Tag: နိုင်ငံရေး
-

စစ်ရေးနှင့် နိုင်ငံရေးမှာ တပ်ပေါင်းစုဖွဲ့နိုင်ဖို့ လိုအပ်သည်ဟု ကိုမင်းသွေးသစ်ပြော
RNA_ဖေဖော်ဝါရီ(၂၅)၊၂၀၂၄ခုနှစ်။နွေဦးတော်လှန်ရေးသည် နိုင်ငံရေးအရ ဖြေရှင်းလို့မရတော့သည့်အတွက် စစ်ရေးအရဖြေရှင်းနေရခြင်းဖြစ်ပြီး စစ်ကောင်စီမပါသည့် နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက် စစ်ရေးနှင့်နိုင်ငံရေးတွင် တပ်ပေါင်းစုဖွဲ့နိုင်ရေး လိုအပ်သည်ဟု ကိုမင်းသွေးသစ်ကပြောသည်။“နိုင်ငံရေးအရ ရှင်းလို့မရလို့ စစ်ရေးအရ ရှင်းရတာဖြစ်တယ်။ တချိန်မှာ ကျွန်တော်တို့ နိုင်ငံရေးစကားဝိုင်းကိုသွားမယ်။ အဲလိုသွားတဲ့ နိုင်ငံရေးစကားဝိုင်းသည် စစ်ကောင်စီမပါတဲ့ ပြည်သူကို ဖျက်ဆီးနှိပ်စက်တဲ့သူတွေမပါတဲ့ အဲဒီအင်အားစုတွေမပါတဲ့ နိုင်ငံရေးဆွေးနွေးပွဲဖြစ်အောင်။ ကျွန်တော်တို့က စစ်ရေးနဲ့နိုင်ငံရေးပေါင်းစပ်နိုင်အောင် စစ်ရေးမှာကော နိုင်ငံရေးမှာကော တပ်ပေါင်းစုဖွဲ့နိုင်ဖို့လိုပါတယ်” ဟု ကိုမင်းသွေးသစ်ကပြောသည်။ -

နိုင်ငံရေးဦးတည်ချက် (၆) ရပ်အား စစ်ကောင်စီလက်ခံပါက အာဏာလွှဲပြောင်းခြင်းကိစ္စ ဆွေးနွေးမည်
RNA_ဇန်နဝါရီ(၃၁)၊၂၀၂၄ ခုနှစ်။
စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် အတူတကွလက်တွဲတော်လှန်တိုက်ပွဲဝင်နေကြသော အဖွဲ့အစည်းများ၏ ဘုံသဘောထားရပ်တည်ချက်ကို NUG မှ ယနေ့ ထုတ်ပြန်ခဲ့ရာတွင် နိုင်ငံရေးဦးတည်ချက် (၆) ရပ်အား စစ်ကောင်စီလက်ခံပါက အာဏာလွှဲပြောင်းခြင်းကိစ္စ ဆွေးနွေးမည်ဟု သိရသည်။
နိုင်ငံရေး ဦးတည်ချက် (၆) ရပ်မှာ ၁။ စစ်အာဏာသိမ်းထားမှုကို ဖယ်ရှားပြီး မြန်မာစစ်တပ်၏ နိုင်ငံရေး၌ ပါဝင်နေခြင်းအား အဆုံးသတ်ရန်။ ၂။ လက်နက်ကိုင်တပ်ဖွဲ့များအားလုံးကို ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အရပ်သားအစိုးရ၏ စီမံအုပ်ချုပ်မှုအောက်၌ အပြည့်အဝထားရှိရန်။ (၃) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင်ဖျက်သိမ်းရန်နှင့် ယင်းကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းမှုမှန်သမျှ တိုက်ဖျက်ရန်။ (၄)။ သက်ဆိုင်သူများအားလုံးလက်ခံနိုင်သော ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းရန်။ (၅) ထွက်ပေါ်လာသော ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအသစ်အား တည်ဆောက်ရန်။ (၆) ပဋိပက္ခအတွင်း မတရားကျူးလွန်ခံရသူများအတွက် တရားမျှတမှုရရှိရေး နှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုရရှိရေး လုပ်ငန်းစဉ်ဖော်ဆောင်ရန်တို့ဖြစ်သည်။
-

ပြည်သူတစ်ရပ်လုံး မျှော်လင့်နေသည့် နိုင်ငံရေးရည်မှန်းချက်များကို လျစ်လျူရှုကာ နောက်လှည့်သွားမည်မဟုတ်ဟု ညီနောင် ၃ ဖွဲ့ အသိပေး
RNA_ဒီဇင်ဘာ(၁၃)၊၂၀၂၃ခုနှစ်။
စစ်တပ်၏ ဖိနှိပ်မှုဒဏ်ကို မျိုးဆက်တစ်ခုပြီးတစ်ခု ခံစားခဲ့ကြရသော မြန်မာပြည်သူလူထုတစ်ရပ်လုံး မျှော်လင့်တောင့်တနေသည့် နိင်ငံရေး ရည်မှန်းချက်များကို မည်သည့်အခါမှ လျစ်လျူရှုသွားမည်မဟုတ်သည့်အပြင် နောက်လှည်သွားမည့်သူများမဟုတ်ကြောင်း မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့က အသိပေးထားသည်။
“လတ်တလောတွင် တွေ့မြင်နေရသော သတင်းအချို့ကြောင့် မြန်မာပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် စိုးရိမ်ပူပန်မှုများ ရှိနေသည်ကို မိမိတို့အနေဖြင့် သိရှိရ၍ အဆိုပါကိစ္စရပ်အပေါ် များစွာစိုးရိမ်ပူပန်မှု မရှိကြစေရန် ပြောကြားလိုပါသည်။ ထို့အတူ မိမိတို့အနေဖြင့် ဘုံရည်မှန်းချက် အလုံးစုံပြည့်ဝသည်အထိ လုပ်သင့်လုပ်ထိုက်သည်များကို မြန်မာပြည်သူလူထု တစ်ရပ်လုံးနှင့် လက်တွဲကာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်းကိုလည်း လေးစားစွာ အသိပေးအပ်ပါသည်” ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့က ယမန်နေ့က ထုတ်ပြန်ထားသည်။
Photo: Kokang ၁၀၂၇ စစ်ဆင်ရေးစတင်သည့်နေ့မှစ၍ ယနေ့အထိ စစ်ကောင်စီတပ်စခန်းများနှင့် စစ်ရေးပစ်မှတ်များကို နေ့စဉ်တိုက်ခိုက်နေကြောင်း၊ MNDAA၊ TNLA၊ AA တို့သည် ကိုးကန့်ဒေသနှင့် တအာင်းဒေသ၊ ရခိုင်ဒေသတွင်း အကြမ်းဖက်စစ်ကောင်စီကို ယနေ့ ဒီဇင်ဘာ ၁၃ ရက်နေ့အထိ စစ်ဆင်ရေး ဆင်နွှဲလျက်ရှိကြောင်း သိရသည်။
Red News Agency
-

မကွေးတိုင်းက စစ်ရေးနိုင်ငံရေးအခြေအနေ ဘာတွေဖြစ်ပြီး ဘာတွေထူးနေပြီလဲ
RNA_ဒီဇင်ဘာ(၈)၊၂၀၂၃ခုနှစ်။မကွေးတိုင်းအတွင်းမှာ စစ်ကောင်စီ၏ စစ်ရေးပြင်ဆင်မှုများနှင့် ဖက်ဒရယ်ကိစ္စအပါအဝင် စစ်ရေး နိုင်ငံရေး ထူးခြားလာသည့် အပြောင်းအလဲများနှင့် ပတ်သက်ပြီး မကွေးသား တော်လှန်ရေးသမား ကိုချစ်ဝင်းမောင်က ရှင်းပြထားသည်။[embedyt] https://www.youtube.com/watch?v=uDsQwzbU_zw[/embedyt]#RedNewsAgency -

စစ်ကောင်စီ နိုင်ငံရေး စစ်ရေးအရ ဆောက်တည်ရာမရ အနေအထား ကြုံတွေ့နေရပြီ
RNA_နိုဝင်ဘာ( ၁၈)၊၂၀၂၃ ခုနှစ်။
“စစ်ကောင်စီဟာ အင်မတန်မှဘဲ နိုင်ငံရေးအရကော စစ်ရေးအရကော ဆောက်တည်ရာမရတဲ့ အနေအထားမျိုးကို ကြုံတွေ့နေရပြီဖြစ်ပါတယ်။ အဲဒါကြောင့်မလို့ စစ်ကောင်စီက လုပ်ရိုးလုပ်စဉ်အတိုင်း မကြာခဏပဲ မဲပြာပုဆိုးကို ပြန်ဝတ်လေ့ရှိတဲ့ အလေ့အထအတိုင်းပဲ မရိုးနိုင်တဲ့ ဖြစ်စဉ်တွေကို ပြန်လုပ်တော့မှာဖြစ်ပါတယ်” ဟု KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောကြားထားသည်။
[embedyt] https://www.youtube.com/watch?v=vIlN4hL4ZBA[/embedyt]
KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက နိုဝင်ဘာလ ၁၇ ရက်နေ့က ပြည်သူသို့ပြောကြားချက် (ပန်ကြားချက်) များထဲမှ နိုင်ငံရေးနှင့် ပတ်သက်သည့် ဖြစ်လာနိုင်ခြေများ ပြောကြားထားမှုကို ကောက်နုတ် တင်ပြလိုက်ပါသည်။
#RedNewsAgency
-

ခုခံစစ် ၂ နှစ်အတွင်း အပြောင်းအလဲများနဲ့ အဆုံးသတ်တိုက်ပွဲ
“စနစ်တကျစုဖွဲ့မှုအားကောင်းတဲ့ လက်နက်ကိုင်စစ်တပ်ဆိုတာ စာအုပ်ထဲမှာသာရှိပြီးတော့ တကယ့်ပြည်သူရဲ့ အငြိုးကို ခံနိုင်စွမ်းမရှိခဲ့ပါဘူး။ တူမီးကစလို့ လက်လုပ်ပစ္စည်းတွေနဲ့ စတင်တော်လှန်ချိန်ကတည်း အလဲလဲအကွဲကွဲနဲ့ ခံနေရတဲ့ စစ်တပ်ဟာ နည်းပညာတိုးတက်လာတဲ့ အချိန် ဝေဟင်က Drop Bomb တွေရဲ့ ရန်ဟာ အဓိကရင်ဆိုင်ရမယ့် ပြဿနာဖြစ်လာပါတယ်”
ကိုတင်ဖေ
အမျိုးသားညီညွတ်ရေးအစိုးရက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လှေနေလှေအောင်း မြင်းဇောင်းမကျန် ခုခံတော်လှန်ကြဖို့ ခုခံစစ်အဖြစ် ကြေညာခဲ့တာဟ၂၀၂၃ခု နှစ် စက်တင်ဘာလ ၇ ရက် ဒီကနေ့ဟာ ၂ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ ဒီကာလအတွင်းမှာ တစ်တိုင်းပြည်လုံးအတိုင်းအတာနဲ့ စစ်ရေးဖော်ဆောင်မှု အသွင်ကူးပြောင်းပုံအဆင့်ဆင့်ကို မြင်တွေ့ခဲ့ရပါတယ်။
အကြမ်းမဖက် ဆန္ဒဖော်ထုတ်နေတဲ့ ပြည်သူတွေကို လမ်းမအလယ်မှာပဲ လူမဆန်စွာ ပစ်ခတ်သတ်ဖြတ်ခဲ့သလို ဦးနှောက်တွေပွင့်ထွက်နေတဲ့ ဆန္ဒပြပြည်သူတွေရဲ့ ရုပ်အလောင်းတွေဟာ လမ်းမထက်မှာကော၊ မီဒီယာတွေမှာကော၊ ကမ္ဘာ့စာမျက်နှာထက်မှာကော သက်သေအဖြစ်တည်ရှိနေဆဲပါ။ ဘုရင်ရူးနေတဲ့ မင်းအောင်လှိုင်ဟာ ဘာမဆိုလုပ်ဝံ့တယ်ဆိုကတည်းက ပြည်သူကိုအကြောင်းအမျိုးမျိုးပြ ဖမ်းဆီးသတ်ဖြတ်တာတွေ ပြုလုပ်လာပါတယ်။

မဲစာရင်းကိုအကြောင်းပြ အာဏာသိမ်းထားတဲ့ စစ်ကောင်စီဟာ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ ပြည်သူတွေကို လမ်းမပေါ်မှာ ပစ်သတ်ခဲ့ကြတယ်၊ စစ်ကြောရေးတွေမှာ သတ်ဖြတ်ခဲ့ကြတယ် စာရင်းအတည်မပြုနိုင်တဲ့ အသတ်ခံရသူတွေရှိသလို့ စာရင်းအရဆိုရင်တောင် အသက်မပြည့်သေးတဲ့ ကလေးငယ်တွေအပါအဝင် လူဦးရေသုံးထောင်ကျော်ကို သတ်ဖြတ်ထားပြီးတော့ နိုင်ငံရေးလှုပ်ရှားမှုကြောင့် အကျဉ်းကျနေရသူ တစ်သောင်းခွဲကျော်ရှိနေပါတယ်။ ပြည်သူရဲ့ မဟုတ်မခံ ခုခံတွန်းလှန်စစ်ဟာ ဒီ ၂ နှစ်ကျော်ကာလအတွင်းမှာတင် အတော်လေးခရီးပေါက်ခဲ့တယ်လို့ ဆိုရမှာပါ။
-

ဗိုလ်နဂါး၏ စစ်ရေးနိုင်ငံရေးရည်ရွယ်ချက်
RNA_ဩဂုတ်(၂၅)။၂၀၂၃ ခုနှစ်။စစ်ဗိုလ်ချုပ်များနှင့် နောက်လိုက်အပေါင်းအပါများ အားလုံး ဒူးထောက်လက်မြှောက်ပြီး ပြည်သူ့ရှေ့မှောက်မှာ လက်နက်ချ အညံ့ခံပြီး၊ ပြည်သူလိုချင်သမျှ ပြည်သူဆန္ဒကို လိုက်လျောရသည်အထိ စစ်ရေးရည်မှန်းချက်ရှိသည်ဟု ဗိုလ်နဂါး၏ စစ်ရေး၊နိုင်ငံရေး ရည်မှန်းချက်များကို Facebook Live တွင် ထည့်သွင်းပြောကြားထားမှုကို ကောက်နုတ်တင်ပြအပ်ပါသည်။[embedyt] https://www.youtube.com/watch?v=bIhwOS60S1M[/embedyt]#RedNewsAgency -

လွတ်မြောက်ဒေသတွင် ဆိုရှယ်ဒီမိုကရက်တစ်ပါတီ ဗဟိုနိုင်ငံရေးသင်တန်းကျောင်း ဖွင့်လှစ်နေ
RNA_ဇူလိုင်(၂)၊၂၀၂၃ ခုနှစ်။
ဆိုရှယ်ဒီမိုကရက်တစ်ပါတီ၏ ဗဟိုနိုင်ငံရေးသင်တန်းကျောင်းကို လွတ်မြောက်ဒေသရှိ ဗဟိုငြိမ်းချမ်းရေးဌာနတည်ရှိရာ ဒေသတွင် ဖွင့်လှစ်သင်ကြားပေးနေကြောင်း ယမန်နေ့က ထုတ်ပြန်အသိပေးထားသည်။

ဗဟိုနိုင်ငံရေးသင်တန်းကျောင်း အပတ်စဉ် ၁ ကို ၂၀၂၂ ခုနှစ် ဩဂုတ်လ ၂၉ ရက်နေ့က ဖွင့်လှစ်သင်ကြားခဲ့ပြီး ယနေ့ ၂၀၂၃ ခုနှစ် ဇူလိုင် ၁ ရက်နေ့အထိ လွတ်မြောက်ဒေသတွင် အပတ်စဉ် (၂) အထိ အောင်မြင်စွာ သင်ကြား ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ကြောင်း ဆိုရှယ်ဒီမိုကရက်တစ်ပါတီက ယမန်နေ့က ထုတ်ပြန်ထားသည်။
-

စိတ်ဝင်စားစရာများနှင့်ထိုင်းနိုင်ငံရေးအပြောင်းအလဲ
“အာဏာသိမ်းလိုက် ရွေးကောက်ပွဲပြန်လုပ်လိုက် ပုံစံကိုပြန်သွားနေသည်မှာထင်ရှားနေသော်လည်း ပြည်သူများသည်စစ်တပ်အုပ်ချုပ်မှုအောက်မှာမနေနိုင်တော့သည်ကို ရွေးကေက်ပွဲတွင်သက်သေပြပြီးဖြစ်သည်။ ပြည်သူကရွေးချယ်တင်မြှောက်သည့်နိုင်ငံရေးပါတီကိုအာဏာမအပ်နှံပါက မထင်မှတ်ထားတာတွေ ထိုင်းနိုင်ငံအတွင်းမှာပေါ်ပေါက်လာနိုင်ပါတယ်။ရွေ့လျားပြောင်းလဲလာသည့်အချိန်နှင့်အမျှလူထုသည်အရာရာကိုဖိနှိပ်မခံလူ့အခွင့်အရေးနှင့်ဒီမိုကရေစီရေးအတွက်တွန်းလှန်တိုက်ပွဲဝင်ရန်အဆင်သင့်ဖြစ်နေနိုင်ပါသည်”
အောင်ဇေ
ထိုင်းနိုင်ငံသည်မြန်မာနိုင်ငံနှင့်အိမ်နီးချင်းနိုင်ငံဖြစ်ပြီးမြန်မာ့ဒီမိုကရေစီအရေး၊ရွေ့ပြောင်းလုပ်သားများ၏အရေးစစ်ဘေးရှောင်နယ်စပ်ဖြတ်ကျော်သူများအရေးစသည့်ထိုင်းနိုင်ငံအတွင်းအကြောင်းအမျိုးမျိုးကြောင့်ရောက်ရှိနေသည့်မြန်မာနိုင်ငံသားများသည်ထိုင်းနိုင်ငံ၏နိုင်ငံရေးအပြောင်းအလဲအပေါ်မူတည်၍များစွာပြောင်းလဲအကျိုးသက်ရောက်မှုရှိလာနိုင်ပါသည်။ထိုင်းနိုင်ငံသည်စစ်တပ်အာဏာသိမ်းထားသည်မှာ၁၉၃၂ခုနှစ်မှ၂၀၁၄ခုနှစ်အထိစုစုပေါင်းအောင်မြင်သောအာဏာသိမ်းမှုနှင့်မအောင်မြင်သောအာဏာသိမ်းမှုအပါအဝင်စုစုပေါင်း၁၉ကြိမ်ထိရှိခဲ့ပါသည်။
၂၀၁၇ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲပြီး ၂၀၁၉ခုနှစ်တွင် ရွေးကောက်ပွဲတစ်ကြိမ်ပြုလုပ်ခဲ့ပြီ စစ်တပ်၏အကြီးအကဲဖြစ်သူ ဗိုလ်ချုပ်ကြီးပရာရွတ်က ဝန်ကြီးချုပ်ရာထူးဖြင့်တာဝန်ထမ်းဆောင်ခဲ့သသည်မှာ ယခုအချိန်ထိ ဖြစ်ပါသည်။ ယခုပြုလုပ်ခဲ့သည့်ရွေးကောက်ပွဲတွင်းလည်း နိုင်ငံရေးပါတီ ၇၀ ကျော်ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပါသည်။ ထိုင်းနိုင်ငံသည် စစ်တပ်က အာဏာသိမ်းခြင်းကို လက်မခံနိုင်သည့် အတိုက်အခံပါတီများစွာရှိပါသည်။ ယခုလက်ရှိ ဝန်ကြီးချုပ် စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီးပရာရွတ်သည် ၂၀၂၃ ခုနှစ်မေလတွင် လွတ်လပ်ပြီတရားမျှတသောဒီမိုကရေစီရွေကောက်ပွဲတွင် ၎င်း၏ ပါတီ ရှုံးနိမ့်ခဲ့မည်ဆိုပါလျှင် အိမ်ပြန်ပြီ နိုင်ငံရေးလောကမှ ထွက်ခွာသွားမည်ဟု မေလ ၁၁ ရက်နေ့က သတင်းမီဒီယာများနှင့်တွေ့ဆုံစဥ်ပြောကြားခဲ့သလို လက်ရှိ စစ်တပ်အကြီးအကဲကလည်း ထိုင်းစစ်တပ်က နောက်တကြိမ်အာဏာသိမ်းမှု ရှိလာမှမဟုတ်တော့ကြောင်း ထပ်မံပြောကြားခဲ့ပါသေးသည်။

၂၀၂၃ ခုနှစ် မေလ၁၄ရက်နေ့က ပြုလုပ်ခဲ့သော ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၇၀ ကျော်ဝင်ပြိုင်သည့်ထဲမှ အတိုက်ခံအင်အားကြီးသောပါတီ ၂ခုမှာ မဲအများဆုံးဖြင့် အနိုင်ရရှိခဲ့ပါသည်။ ပထမမဲအများဆုံးရရှိသောပါတီသည် လူငယ်များဖြင့်ဖွဲ့စည်းထားသော Move Forward ပါတီဖြစ်ပြီး၊ ဒုတိယမဲအများဆုံးရရှိသောပါတီသည် ယခင်ဝန်ကြီးချုပ်ဟောင်းသက်ဆင်၏ သမီးပါတီ ပွေ့ထိုင်းပါတီတို့ ဖြစ်ကြပါသည်။ ပထမ မဲအများဆုံးရရှိသော Move Forward ပါတီသည် မြန်မာ့နိုင်ငံရေးကို စိတ်ဝင်စားသောပါတီဖြစ်ပြီ မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်ကအာဏာသိမ်းသည့်အချိန်တွင်လည်း ကန့်ကွက်ကြောင်းထုတ်ပြန်ခဲ့သလို မဲစောက်မြို့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦးကို ထိုင်းအစိုးရက မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ထံ အပ်နှံသည့် အချိန်တွင်လည်း ကန့်ကွက်ကြောင်း ထုတ်ပြန်ခဲ့ပါသည်။
ထို့အပြင် Move Forward ပါတီသည် ဇွန်လ ၁၁ ရက်နေ့ကလည်း ပါတီခေါင်းဆောင်က Twitter အကောင့်တွင် ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီက မတရားထောင်ဒဏ်ချမှတ်မှုများကို ကန့်ကွက်ကြောင်းနှင့် မြန်မာ့ဒီမိုအရေစီအရေးနှင့် ငြိမ်ချမ်းရေးဖြစ်စဥ်များအတွက် နိုင်ငံရေးအကျဥ်သားများအားလုံး လွတ်ပေးဖို့ကိုလည်း ရေးသားတောင်းဆိုခဲ့ပါသည်။ Move Forward ပါတီအနေဖြင့် မြန်မာ့အရေးကို အစဉ်တစိုက်စောင့်ကြည့်နေပြီး စစ်အာဏာရှင်များ၏ လူမဆန်သည့် လုပ်ရပ်များကို လက်မခံသည့် ထိုင်းနိုင်ငံအတွင်းမှ နိုင်ငံရေးပါတီတခုဖြစ်သည်။ တလျောက်လုံး စစ်တပ်အာဏာသိမ်းမှုကို လက်မခံခဲ့သလို အတိုက်အခံပါတီအဖြစ်လည်း ရပ်တည်ခဲ့သည့်ပါတီဖြစ်သည်။ ယခုလို ရွေးကောက်ပွဲအပြီးသည် ထိုင်းပြည်သူများက တိကျသည့် ဆုံးဖြတ်ချက်တခုကို ချမှတ်လိုက်ကြသည် အဲဒါကတော့ စစ်တပ်နှင့် ဆက်စပ်သည့် ပါတီကိုမရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။လူငယ်များတက်ကြွလှုပ်ရှားသူများလူ့အခွင့်အရေးနှင့်ဒီမိုကရေစီရေးလိုလာသူများကိုသာမဲပေးခဲ့ကြခြင်းဖြစ်သည်။
-
MOD နှင့် PRA-Magway တို့ ကြားကာလအုပ်ချုပ်ရေး၊စစ်ရေးတို့ကိုလက်တွဲဆောင်ရွက်မည်
RNA_နိုဝင်ဘာ(၁)၊၂၀၂၂ ခုနှစ်။အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာ – MOD နှင့် လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) တို့ နိုင်ငံရေးဆိုင်ရာမူဝါဒ၊စစ်ရေးဆိုင်ရာမူဝါဒနှင့် မဟာမိတ်ဆိုင်ရာမူဝါဒများအရ စစ်ရေး၊ နိုင်ငံရေးနှင့် ဒေသန္တရအုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
PRA-Magway အနေဖြင့် MODမှ ချမှတ်ထားသော စစ်ဘက်ဆိုင်ရာကျင့်ဝတ်များ (COC)ကိုလေးစားလိုက်နာမှုနှင့် အမိန့်ပေးကွပ်ကွဲမှုကွင်းဆက် ( Chain of Command) တွင် ပါဝင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)နှင့် ဒေသတွင်း စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ရန်နှင့် ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းအကောင်အထည်ဖော်ရာတွင် ပါဝင်ကူညီရန် သဘောတူခဲ့ကြသည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ထားသည်။Red News Agency




