မြို့သိမ်းတိုက်ပွဲ

ကျေးလက်ကိုသိမ်း မြို့ပြကိုဝိုင်းတော့မလား

ကျေးလက်ကိုသိမ်း မြို့ပြကိုဝိုင်းတော့မလား

ကာကွယ်ရေးတပ်ဖွဲ့ အင်အားစုဖွဲ့မှုတွေ အမိန့်နာခံမှုတွေလည်း တိုးတက်လာပြီး စခန်းသိမ်း မစ်ရှင်များစွာ ဖော်ဆောင်ထားနိုင်တယ် ကျော်ရဲစံ စစ်ကောင်စီရဲ့ အထိနာမှုနဲ့အတူ နိုင်ငံတဝှမ်း ကာကွယ်ရေးအဖွဲ့တွေရဲ့ ထိုးစစ်တွေမြင့်မားလာလျက်ရှိပါတယ်။ တိုက်ဆိုင်မှုတစ်ခုတော့ မဟုတ်ပါဘူး။ လူထုလှုပ်ရှားမှုတွေ အရှိန်ဟုန်မြင့်မားလာခြင်းနဲ့အတူ လက်နက်ကိုင်တော်လှန်ရေးဟာလည်း အဆင့်တန်း တစ်ခုထက်ပိုပြီးရောက်လာခဲ့တာပါ။ တိုင်းပြည်တစ်ခုလုံးရဲ့ နယ်မြေ ၆၀ ရာခိုင်နှုန်းကျော်ကို စိုးမိုးထားနိုင်တဲ့ ကာကွယ်ရေးအဖွဲ့တွေရဲ့ မြို့ပြ စစ်ဆင်ရေးတွေဟာလည်း နေ့စဉ်နဲ့အမျှ မြင်တွေ့နေရပါတယ်။ သြဂုတ်လ တစ်လတည်းမှာပင် မိုးကုတ် မြို့ပေါ်ကစခန်းတွေကို ကာကွယ်ရေးအဖွဲ့တွေက အေးဆေးတည်ငြိမ်စွာတိုက်ခိုက်ခဲ့ပါတယ်။ ဒါဟာ ပထမဆုံးအကြိမ်မဟုတ်ဘူးလို့ Red Wolves Of Mogok က တာဝန်ရှိသူတစ်ဦးက ဖြေကြားထားပြီးတော့ အချိန်မရွေးမြို့ကို သိမ်းနိုင်ပေမဲ့ ပြည်သူတွေစစ်ဘေးဒဏ်ခံရမှာကြောင့် မြို့သိမ်းတိုက်ပွဲ မဆင်နွှဲတာလို့…
Read More