မြို့သိမ်းတိုက်ပွဲ

ဒီပဲယင်းမြို့တိုက်ပွဲတွင် အချုပ်သား (၂၀) ဦးနှင့် ပြည်သူ ၇၀ ကျော်ကို ကယ်ထုတ်နိုင်ခဲ့

ဒီပဲယင်းမြို့တိုက်ပွဲတွင် အချုပ်သား (၂၀) ဦးနှင့် ပြည်သူ ၇၀ ကျော်ကို ကယ်ထုတ်နိုင်ခဲ့

RNA_ဩဂုတ်(၂၁)၊၂၀၂၄ ခုနှစ်။   စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့တွင်း တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၈ ဦးသေဆုံးပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော် (၄) ဦးကျဆုံးခဲ့ရကာ အချုပ်သား (၂၀) ဦးနှင့် ပြည်သူ ၇၀ ကျော်ကိုယ် ကယ်ထုတ်နိုင်ခဲ့သည်ဟု အမှတ် (၁) စစ်ဒေသက ထုတ်ပြန်ထားသည်။   ဩဂုတ်လ ၁၈ ရက်နေ့က ဒီပဲယင်းမြို့တွင်းရှိ စစ်ကောင်စီတပ်သားများ တပ်စွဲထားသော ရဲစခန်း၊ ထွေအုပ်ရုံး၊ ဝန်ထမ်းအိမ်ရာ၊ ရွှေဇာလီဘုရား၊ စာရင်းစစ်ရုံး၊ ဇွဲစားသောက်ဆိုင်နှင့် အထက ကျောင်းတို့အား တိုက်ခိုက် သိမ်းပိုက်ခြင်းဖြစ်ပြီးနောက် မြို့တွင်းပိတ်မိနေသည့် ပြည်သူများနှင့် ဖမ်းဆီးခံထားရသည့် အချုပ်သားများကို ကယ်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ (more…)
Read More
ဒီပဲယင်းမြို့သိမ်းခံရပြီးနောက် စစ်ကောင်စီတပ် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ပြန်ဆင်နေ

ဒီပဲယင်းမြို့သိမ်းခံရပြီးနောက် စစ်ကောင်စီတပ် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ပြန်ဆင်နေ

RNA_ဩဂုတ်(၁၈)၊၂၀၂၄ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ကို ယနေ့ နံနက်ပိုင်းတွင် တော်လှန်ရေးအင်အားစုများက တိုက်ခိူက်သိမ်းပိုက်နိုင်ခဲ့သော်လည်း ညနေပိုင်းတွင် စစ်ကောင်စီတပ်မှ လေကြောင်းအသုံးပြုပြီး အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေသည့်အတွက် ယနေ့ည မြန်မာစံတော်ချိန် (၆) နာရီ (၃၀) မိိစ်ခန့်အထိ တိုက်ပွဲပြင်းထန်နေကြောင်း Anyar Defense Force ထံမှ သိရသည်။ ယမန်နေ့ နံနက်ပိုင်းတွင် တော်လှန်ရေးအင်အားစုများက ဒီပဲရင်းမြို့ရှိ စစ်ကောင်စီတပ်စွဲထားသော ရဲစခန်း၊ ထွေအုပ်ရုံး၊ တရားရုံးနှင့် ဝန်ထမ်းအိမ်ယာစသည်တို့ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ စစ်ကောင်စီတပ် အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာနေသည့်အတိုက် မြို့မပျက်စီးရေးအတွက် တော်လှန်ရေးအင်အားများ ယာယီပြန်ဆုတ်ရနိုင်သည့် အခြေအနေ ဖြစ်ပေါ်နေသည်ဟု တိုက်ပွဲဝင် ရဲဘော်တချို့ထံမှ သိရသည်။ #RedNewsAgency #RNA
Read More
တကောင်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ (၆၄) ဦးသေဆုံးပြီး (၂၀) ဦးအရှင်ဖမ်းခံရ

တကောင်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ (၆၄) ဦးသေဆုံးပြီး (၂၀) ဦးအရှင်ဖမ်းခံရ

RNA_ဩဂုတ်(၁၄)၊၂၀၂၄ ခုနှစ်။   မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့အား ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်မှုအတွင်း စစ်ကောင်စီဘက်မှ (၆၄)ဦးသေဆုံးကာ (၂၀) ဦးအရှင်ဖမ်းဆီးခံခဲ့ရသည်ဟု အမှတ် (၁) စစ်ဒေသ (စစ်ကိုင်း) ထံမှ သိရသည်။   တကောင်းမြို့ရှိ စစ်ကောင်စီလက်အောက်ခံများတပ်စွဲထားသော ထွေအုပ်ရုံး၊ ဆေးရုံ၊ ရဲစခန်းနှင့် လေးမျက်နှာဘုရားနေရာများကို ဩဂုတ်လ ၁၁ ရက်နေ့မှစတင်တိုက်ခိုက်ခဲ့ရာ ဩဂုတ်လ ၁၂ ရက်နေ့တွင်အပြီးသတ်သိမ်းပိုက်တိုက်ခိုက်နိုင်ခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှ (၆၄) ဦး သေဆုံးပြီး (၂၀) ဦး ဖမ်းဆီးရမိခဲ့ကြောင်း၊ လက်နက်မျိုးစုံ (၈၃) လက်၊ ကျည်မျိုးစုံ (၁၄၀၀၀) ကျော်၊ ဗုံးသီးမျိုးစုံ (၁၃၀) ခန့် သိမ်းဆည်းရမိပြီးခဲ့ကြောင်း၊ တော်လှန်ရေးအင်အားစုများဘက်မှ…
Read More
မိုးကုတ်မြို့သိမ်းတိုက်ပွဲတွင် မန္တလေး PDF ဒရုန်းတပ်ဖွဲ့ ပူးပေါင်းပါဝင်ခဲ့

မိုးကုတ်မြို့သိမ်းတိုက်ပွဲတွင် မန္တလေး PDF ဒရုန်းတပ်ဖွဲ့ ပူးပေါင်းပါဝင်ခဲ့

RNA_ဇူလိုင်(၂၅)၊၂၀၂၄ ခုနှစ်။   မန္တလေးတိုင်း၊ မိုးကုတ်မြို့သိမ်းတိုက်ပွဲတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ဦးဆောင်သော မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ၏ ဒရုန်းတပ်ဖွဲ့ရဲဘော်များသည် ဟန်ချက်ညီညီ လက်တွဲ၍ စစ်ဆင်ရေးများကို ဖော်ဆောင်ခဲ့နိုင်ကြောင်း သိရသည်။ (more…)
Read More
မိုးကုတ်မြို့သိမ်းတိုက်ပွဲအတွင်း အတွဲလိုက်ပစ်ဒုံးလက်နက်ကြီးပါအဝင် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

မိုးကုတ်မြို့သိမ်းတိုက်ပွဲအတွင်း အတွဲလိုက်ပစ်ဒုံးလက်နက်ကြီးပါအဝင် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

RNA_ဇူလိုင်(၂၅)၊၂၀၂၄ ခုနှစ်။   မန္တလေးတိုင်း၊ မိုးကုတ်မြို့သိမ်းတိုက်ပွဲကာလအတွင်း စစ်ကောင်စီ၏ အတွဲလိုက်ပစ်ဒုံး လက်နက်ကြီးအပါအဝင် လက်နက်မျိုးစုံ (၇၃)လက်၊ 120 MM (၂)လက်၊ 60 MM (၁၁)လက်၊ 81 MM (1)လက်၊ ငဂျင်းမီး (၃) လက်၊ ပွိုင့်ဖိုက် (၁)လက်၊ RPG (၂)လက်၊ ဂျမ်းပါ (၁)စုံ၊ တွဲလိုက်ဒုံး(၄လုံးတွဲ) (၁)လက်၊ မိုင်း၊ ခဲယမ်းမျိုးစုံနှင့် စစ်အသုံးအဆောင် ပစ္စည်းများ သိမ်းဆည်းရမိသည်ဟု TNLA က ယနေ့ ထုတ်ပြန်ထားသည်။ (more…)
Read More
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAAနှင့် မဟာမိတ်များ တိုက်ခိုက်သိမ်းပိုက်

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAAနှင့် မဟာမိတ်များ တိုက်ခိုက်သိမ်းပိုက်

RNA_ဇူလိုင်(၂၅)၊၂၀၂၄ ခုနှစ်။   ရှမ်းမြောက်၊ လားရှိုးမြို့၊ အကြမ်းဖက်စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA နှင့်မဟာမိတ်များက ယနေ့ (ဇူလိုင် ၂၅ ရက်) နံနက် ၄ နာရီခန့်က အလုံးစုံ သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း MNDAA က ကြေညာထားသည်။   "၂၃ ရက်ကြာ တိုက်ပွဲများ ဖြစ်ပွားပြီးနောက် MNDAAတပ်မတော်မှ လားရှိုးမြို့ အရှေ့မြောက်စစ်ဒေသ ဌာနချုပ်ကို ဇူလိုင် ၂၅ ရက် နံနက် ၄ နာရီတွင် လုံးဝ သိမ်းပိုက်နိုင်ခဲ့သည်။ လားရှိုးမြို့ကို လုံး၀ လွတ်မြောက်ကြောင်း MNDAAတပ်၏ ရှေ့တန်းစစ်ဌာနချုပ်က ကြေညာသည်။ လားရှိုးမြို့ လွတ်မြောက်ရေး တော်လှန်ရေး လှုပ်ရှားမှုသည် သမိုင်းဝင်အောင်ပွဲတစ်ခု ဖြစ်သည်"…
Read More
မိုးကုတ်မြို့သိမ်းနိုင်ခဲ့သည့် တော်လှန်ရေးရဲဘော်များကို ပြည်သူများ ဝမ်းသာအားရကြိုဆို

မိုးကုတ်မြို့သိမ်းနိုင်ခဲ့သည့် တော်လှန်ရေးရဲဘော်များကို ပြည်သူများ ဝမ်းသာအားရကြိုဆို

RNA_ဇူလိုင်(၂၄)၊၂၀၂၄ ခုနှစ်။ မိုးကုတ်မြို့ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို ရှင်းလင်းနိုင်ခဲ့ပြီးနောက် မြို့ရှိပြည်သူများက တော်လှန်ရေးရဲဘော်များကို ယနေ့ ဝမ်းသာအားရကြိုဆိုခဲ့ကြကြောင်း သိရသည်။ ၁၀၂၇ စစ်ဆင်ရေးအပိုင်း (၂) (၃၀)ရက်မြောက် မိုးကုတ်မြို့ရှိ စစ်ကောင်စီတပ်စခန်း အားလုံးတို့ကို တအာင်းတပ်မတော် TNLA မှ ယနေ့ ညနေ (၅) နာရီတွင် ရှင်းလင်းချေမှုန်း သိမ်းပိုက် နိုင်ခဲ့ကြောင်း၊ မိုးမိတ်မြို့ စစ်ကောင်စီ လက်ကျန် တပ်စခန်းတစ်ခုဖြစ်သည့် မိုးမိတ်ဗျူဟာကုန်ုးကို ယနေ့ နေ့လည် (၁၂) နာရီအချိန်တွင် တအာင်းတပ်မတော် TNLA မှ တိုက်ခိုက်ခဲ့ကြောင်း၊ နောင်ချိုမြို့နယ်တွင်လည်း တိုက်ပွဲဆက်လက်ဖြစ်နေသည်ဟု TNLA က ထုတ်ပြန်ထားသည်။ #RedNewsAgency
Read More
မန္တလေးတိုင်းအတွင်း ပထမဆုံး စဉ့်ကူးမြို့ကို သိမ်းနိုင်ခဲ့ပြီဟု မန္တလေး PDF ကြေညာ

မန္တလေးတိုင်းအတွင်း ပထမဆုံး စဉ့်ကူးမြို့ကို သိမ်းနိုင်ခဲ့ပြီဟု မန္တလေး PDF ကြေညာ

RNA_ဇူလိုင်(၂၀)၊၂၀၂၄ ခုနှစ်။   မန္တလေးတိုင်းအတွင်းမှ စဉ့်ကူးမြို့ရှိ စစ်ကောင်စီလက်အောက်ခံများကို တိုက်ထုတ်ပြီး စစ်ကောင်စီကင်းစင်သည့် ပထမဆုံးမြို့အဖြစ် ဇူလိုင် (၁၇) ရက်နေ့ကတည်းက အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပြီဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ကယနေ့ ပြည်သူများကို အသိပေးထားသည်။   "ယခုအခါ စဉ့်ကူးမြို့နယ်သည် စစ်ကောင်စီ ကင်းစင်သော မြို့နယ်တစ်ခုဖြစ်လာပြီး စဉ့်ကူးမြို့သည်လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) မှ မန္တလေးတိုင်းအတွင်း ပထမဆုံးသိမ်းယူသော မြို့အဖြစ် သမိုင်းမှတ်တမ်းတင်နိုင်ခဲ့ပြီဖြစ်သည်" ဟု မန္တလေး PDF ကထုတ်ပြန်ထားသည်။ (more…)
Read More
၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းတွင် ပထမဆုံး နောင်ချိုမြို့ကို သိမ်းပိုက်

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းတွင် ပထမဆုံး နောင်ချိုမြို့ကို သိမ်းပိုက်

RNA_ဇူလိုင်(၁၀)၊၂၀၂၄ ခုနှစ်။ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း ယနေ့ (၁၆) ရက်မြောက်နေ့တွင် စစ်ကောင်စီကင်းစင်သည့် ပထမဆုံးမြို့အဖြစ် နောင်ချိုမြို့ကို PSLF/TNLA နှင့် MDY PDF ပူးပေါင်းတပ်ဖွဲ့တို့က သိမ်းပိုက်နိုင်လိုက်ပြီဖြစ်ကြောင်း သိရသည်။ ရှမ်းမြောက် သီပေါမြို့နယ်၊ နောင်ချိုမြို့နယ်၊ ကျောက်မဲမြို့နယ်တို့တွင် မြို့ပေါ်အထိ PSLF/TNLA နှင့် MDY PDF ပူးပေါင်းတပ်ဖွဲ့များ စိုးမိုးထားနိုင်ခဲ့သော်လည်း မြို့အနီးဝန်းကျင်ရှိစခန်းများကို နေ့စဉ်တိုက်ခိုက်နေပြီး ယနေ့ နေ့လယ် (၃) နာရီခန့်က နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီလက်ကျန် တပ်စခန်း ဒုံးတရ (၆၀၆) ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း TNLA ကထုတ်ပြန်ထားသည်။ (more…)
Read More
လားရှိုးမြို့နေ ပြည်သူများ မြို့ကိုစွန့်ခွါနေကြ

လားရှိုးမြို့နေ ပြည်သူများ မြို့ကိုစွန့်ခွါနေကြ

RNA_ဇူလိုင်(၈)၊၂၀၂၄ ခုနှစ်။   လားရှိုးမြို့အနီးဝန်းကျင်တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်လေကြောင်းပစ်ခတ်မှုများပါ ပြုလုပ်နေသည့်အတွက် မြို့နေပြည်သူများသည် စစ်ဘေးရှောင်ရန် မြို့ကိုစွန့်ခွါသူ များလာသည့်အတွက် ယနေ့နံနက်ပိုင်း လမ်းပိတ်နေသည့်အခြေအနေထိ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။   "အရင်ရက်တွေထက် ဒီနေ့မနက်ကတော့ တော်တော်များတယ်။ ကားလမ်းမကြီးပါ ပိတ်နေတဲ့အထိိဖြစ်သွားတယ်။ မြို့ထဲမှာတော့ လူတွေက ကျန်ပါသေးတယ် ဒါပေမဲ့ ထွက်တဲ့သူက တရက်ထက် တရက်ပိုများလာပြီ။ တချို့ကတော့ အိမ်တွေ သော့ခတ်ပြီးထွက်သွားတာ တချို့ကလည်း အိမ်စောင့်ချန်ခဲ့တယ်။ မထွက်နိုင်သေးတဲ့ သူတွေလည်း ရှိသေးတယ်" ဟု လားရှိုးမြို့ခံတဦးက Red News Agency ကို ယနေ့နံနက်ပိုင်းက ပြောကြားထားသည်။ (more…)
Read More