူးပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်စစ်ကြောင်းဖြင့် ယနေ့ ကျေးရွာများအတွင်း လှည့်လည်ဆန္ဒပြခဲ့ကြောင်း သိရသည်။     Red News Agency
Read More
NUG ရုပ်သံတင်ဆက်သူ ကိုအောင်နေမျိးကို ဖမ်းဆီးမရလို့ မိသားစုဝင်တွေကို ဓားစာခံအဖြစ်ဖမ်းဆီး

NUG ရုပ်သံတင်ဆက်သူ ကိုအောင်နေမျိးကို ဖမ်းဆီးမရလို့ မိသားစုဝင်တွေကို ဓားစာခံအဖြစ်ဖမ်းဆီး

RNA_ဇန်နဝါရီ ၁ ရက်၊ ၂၀၂၂ ခုနှစ်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG၏ PVTV ရုပ်သံအစီစဉ် " တပ်ပျက်လုလု ဖိုးတက်ပု" သရော်စာကဏ္ဍ တင်ဆက်သူ ကိုအောင်နေမျိုး၏ ကျန်းမာရေးမကောင်းသည့် ဖခင်အပါအဝင် မိသားစု (၅) ဦး ဓားစာခံအဖြစ် ဖမ်းဆီးခံထားရသည်။ စစ်ကောင်စီတပ်က ကိုအောင်နေမျိုးကို ဖမ်းဆီးမရသည့်အတွက် ဓားစာခံအဖြစ် လေဖြတ်နေသည့် ဖခင်၊ မိခင်၊ အစ်မ နှစ်ယောက်နှင့် တူမ တို့ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့ဖမ်းဆီးသွားကြောင်း၊ မိသားစုဝင်များ အဖမ်းခံရသည့်ကိစ္စနှင့် ပတ်သက်ပြီး လူမဆန်သည့် လုပ်ရပ်ဖြစ်ကြောင်း ကိုအောင်နေမျိုးက ပြောကြားထားသည်။ Red News Agency
Read More