မကွေးတိုင်

NUG ဝန်ကြီးဌာနများအနေဖြင့် ပုဂ္ဂိုလ်စွဲဖြင့် အလုပ်လုပ်နေမှုများ မကြိုက်ကြောင်း ဆန္ဒပြသူများပြောကြား

NUG ဝန်ကြီးဌာနများအနေဖြင့် ပုဂ္ဂိုလ်စွဲဖြင့် အလုပ်လုပ်နေမှုများ မကြိုက်ကြောင်း ဆန္ဒပြသူများပြောကြား

RNA_ဒီဇင်ဘာ(၃၀)၊၂၀၂၃ခုနှစ်။   မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်အရေးအဖွဲ့ ပြန်လည်ဖွဲ့စည်းမည့်အရေးနှင့် မြို့နယ်ပြင်ပမှ ဝင်ရောက်စွက်ဖက်နေမှုများ အလိုမရှိကြောင်း၊ NUG ဝန်ကြီးဌာများအနေဖြင့် ပုဂ္ဂိုလ်စွဲဖြင့် အလုပ်လုပ်နေမှုများ မကြိုက်ကြောင်း စသည်တို့ကို ဒီဇင်ဘာ ၂၈ ရက်နေ့က ဂန့်ဂေါမြို့နယ်အတွင်း ဆန္ဒပြသူများကိုယ်စား ဦးဆောင်သူက ပြောကြားထားသည်။ Red News Agency
Read More
မကွေးတိုင်းက စစ်ရေးနိုင်ငံရေးအခြေအနေ ဘာတွေဖြစ်ပြီး ဘာတွေထူးနေပြီလဲ

မကွေးတိုင်းက စစ်ရေးနိုင်ငံရေးအခြေအနေ ဘာတွေဖြစ်ပြီး ဘာတွေထူးနေပြီလဲ

RNA_ဒီဇင်ဘာ(၈)၊၂၀၂၃ခုနှစ်။   မကွေးတိုင်းအတွင်းမှာ စစ်ကောင်စီ၏ စစ်ရေးပြင်ဆင်မှုများနှင့် ဖက်ဒရယ်ကိစ္စအပါအဝင် စစ်ရေး နိုင်ငံရေး ထူးခြားလာသည့် အပြောင်းအလဲများနှင့် ပတ်သက်ပြီး မကွေးသား တော်လှန်ရေးသမား ကိုချစ်ဝင်းမောင်က ရှင်းပြထားသည်။   #RedNewsAgency
Read More
စခန်းသိမ်းတိုက်ပွဲများနဲ့ တန်ပြန်ထိုးစစ်ဆင်တိုက်ပွဲများ အညာမှာ မကြာခင် စတော့မယ်

စခန်းသိမ်းတိုက်ပွဲများနဲ့ တန်ပြန်ထိုးစစ်ဆင်တိုက်ပွဲများ အညာမှာ မကြာခင် စတော့မယ်

RAN_ဒီဇင်ဘာ(၂)၊၂၀၂၃ခုနှစ်။ "လက်နက်ခဲယမ်းနည်းပါးနေတဲ့ မပြည့်စုံတဲ့လက်လုပ်တွေနဲ့ တိုက်နေရတဲ့အညာဒေသမှာလည်း ကျွန်တော်တို့ နိုင်တဲ့ဘက်က ကျွန်တော်တို့ လုပ်ဆောင်နိုင်တာထက်ပိုပြီး​တော့ အစွမ်းကုန် ကျွန်တော်တို့ ကြိုးစားပြီးတော့ ဒီစကစတပ်သားတွေကို အမြစ်ပြတ်တိုက်ထုတ်တော့မှာဖြစ်ပါတယ်။ ကျွန်တော်တို့ ခုခံစစ်ကနေတဆင့် တန်ပြန်တိုက်စစ် တန်ပြန်တိုက်စစ်ကနေတဆင့် ကျွန်တော်တို့ အခုဆိုရင် စခန်းသိမ်းတိုက်ပွဲတွေ ဒီကောင်တွေကို တန်ပြန်ထိုးစစ်မဲ့ ထိုးစစ်ဆင်တိုက်ပွဲတွေ ကျွန်တော်တို့ အညာမှာ မကြာခင် စတော့မှာ ဖြစ်ပါတယ်" ဟု Myingyan Black Tiger (MBT) အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောကြားထားသည်။ #RedNewsAgency
Read More
စစ်ကောင်စီ၏ အမှတ် ၂၀ ကာကွယ်ရေးပစ္စည်းစက်ရုံကို MH-60R Rocket အလုံး ၂၀ ပစ်ခတ်ခဲ့

စစ်ကောင်စီ၏ အမှတ် ၂၀ ကာကွယ်ရေးပစ္စည်းစက်ရုံကို MH-60R Rocket အလုံး ၂၀ ပစ်ခတ်ခဲ့

RNA_ဒီဇင်ဘာ(၁)၊၂၀၂၃ ခုနှစ်။ မကွေးတိုင်းအခြေစိုက် လူထုတော်လှန်ရေးမဟာမိတ်အင်အားစု - PRA Magway နှင့် Z-Fighter တို့ပူးပေါင်းပြီး စေတုတ္တရာမြို့နယ်အခြေစိုက် စစ်ကောင်စီ၏ အမှတ် (၂၀) ကာကွယ်ရေးပစ္စည်းစက်ရုံကို ယမန်နေ့ ( နီုဝင်ဘာ ၃၀ ရက်) က MH-60R Rocket အလုံး ၂၀ ဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။   အမှတ် (၂၀) ကာကွယ်ရေးပစ္စည်းစက်ရုံအတွင်း ပစ်ခတ်မှုတွင် စက်ရုံအဆောက်အဦများအတွင်း ကျရောက်ပေါက်ကွဲပြီး ယနေ့( ဒီဇင်ဘာ ၁ ရက်)အထိ ယမ်းသိုလှောင်ရုံ မီးလောင်နေကြောင်း၊ ထိခိုက်ကျဆုံးမှုနှင့် အဆောက်အဦပျက်စီးမှုကို အသေးစိတ်စုံစမ်းနေကြောင်း၊ ယင်းတိုက်ခိုက်မှုကို မဟာဗျူဟာမြောက်ပစ်မှတ်များ ချေမှုန်းတိုက်ခိုက်ဖြစ်ကြောင်း PRA Magway ကထုတ်ပြန်ထားသည်။ #RedNewsAgency
Read More
ပြည်သူချစ်သည့် PDF အနေဖြင့် နိုင်ကိုနိုင်ရမည်ဆိုသည့် စိတ်ဖြင့် တိုက်ပွဲဝင်နေ

ပြည်သူချစ်သည့် PDF အနေဖြင့် နိုင်ကိုနိုင်ရမည်ဆိုသည့် စိတ်ဖြင့် တိုက်ပွဲဝင်နေ

RNA_နိုဝင်ဘာ(၂၅)၊၂၀၂၃ ခုနှစ်။ ပြည်သူချစ်သည့် PDF များအနေဖြင့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဝင်သည့်အချိန်တွင် နိုင်ကိုနိုင်ရမည်ဆိုသည့် စိတ်ဖြင့် တိုက်ပွဲဝင်နေကြသည်ဟု Southern YSO PDF မှ ကိုအောင်မောင်းက ပြောသည်။ မကွေးတိုင်း၊ ပခုက္ကူမြို့ နှင့် ရေစကြိုမြို့  ဆက်သွယ်ရေးလမ်းမ၌ရှိသော ပန်းတိုင်းခြုံကျေးရွာရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို နိုဝင်ဘာ ၂၁ ရက်နေ့က BNRA ဦးစီးပြီး Southern YSO PDF၊ Yesagyo Revolution Group (YRG) (ပခုက္ကူခရိုင် ရင်း ၂) စသည့် ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့သည့်အခြေအနေများကို ကိုအောင်မောင်းက ရှင်းလင်းပြောကြားထားခြင်းဖြစ်သည်။ #RedNewsAgency
Read More
ပြိုလဲနေသော စစ်ကောင်စီတပ် ခံစစ်ပြင်ဆင်မှုများလည်း မအောင်မြင်

ပြိုလဲနေသော စစ်ကောင်စီတပ် ခံစစ်ပြင်ဆင်မှုများလည်း မအောင်မြင်

"မြေပြန့်လို့ခေါ်ဆိုရမယ့် စစ်ကိုင်းနဲ့မကွေးက စစ်ကောင်စီစခန်းနဲ့ မြို့တွေကိုလည်း စွန့်လွှတ်ထားရပါတယ်။ ကောလင်းမြို့ကို ဆုံးရှုံးထားသလို ထီးချိုင့်ကိုလည်း လက်လွှတ်ရမယ့် အနေအထားမှာ ထန်တလန်ဖြစ်စဉ်လိုမျိုး ဖန်တီးနေတာကိုတွေ့ရမှာပါ" ကျော်ရဲစံ မကွေးတိုင်းအတွင်း စစ်ကောင်စီက ခံစစ်သဖွယ်ပြင်ဆင်နေတာကို တွေ့လာရပါတယ်။ အထူးသဖြင့် ရခိုင်ရိုးမနဲ့ဆက်စပ်နေရာတွေမှာ စစ်ကြောင်းထိုးတာ အင်အားဖြည့်တာတွေပြုလုပ်လာပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကဆို အမ်းဌာနချုပ်ကို သွားရာလမ်းဖြစ်တဲ့ ငဖဲ-အမ်း လမ်းတဝိုက်စစ်ကောင်စီ​က နယ်မြေရှင်းလင်းရေးတွေလုပ်ဆောင်တာကိုတွေ့ရပါတယ်။ ဒါဟာ ရခိုင့်တပ်တော်နဲ့ PDF တွေ မကွေးတိုင်းအတွင်း ဝင်ရောက်မလာနိုင်အောင် ကြိုတင်တားဆီးထားတဲ့သဘောပါပဲ။ ရခိုင်ပြည်နယ်မှာ ၁၀၂၇ စတင်ဖြစ်ပွားပြီးနောက်ပိုင်း စစ်တပ်စခန်း ၄၀ ကျော်လက်လွှတ်ထားရပါတယ်။ ဒါ့အပြင် စစ်တွေမြို့နဲ့ ၁၉ မိုင်သာဝေးတဲ့ ပေါက်တောမြို့ကိုလည်း လက်လွှတ်ရမယ့် အနေအထားနဲ့ စစ်ကောင်စီက ရင်ဆိုင်နေရပါတယ်။ AA…
Read More
ဇီးပြားရွာတိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ ၃၀ ကျော်သေပြီး၊ ပြည်သူ့ကာကွယ်ရေးရဲဘော် ၂၁ ဦးကျဆုံးခဲ့

ဇီးပြားရွာတိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ ၃၀ ကျော်သေပြီး၊ ပြည်သူ့ကာကွယ်ရေးရဲဘော် ၂၁ ဦးကျဆုံးခဲ့

RNA_နိုဝင်ဘာ(၁၆)၊၂၀၂၃ ခုနှစ်။ မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဇီးပြားရွာ ရဲစခန်းနှင့် ပျူရွာကို ဒေသခံတော်လှန်ရေး အင်အားစုများ (၅) ရက်တာတိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ ရဲနှင့် ပျူ ၃၀ ကျော်သေပြီး၊ ပြည်သူ့ကာကွယ်ရေးရဲဘော် ၂၁ ဦး ကျဆုံးခဲ့ရကြောင်း သိရသည်။  ဇီးပြားရွာတိုက်ပွဲကို မြိုင် ပကဖ တပ်ရင်း ၁၊ ၂ နှင့် ပေါက်ကျေးရွာ ပကဖ တပ်ဖွဲ့များ၊  YRF ( ပေါက်)၊ Earthquake Defence Force၊ တောင်ညိုနဂါးတပ်ဖွဲ့၊ Royal 7တပ်ဖွဲ့တို့ ပူးပေါင်းပြီး စခန်းသိမ်းတိုက်ပွဲ ဖော်ဆောင်ခဲ့ခြင်းဖြစ်သည်။ နိုဝင်ဘာ ၁၀ ရက်နေ့မှ ၁၅ ရက်နေ့အထိ ဇီးပြားရွာ ရဲစခန်းနှင့်ဇီးပြား(ပျူ)ရွာ…
Read More
ယနေ့ ရေစကြိုမြို့ပေါ် ၂ နာရီကြာ တိုက်ပွဲဖြစ်

ယနေ့ ရေစကြိုမြို့ပေါ် ၂ နာရီကြာ တိုက်ပွဲဖြစ်

RNA_နိုဝင်ဘာ(၁၀)၊၂၀၂၃ ခုနှစ်။ မကွေးတိုင်း၊ ရေစကြိုမြို့၊ စစ်ကောင်စီလက်အောက်ခံ ငြိမ်းဇာနီတပ်စခန်း (စစ်မှုထမ်းဟောင်းရုံး) အား ဒေသခံ ပူးပေါင်းတပ်ဖွဲ့က ယနေ့ နံနက် ၉ နာရီဝန်းကျင်မှစတင်တိုက်ခိုက်ရာ ၂ နာရီနီးပါး တိုက်ပွဲဖြစ်ပွါးခဲ့ကြောင်း သိရသည်။ "တိုက်ပွဲကြာချိန် ၂နာရီခန့်ကြာမြင့်ခဲ့ပြီး စခန်းသိမ်းနိုင်ရန် အလိုတွင် ရုံးပေါင်းစုံမှ စစ်ကူလာသော စစ်ကူများအား ကြားဖြတ်တိုက်ခိုက်မှုမှာ ရေရှည်တေဋင့်မခံနိုင်သောကြောင့် တိုက်ခိုက်မှုအပိုင်းမှ ရဲဘော်များအနေဖြင့် ရင်နာနာဖြင့်ပြန်လည်ဆုတ်ခွါပေးခဲ့ရသည်” ဟု Myingyan Black Tiger (MBT) က ထုတ်ပြန်ထားသည်။ (more…)
Read More
စစ်အာဏာရှင်တွေ အတွက် အသက်ပေးရတာ တန်လို့လား

စစ်အာဏာရှင်တွေ အတွက် အသက်ပေးရတာ တန်လို့လား

"စစ်တပ်ကရင် ဆိုင်နေရတဲ့စစ်မျက်နှာဆိုတာက သူတို့ တကြိမ်မှမကြုံဖူးတဲ့ နိုင်ငံအနှံ့စစ်မျက်နှာတွေ၊ နည်းပညာမြင့် ဒရုန်းစစ်ဆင်ရေးတွေလည်း ပါဝင်ပါတယ်။ ဒါဟာ စစ်ကောင်စီရဲ့ အကြပ်ရိုက်နေတဲ့အခြေအနေ" မောင်ဝိ ဂန့်ဂေါမြို့နယ်၊ မင်းရွာမှာရှိတဲ့ ရဲစခန်းသိမ်းတိုက်ပွဲက လေယာဥ်ပစ်ကူတောင်းခဲ့တဲ့ ရုပ်သံကို အားလုံးပဲ တွေ့ပြီးကြမယ် ထင်ပါတယ်။ တော်လှန်ရေး တပ်ဖွဲ့တွေက ရဲစခန်းကို ဝင်သိမ်းတဲ့အချိန် တိုက်ပွဲကြားထဲမှာပဲ ရဲမှူး လှိုင်မင်းသိန်းဆီကို ဒုရဲအုပ် အေးမင်းစိုးက တိုက်ပွဲ အခြေအနေ အဆင့်ဆင့် သတင်းပို့နေခဲ့တာပါ။ တိုက်ပွဲစဖြစ်ချိန်က အခြေအနေကို ထိန်းနိုင်သေးတယ်ဆိုပေမယ့်၊ တိုက်ပွဲကြာလာတဲ့ အချိန်အကျအဆုံးများလာတဲ့အတွက် အဘဆိုသူ (ရဲမှူးလှိုင်မင်းသိန်း)ကို လေယာဥ်ပစ်ကူပေးဖို့ တဖွဖွ ဖုန်းထဲကနေပြောခဲ့တယ်။ တကယ့်လက်တွေ့မှာက ရဲစခန်းသာကျသွားတယ်၊ လေယာဥ်စစ်ကူဆိုတာက ရောက်မလာခဲ့ပါဘူး။ တော်လှန်ရေးတပ်ဖွဲ့တွေ မင်းရွာရဲစခန်းကို ဝင်စီးနင်းတဲ့အချိန်…
Read More
လေကြောင်းပစ်ကူတောင်းချိန် Mi 35 တောင်မဟုတ် HK လာနေပြီဟုလိမ်ညာခဲ့သည့် စစ်ကောင်စီတပ်

လေကြောင်းပစ်ကူတောင်းချိန် Mi 35 တောင်မဟုတ် HK လာနေပြီဟုလိမ်ညာခဲ့သည့် စစ်ကောင်စီတပ်

RNA_နိုဝင်ဘာ(၈)၊၂၀၂၃ ခုနှစ်။   စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲခံနေရချိန် စစ်ကောင်စီလက်အောက်ခံငယ်သားက အကြိမ်ကြိမ် လေကြောင်းပစ်ကူတောင်းနေစဉ် Mi 35 တောင်မဟုတ် HK လာနေပြီဟု စစ်ကောင်စီတပ်အထက်လူကြီးများက လက်အောက်ခံငယ်သားကို ဖုန်းဖြင့် လိမ်ညာပြောကြားခဲ့သည်။   ဂန့်ဂေါမြို့နယ်၊ မင်းရွာရှိ ရဲစခန်းသိမ်းတိုက်ပွဲ တိုက်ခိုက်ခံနေရချိန် စစ်ကောင်စီတပ်မှ ဖုန်းဖြင့် အချိန်ပြည့်ညွှန်ကြားခဲ့ကြောင်း၊ လေကြောင်းပစ်ကူတောင်းသော်လည်း စခန်းသိမ်းခံရသည်အထိ လေကြောင်းပစ်ကူ မလာခဲ့ကြောင်း၊တိုက်ပွဲကို ABSDF၊ Hyper UAV Force၊ နယ်မြေခံ ပကဖပူးပေါင်းအဖွဲ့မှ နိုဝင်ဘာ ၃ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။   #RedNewsAgency
Read More