သိန္နီမြို့သိမ်းတိုက်ပွဲတွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ ရဲဘော် ၁၂ ဦးကျဆုံးခဲ့ရ

RNA_ဇန်နဝါရီ(၁၆)၊၂၀၂၄ခုနှစ်။

ညီနောင်မဟာမိတ် (၃) ဖွဲ့နှင့်အတူ ၁၀၂၇ စစ်ဆင်ရေးတွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA ရဲဘော်များလည်း ပူးပေါင်းပါဝင်တိုက်ပွဲဝင်ခဲ့ပြီး သိန္နီမြို့သိမ်းတိုက်ပွဲအတွင်း PLA ရဲဘော် ၁၂ ဦးကျဆုံးခဲ့ရသည်။

သိန္နီမြို့သိမ်းတိုက်ပွဲအတွင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ ရဲဘော် သခွား၊ ရဲဘော်ဇနက္က၊ ရဲဘော်ဂျစ်ဂျစ်၊ ရဲဘော်သုခ၊ ရဲဘော်မိုးအောင်၊ ရဲဘော်ကောင်းကင်၊ ရဲဘော်သူရ၊ ရဲဘော်ဝက်သိန်း၊ ရဲဘော်စိန်လွင်၊ ရဲဘော်ဝကြီး၊ ရဲဘော်ကျားလေးနှင့် ရဲဘော်အောင်ဆန်းတို့ တိုက်ပွဲအတွှု်း ဂုဏ်ရောင်ပြောင်စွာ ကျဆုံးခဲ့ရသော အာဇာနည်ရဲဘော်များအား “သိန္နီတိုက်ပွဲအာဇာနည်” များအဖြစ် မှတ်တမ်းတင်ဂုဏ်ပြုထားသည်။

 

၁၀၂၇ စစ်ဆင်ရေးစသည့်နေ့မှာပင် သိန္နီမြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့ကြပြီး စကဖ ၁၆ အပါအဝင် သိန္နီမြို့နယ်တခုလုံးကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့ နံနက် ၉ နာရီတွင် အားလုံးကို အပြီးတိုင်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ သိန္နီမြို့သိမ်းတိုက်ပွဲသည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ ကြီးမားသော စစ်ရေးအောင်မြင်မှုဖြစ်ပြီး ခြေလက်အင်္ဂါဆုံးရှုံးခဲ့သော ပြည်သူ့လွတ်မြောက်ရေးရဲဘော်များအား “သိန္နီသူရဲကောင်း” များအဖြစ် သတ်မှတ်ပြီး အလေးအနက် ချီးကျူးဂုစ်ပြုပါသည်ဟု PLA ကထုတ်ပြန်ထားသည်။


#RedNewsAgency

By Editor