နိုင်ငံရေး

MOD နှင့် PRA-Magway တို့ ကြားကာလအုပ်ချုပ်ရေး၊စစ်ရေးတို့ကိုလက်တွဲဆောင်ရွက်မည်

RNA_နိုဝင်ဘာ(၁)၊၂၀၂၂ ခုနှစ်။   အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာ - MOD နှင့် လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) တို့ နိုင်ငံရေးဆိုင်ရာမူဝါဒ၊စစ်ရေးဆိုင်ရာမူဝါဒနှင့် မဟာမိတ်ဆိုင်ရာမူဝါဒများအရ စစ်ရေး၊ နိုင်ငံရေးနှင့် ဒေသန္တရအုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။   PRA-Magway အနေဖြင့် MODမှ ချမှတ်ထားသော စစ်ဘက်ဆိုင်ရာကျင့်ဝတ်များ (COC)ကိုလေးစားလိုက်နာမှုနှင့် အမိန့်ပေးကွပ်ကွဲမှုကွင်းဆက် ( Chain of Command) တွင် ပါဝင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)နှင့် ဒေသတွင်း စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ရန်နှင့် ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းအကောင်အထည်ဖော်ရာတွင် ပါဝင်ကူညီရန် သဘောတူခဲ့ကြသည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ထားသည်။ Red News Agency
Read More
တိုင်းပြည်ကိုချောက်ထဲဆွဲချနေသော လက်ယာအစွန်းရောက်ဝါဒီများ

တိုင်းပြည်ကိုချောက်ထဲဆွဲချနေသော လက်ယာအစွန်းရောက်ဝါဒီများ

“အမျိုးသားရေးဝါဒ” (Nationalism) နဲ့ပတ် သက်လို့လည်း နည်းနည်းလောက် ဆွေးနွေးတင်ပြပါရစေ။ အမျိုးသားရေးဝါဒဆိုတာ သူ့ဟာသူ ရှိနေတယ်၊ အစွန်းမရောက်ဘူးဆိုရင် အင်မတန် ကောင်းပါတယ်၊ အပြစ်မဟုတ်ဘူးလို့ မြင်ပါတယ်။ ကိုယ့်အမျိုးကိုယ့်ချစ်တာ ကောင်းတာပေါ့ဗျာ။ ဒါပေသိ ကိုယ့်အမျိုးကိုယ်ချစ်ဖို့အရေးမှာ သူများတစ်ပါးရဲ့ အမျိုးဘာသာတွေကို မုန်းစရာ မလို၊ ရန်လိုဖို့ မလိုဘူးလေဗျ တေဇာဆန်း ဒီနိုင်ငံမှာ အကြမ်းဖက်အာဏာသိမ်းစစ်အုပ်စုရဲ့ သမိုင်းအစဉ်အဆက် စွဲကိုင်လာတဲ့ နိုင်ငံရေး ကျောထောက် နောက်ခံ အယူဝါဒဟာ ဝါဒကြီး (၃) ရပ်ကို အခြေခံပြီး အဲ့ဒီဝါဒတွေကို သူတို့ လိုရာဆွဲ ပုံဖော်၊ လိုသလို ပုံဖျက်၊ နားလည်၊ ရောပြွန်းထားရာကနေ ဆင်းသက်တယ်လို့ ပညာရှင်အချို့က သုံးသပ်ကြတယ်။ အဲ့ဒါတွေကတော့- ၁။…
Read More