တော်လှန်ရေးသမား

အညာ မရှိရင် NUG ဘယ်လိုခရီးဆက်မလဲ…?

အညာ မရှိရင် NUG ဘယ်လိုခရီးဆက်မလဲ…?

“အညာရဲ့လက်နက်ကိုင်အဖွဲ့ အားလုံးနီးပါးက ကိုယ့်နည်းကိုယ့်ဟန်နဲ့ သေနတ်ဝယ်ပြီး စစ်အာဏာရှင်ကို ကိုယ်ထူးကိုယ်ချွန်တိုက်ခိုက်နေကြတဲ့ တော်လှန်ရေးသမားတွေ” ရန်နိုင် အညာဒေသမှာ စစ်ကောင်စီတပ်တွေ နောက်ဆုတ်သွားချိန်မှာ ရွာသူ၊ရွာသား တွေသာမက တော်လှန်ရေး တပ်ဖွဲ့တွေလည်း လွတ်လွတ်လပ်လပ် သွားလာနိုင်တဲ့ စိုးမိုးနယ်မြေ ပိုများလာခဲ့ပြီဖြစ်ပါတယ်။ စစ်ကောင်စီ လက်လှမ်းမမှီတော့တဲ့ ကျေးရွာတွေမှာလည်း M4 ကိုင်နိုင်တဲ့ ပ.က.ဖ အဖွဲ့ဝင်တွေက ဒေသတွင်း တန်ခိုးထွားနေပြီး ဆိုင်ကယ်တစီးနဲ့သွားလိုရာကို သေနတ်ကိုင်ပြီးလျှောက်သွားလေ့ရှိကြောင်း ဝက်လက်မြို့ လက်လုပ်မိုင်း ထုတ်လုပ်ရေးအဖွဲ့မှ ထုတ်လုပ်ရေးတာဝန်ခံ ကိုမိုက်က ယ်(အမည်လွှဲ) က ပြောပြခဲ့ပါတယ်။ ဒေသခံပြည်သူတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ၊ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေအားလုံးက စစ်ကောင်စီက ဖြတ်တောက်ထားတဲ့ အင်တာနက်အစား Starlink သုံးပြီး ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးတွေ လုပ်ဆောင်ကြရပါတယ်။…
Read More
မေတ္တာနှောင်ကြိုး

မေတ္တာနှောင်ကြိုး

သောကတွေ ပွေ့ပိုက်ထားတဲ့ ကျမ ည’ညဆို အိပ်လို့ မရ၊ ခွေးဟောင်သံကြားတိုင်း ထ’ထကြည့်ရ၊ ငါ့များ လာဖမ်း သလားပေါ့။ ဒီကြားထဲ သူ့အတွက် စိတ်ပူရ၊ သူ့အဖေက သူ့သားအတွက် ဂုဏ်ယူ မဆုံးပေါ့ ငြိမ်းစု ကျမတို့ အိမ်ထောင်သက်တမ်း သုံးနှစ်ကျော် လေးနှစ်နည်းပါးမှာ သူအိမ်ကပျောက်သွားတယ်။ တခါတုံးက သူကို နိုင်ငံရေး လုပ်လို့ လာဖမ်းကြတော့ ကျမ ရှိနေတယ်။ သူ့ကို လာဖမ်းကြစဉ်က ကျမတို့ အိမ်ထောင်သက် တနှစ်ခွဲဘဲ ရှိသေးတယ်။ ခဏဆိုပြီး ခေါ်သွားလိုက်တာ တနှစ်ကျော်မှ အိမ်ပြန် ရောက်လာတယ်။ ၉၀ ရွေးကောက်ပွဲပြီးတော့ တခါ ပြေးရ ပုန်းရ ပြန်တယ်။ ကျမ နောက်ဆုံး…
Read More