ပြည်သူ (၁၀၀) ကျော်ခန့်ကို စစ်ကောင်စီတပ်စစ်ကြောင်းက ဖမ်းဆီး

RNA_မတ်(၁)၊၂၀၂၃ ခုနှစ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အေးမြသာယာအုပ်စု၊ ရှရော်ခကျေးရွာမှ ပြည်သူ(၁၀၀)ကျော်ခန့်ကို စစ်ကောင်စီတပ် စစ်ကြောင်းက ယနေ့ညနေ ၄ နာရီခွဲခန့်တွင် အကြောင်းမဲ့ဖမ်းဆီး‌သွားကြောင်း သိရသည်။

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလမှစတင်ကာ အာဏာသိမ်းစစ်ကောင်စီ၏ စစ်ကြောင်းများသည် ဖားကန့်မှော်ကျေးရွာများအတွင်း သေနတ်ပစ်ဖောက်ဝင်ရောက်ပြီး ကျေးရွာသားများအား အတင်းအဓမ္မဖမ်းဆီးခြင်းများဆောင်ရွက်လျက်ရှိနေသည်။

စစ်ကောင်စီတပ်သားများသည် ဖေဖော်ဝါရီ ၁၅ ရက်နေ့က လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာအပိုင် အောင်သာယာနှင့် ဆောင်းချိန်ကျေးရွာမှ ပြည်သူ(၃၀)ခန့်အားလည်းကောင်း၊ ‌ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် အေးမြသာယာအုပ်စု၊ စပျစ်ခူးကျေးရွာမှ ပြည်သူ (၄၀)ခန့်အားလည်းကောင်း ဖမ်းဆီးစစ်ဆေးပြီး အချို့ကိုပြန်လွှတ်ပေးခဲ့သော်လည်း အချို့ကို ဖမ်းဆီးထားဆဲဖြစ်သည်။

#RedNewsAgency

By Editor