02
Feb
RNA_ ဖေဖော်ဝါရီ(၂)၊၂၀၂၆ခုနှစ်။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးတာဝန်ခံသည် မြို့နယ်အတွင်း Boycott ကုန်စည်မဟုတ်သည်များကို သိမ်းဆည်းခြင်း၊ တစ်ချို့ လူဖမ်းဆီးမှုတွင်လည်း လုပ်ပိုင်ခွင့်ကျော်လွန်လုပ်ဆောင်ခြင်းစသည်တို့ကို လုပ်ဆောင်နေကြောင်း သိရသည်။ ကန့်ဘလူမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးတာဝန်ခံ မဲခေါင်သည် ၂၀၂၄ ခုနှစ်အတွင်းက မုဒိမ်းမှုဖြစ်စဉ်အတွင်း ဖမ်းဆီးခံရပြီး တာဝန်မှ ရပ်နားသွားကြောင်း၊ နောက်တက်လာသည့် တာဝန်ခံသည် ကန့်ဘလူမြို့နယ် PDF တပ်ရင်းတစ်ခုမှ တပ်ရင်းမှူး တစ်ဦးနှင့် ညီအစ်ကိုတော်ကြောင်း၊ တစ်ချို့သော မြို့နယ်အတွင်း ကိစ္စများကို ဝန်ကြီးဌာနများကို အသိပေးခြင်းမရှိဘဲ ညီအစ်ကိုတော်သည့် တပ်ရင်းမှူးနှင့်ပေါင်းပြီး လုပ်ဆောင်မှုများရှိသည်ဟုလည်း ဒေသခံများထံမှ သိရသည်။ (more…)
