ရုပ်သံ

ဖားကန့်မြေပြိုမှု သေဆုံးသူများပြားခဲ့ပြီး၊ သမ္မတဖွဲ့စည်းပေးသည့်အဖွဲ့ စုံစမ်းစစ်ဆေးနေ

ဖားကန့်မြေပြိုမှု သေဆုံးသူများပြားခဲ့ပြီး၊ သမ္မတဖွဲ့စည်းပေးသည့်အဖွဲ့ စုံစမ်းစစ်ဆေးနေ

ဖားကန့်မြေပြိုမှု လူ ၁၇၄ ဦးသေဆုံးမှု( ၂ဦးပျောက်နေ) စုံစမ်းစစ်ဆေးနေ၊ သေဆုံးသူ မိသားစုများကို ထောက်ပံ့ငွေပေး ကိုတာ ဖားကန့်၊ ဇူလိုင် ၅ ရက်။ ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာအနီး မြေပြိုမှုတွင် ဆယ်သူရရှိထားသည့်အလောင်းမှာ ၁၄၇ ဦးဖြစ်ပြီး ၊ စာရင်းများအရ ၂ လောင်းပျောက်နေကြောင်း၊ မြေပြို လူသေသည့် ကိစ္စနှင့် ပတ်သက်ပြီး သမ္မတဖွဲ့စည်းပေးထားသည့်အဖွဲ့က ဇူလိုင် ၄ ရက်နေ့ကစတင်ပြီး စစ်ဆေးနေပြီဖြစ်ပါတယ်။ သေဆုံးသူ ၁၇၄ ဦးအတွက် မိသားစုများကို ထောက်ပံ့ငွေ ၅ သိန်း၊ ဒဏ်ရာရရှိသူ ၅၄ ဦးကို ၂ သိန်းယနေ့ ထောက်ပံ့ခဲ့ကြောင်း၊ ယင်းကိစ္စများနှင့်ပတ်သက်ပြီး ဖားကန့်မှ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများ၊…
Read More
မကွေးတွင် ကျူးကျော်ဟုဆိုကာ အိမ်ခြေ ၁၃၀ ကျော်ကို ပြောင်းရွေ့ပေးရန် အမိန့်စာထုတ်ထား

မကွေးတွင် ကျူးကျော်ဟုဆိုကာ အိမ်ခြေ ၁၃၀ ကျော်ကို ပြောင်းရွေ့ပေးရန် အမိန့်စာထုတ်ထား

ဒီလိုင်း၊ မကွေး၊ ဇူလိုင် ၄ ရက်။ ” ကိုယ့်ဝိုင်းကိုယ့်စည်းနဲ့နေချင်လို့မလို့ ရှိတဲ့ငွေနဲ့‌ခြိုးခြံချွေတာပြီးတော့ ဝယ်ပြီးနေတာပါ၊ အဲဒါကို သူတို့က ကျူးဆိုပြီးသတ်မှတ်ပြီးတော့ ဖယ်ရှားခိုင်းတာပါ။ ကျူးဆိုပြီးတော့ဖယ်ရှားခိုင်းတာ ၁၃၅အိမ်ရှိပါတယ်” ဟု ယင်းနေရာတွင် နေထိုသည့် ဒေါ်ယုဇနလွင်က ပြောထားပါတယ်။ မကွေးတိုင်းဒေသကြီး၊မကွေးခရိုင်၊မကွေးမြို့နယ်၊မယ်လှတောင်ကျေးရွာအုပ်စု (ကွင်းအမှတ်-၁၆၅၄-မြင်းကင်းကွင်း) တွင် အခကြေးငွေပေးဝယ်ပြီး အိမ်ဆောက်နေထိုင်သူများကို တရားမဝင် (ကျူးကျော်) ဟုဆိုကာ မကွေးမြို့နယ် အုပ်ချုပ်ရေး ဦးစီးဌာနက ဇူလိုင်လ ၂၁ ရက်နေ့ နောက်ဆုံးထားရွေ့ပြောင်းရမည်ဟု အမိန့်စာထုတ်ထားကြောင်း ဒေသခံများက ပြောကြားထားသည်။ ” ကျူးကျော်ဆိုပြီးသတ်မှတ်ပြီးရောက်လာပါတယ်၊ ကျွန်မတို့က ကိုယ့်ချွေးနည်းစာနဲ့ဒီရပ်ကွက်မှာရှိတဲ့ပိုင်ရှင်တွေဆီကနေပြီး တတ်နိုင်သလောက်ပေး ဝယ်ထားတာဖြစ်တဲ့အတွက်ကျူးမဟုတ်လို့၊ ကျူးကျော်နေထိုင်တာလို့ မသတ်မှတ်နိုင်ပါဘူး၊ ဒီတစ်ရပ်ကွက်လုံးမှာကျူးကျော်တစ်အိမ်မှမပါဘာဘူး” ဟု ယင်းရပ်ကွက်နေထိုင်သူ တဦးက…
Read More
သေဘေးမှ သီသီလေး လွှတ်မြောက်လာသူ

သေဘေးမှ သီသီလေး လွှတ်မြောက်လာသူ

ရေမဆေးကျောက်ရှာဖွေဖို့သွားသော်လည်း သေဘေးမှ လွတ်မြောက်လာသူ တာလင်းမောင် ၊ ဖားကန့်၊ ဇွန် ၃ ရက်။ ဇွန်လ ၂ ရက်နေ့ ရေမဆေးကျောက်ရှာဖွေရန်သွားခဲ့သူ၊ သေဘေးမှ လွတ်မြောက်ခဲ့သူ တစ်ဦးဖြစ်သူက ဖြစ်စဉ်တချို့ကို ပြောပြထားပါတယ်။ ဖားကန့်မြိုကနယ် ဝှေခါကျေးရွာ ရပ်ကွက် (၆)၊ လခူးချောင်ရှိ ကျောက်မျက်ရွှေပြည်ကုမ္ဗဏီ ( ဒေသအခေါ် တစ်သုံးလုံး ကုမ္ဗဏီ) အတွင်း ကျင်းကမ်းပါး ပြိုကျမှုကြောင့် ယနေ့ နေလည်ပိုင်းအထိ သေဆုံးသူ ရုပ်အလောင်း ၁၆၈ ဦးကို ဆယ်ယူပြီးကြောင်း သိရသည်။ Red News Agency
Read More
ဖားကန့်မြေပြိုကျ သေဆုံးသူများနှင့်ပတ်သက်ပြီး သေဆုံးသူများမှာသာ တာဝန်ရှိဟု လွှတ်တော်ကိုယ်စားလှယ်ပြော

ဖားကန့်မြေပြိုကျ သေဆုံးသူများနှင့်ပတ်သက်ပြီး သေဆုံးသူများမှာသာ တာဝန်ရှိဟု လွှတ်တော်ကိုယ်စားလှယ်ပြော

တာလင်းမောင် ၊ ဖားကန့်၊ ဇူလိုင် ၄ ရက်။ ”တာဝန်အရှိဆုံးက အဲဒီကျင်းကို တူးတဲ့လူတွေ တာဝန်အရှိဆုံးဘဲ။ သူတို့ဘာသာ သူတို့တူးတဲ့ ကိစ္စ။ ကျန်တဲ့သူ ဘယ်သူ့မှာတာဝန်ရှိတယ် ဘယ်အဖွဲ့အစည်းမှာ ဘယ်လို ပြောစရာမလိုဘူး ဒီတူးတဲ့လူတွေ တာဝန်အရှိဆုံးဘဲ” ဟု ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုးက ပြောကြားထားပါတယ်။ ဖားကန့်မြို့နယ်၊ ဝှေခါရပ်ကွက် လခူးချောင်ရှိ ကျောက်မျက်ရွှေပြည်ကုမ္ဗဏီ လုပ်ကွက်အတွင်း ဇူလိုင်လ ၂ ရက်နေ့က ကမ်းပါးပြိုကျခဲ့ရာတွင် ဇူလိုင်လ ၃ ရက်နေ့ထိ သေဆုံးသူ ရုပ်အလောင်း ၁၆၉ လောင်း ဆယ်ယူနိုင်ခဲ့ပြီး၊ ဒဏ်ရာရရှိသူ ၄၃ ဦးရှိခဲ့သည်။ Red News Agency
Read More
တပ်မတော် နိုင်ငံရေးကနေ ဘယ်တော့ထွက်မလဲ

တပ်မတော် နိုင်ငံရေးကနေ ဘယ်တော့ထွက်မလဲ

နိုင်ငံတော်လုံခြုံရေး တာဝန်ကို ယူရမဲ့ တပ်မတော်က နိုင်ငံရေးမှာ ပါဝင်နေမှုနှင့် ပတ်သက်ပြီး ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဌ ဒေါ်သက်သက်ခိုင်ရဲ့ အမြင်သဘောထားက ဘာတွေဖြစ်မလဲ။ Red News Agency
Read More
နေပြည်တော်တွင် ပြည်ထောင်စုအဆင့်ဝန်ကြီးတွေ မြေကွက်ချထားပေးသည့်ကိစ္စမှန်သည်ဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးပြော

နေပြည်တော်တွင် ပြည်ထောင်စုအဆင့်ဝန်ကြီးတွေ မြေကွက်ချထားပေးသည့်ကိစ္စမှန်သည်ဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးပြော

ဇင်လင်းနိုင်၊ နေပြည်တော်၊ ဇွန် ၁၉ ရက်။ နေပြည်တော်တွင် ပြည်ထောင်စုအဆင့်ဝန်ကြီးတွေကို မြေကွက်ချထားပေးသည့်ကိစ္စမှန်သည်ဟု ဆိုသော်လည်း ဆိုရှယ်မီဒီယာတွင် ဖော်ပြထားသည့် မြေကွက် ဧရိယာမှာ မှားယွင်းနေကြောင်း ဇွန်လ ၁၉ ရက်နေ့ သမ္မတအိမ်တော် သတင်းစာရှင်းလင်းပွဲတွင် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။ ဥတ္တရသီရိမြို့နယ်အတွင်းမှာ နေပြည်တော်စည်ပင်က မြေ ၂ ဧကရှိသည့် မြေကွက် ၁၀ ကွက်၊ မြေ ၁ ဧက ရှိသည့် မြေကွက် ၆ ကွက်ကို ပြည်ထောင်စုအဆင့်တာဝန်ထမ်းဆောင်နေသည့် ပြည်ထောင်စု ဝန်ကြီးနှင့်အထက် နိုင်ငံရေးရာထူးရှိ ပုဂ္ဂိုလ်တွေ လျှောက်ထားလာသူတွေကို သတ်မှတ်ဈေးနှုန်းနှင့် ချပေးတာဖြစ်ကြောင်း ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ဦးဇော်ဌေးက သတင်းသမားများကို ပြောကြားခဲ့သည်။…
Read More
ရဲဝန်ထမ်း တချို့က ထမင်းဆိုင်ထဲဝင်ကာ ရိုက်နှက်ခြင်း၊ သေနတ်နှင့်ချိန်ကာ ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သည်ဟု ဆိုင်ပိုင်ရှင် ပြောကြားသည့်အပေါ် မကွေးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်လွင် ပြန်လည်ရှင်းလင်း

ရဲဝန်ထမ်း တချို့က ထမင်းဆိုင်ထဲဝင်ကာ ရိုက်နှက်ခြင်း၊ သေနတ်နှင့်ချိန်ကာ ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သည်ဟု ဆိုင်ပိုင်ရှင် ပြောကြားသည့်အပေါ် မကွေးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်လွင် ပြန်လည်ရှင်းလင်း

ရိုက်ကူး၊ ဒီလှိုင်း၊ မကွေး၊ ဇွန် ၁၉ ရက်။ မကွေးမြို့ ရန်ဝေးရပ်ကွက်၊ ပြည်တော်သာလမ်းရှိ ရွှေလမင်း ထမင်းဆိုင်ထဲဝင်ကာ မကွေးမြို့ အမှတ် (၁) ရဲစခန်းမှ ယူနီဖောင်းဝတ် ရဲ ၁ ဦးအပါအဝင် ယူနီဖောင်း မဝတ်သည့် ရဲတို့က ဆိုင်ရှင်အပါအဝင် တွေ့ရှိသူများကို တုတ်ဖြင့်ရိုက်ခြင်း၊သေနတ်နှင့် ချိန်ကာ သတ်ပစ်လိုက်မည်ဟု ခြိမ်းခြောက်မှုများပြု လုပ်ခဲ့သည့်ကို CCTV မှတ်တမ်းနှင့် ပြောပြခဲ့ခြင်းများနှင့် ပတ်သက်ပြီး မကွေးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်လွင်က ဖြစ်စဉ်ကို ရှင်းပြထားသည်။ ရဲလုပ်ထုံး လုပ်နည်းနှင့်အညီ မလုပ်ခဲ့သည့်အတွက် ဇွန်လ ၁၄ ရက်နေ့ ည ၁ နာရီဝန်းကျင်က ဖြစ်စဉ်တွင် ပါဝင်ခဲ့သည့်ရဲများကို အရေးယူမည်ဖြစ်ကြောင်း၊…
Read More
မကွေးမြို့ အမှတ် (၁) ရဲစခန်းမှ ရဲ ၁၀ ယောက်ဝန်းကျင်က ထမင်းဆိုင်ထဲဝင်ကာ ရိုက်နှက်ခြင်း၊ သေနတ်နှင့်ချိန်ကာ ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့

မကွေးမြို့ အမှတ် (၁) ရဲစခန်းမှ ရဲ ၁၀ ယောက်ဝန်းကျင်က ထမင်းဆိုင်ထဲဝင်ကာ ရိုက်နှက်ခြင်း၊ သေနတ်နှင့်ချိန်ကာ ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့

ရိုက်ကူး၊ ဒီလှိုင်း ၊ မကွေး၊ ဇွန် ၁၇ ရက်။ မကွေးမြို့ ရန်ဝေးရပ်ကွက်၊ ပြည်တော်သာလမ်းရှိ ရွှေလမင်း ထမင်းဆိုင်ထဲဝင်ကာ မကွေးမြို့ အမှတ် (၁) ရဲစခန်းမှ ယူနီဖောင်းဝတ် ရဲ ၁ ဦးအပါအဝင် ယူနီဖောင်း မဝတ်သည့် ရဲ ၁၀ ဦးဝန်းကျင်က ဆိုင်ရှင်အပါအဝင် တွေ့ရှိသူများကို အသင့်ပါလာသည့် တုတ်များဖြင့် ရိုက်နှက်ပြီးကြောင်း၊ သေနတ်နှင့် ချိန်ကာ သတ်ပစ်လိုက်မည်ဟု ခြိမ်းခြောက်မှုများ ဇွန်လ ၁၄ ရက်နေ့ ည ၁ နာရီဝန်းကျင်က ပြုလုပ်သွားကြောင်း ထမင်းဆိုင်ပိုင်ရှင် ဒေါ်နွယ်နွယ်ဖြိုးက ဇွန်လ ၁၇ ရက်နေ့တွင် ပြောသည်။ ယင်းကိစ္စနှင့်ပတ်သက်ပြီး သေနတ်နှင့်ချိန်ကာ ခြိမ်းခြောက်မှုများ၊…
Read More
ရတနာ မြေစာပုံပေါ်က ဈေးသည်များ (သို့မဟုတ်) သူတို့ဘဝ သူတို့ အလှ

ရတနာ မြေစာပုံပေါ်က ဈေးသည်များ (သို့မဟုတ်) သူတို့ဘဝ သူတို့ အလှ

ရိုက်ကူး၊ တာလင်းမောင် (ဖားကန့်) ဘဝမျှော်လင့်ချက်တွေနဲ့ ဖားကန့်ကို ကျောက်တူး တက်ကြပေမဲ့ မြေစာပုံပေါ်က ရေမဆေးကျောက် ရှာဖွေသူတွေဟာ မြန်မာနိုင်ငံ အနှံ့အပြားက ဖြစ်ပါတယ်။ ဒီအထဲမှာ ယောက်ျားတွေနဲ့ တန်းတူ စီးပွားရှာနေကြတဲ့ ဈေးသည်တွေ ရှိနေပါတယ်။ မြေစာပုံက ဈေးသည်တွေဟာ သူတို့ဘဝနဲ့ သူတို့တော့ သူရဲကောင်းများဖြစ်ပါတယ်။Red News Agency
Read More

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် မကွေးတပ်နယ်က COVID-19 ကာလအတွင်း တန်ဖိုးသင့် ထမင်း/ဟင်း များရောင်းနေ

ရိုက်ကူး၊ ဒီလှိုင်း မကွေး၊ မေ ၁၉ ရက်။ မကွေးတိုင်းဒေသကြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မကွေးတပ်နယ်က ကာကွယ်ရေး ဦးစီးချုပ် ညွှန်ကြားချက်အရ မေလ ၄ ရက်နေ့ကစတင်ပြီးတော့ မကွေးမြို့ သင်ကြားရေး ဆေးရုံရှေ့မှာ တနင်္လာနေ့ကနေ သောကြာနေအထိ တန်ဖိုးသင့် ထမင်း၊ဟင်းများကို ရောင်းချနေပါတယ်။ "နေ့ခင်းစာအတွက်ရောင်းချပေးတာပါ၊အများကြီးတော့မဟုတ်ဖူး၊လူ၁၀၀စာ လုပ်လာပါတယ်၊ကြက်ဥကလဲ သက်သာတဲ့‌ဈေးနှုန်းနဲ့လတ်လတ်ဆက်ဆက် ကြက်ခြံကထွက်တဲ့ဟာရောင်းတာဖြစ်ပါတယ်၊ခုပါလာ‌တာကတော့ကြက်သားအာလူးချက်၊ငံပြာရည်ဖျော်၊ဘာလချောင်နဲ့တို့စရာသရက်သီးရယ်ပါ၊တပ်နယ်မှာရှိတဲ့တပ်ရင်းအလှည့်ကြလိုက်သင်ကြား‌ရေးဆေးရုံမှာတနင်းလာနေ့မှသောကြာနေ့အထိရောင်းပေးတာပါ။ COVID-19ရောဂါကာလမှာရောဂါကူးစက်မှုမရှိအောင်စနစ်တစ်ကျ ၁ဦးနဲ့၁ဦ း၃‌ပေအကွာဝယ်ယူခိုင်းပါတယ် " ဟု အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် မကွေးတပ်နယ်၊အမှတ်(၃)တပ်မတော်စစ်သားစုဆောင်းရေးတပ် အုပ်ချုပ်ရေးဌာနမှ ဗိုလ်မှူးသွေးနီထက်က ပြောပါတယ်။Red News Agency
Read More