Red News Agency

Independent Journalism for Justice and Human Rights.

Category: ရုပ်သံ

  • စစ်ဆေးရေးဂိတ်ကို ရေးဘီလူးတပ်ဖွဲ့ ဝင်တိုက်

    စစ်ဆေးရေးဂိတ်ကို ရေးဘီလူးတပ်ဖွဲ့ ဝင်တိုက်

    RNA_ဖေဖော်ဝါရီ(၁၉)၊၂၀၂၃ ခုနှစ်။

    ယနေ့ နံနက် (၇) နာရီ (၁၅) မိနစ်ဝန်းကျင်က မွန်ပြည်နယ် (တောင်ပိုင်း)၊ ရေး -ထားဝယ် ကားလမ်းမပေါ်ရှိ စစ်ကောင်စီတပ်သားများ စခန်းချစစ်ဆေးနေသည့် ရေးတံတားကြီး စစ်ဆေးရေးဂိတ်ကို ရေးဘီးဘူးတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    အပြန်လှန်ပစ်ခတ်မှု (၁) နာရီဝန်းကျင်အတွင်း စစ်ကောင်စီဘက်မှ အကျအဆုံးများကြောင်း၊ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူတဦး သေဆုံးခဲ့ကြောင်း၊ ရေးဘီလူးတပ်ဖွဲ့ဝင် (၃) ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    [embedyt] https://www.youtube.com/watch?v=PqycjUrHODs[/embedyt]

    ရေးတံတားကြီး စစ်ဆေးရေးဂိတ်ကို ၂၀၂၂ ခုနှစ် ဩဂုတ်လ (၂၅) ရက်နေကလည်း ရေးဘီလူးတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။

    #RedNewsAgency

  • မြေပြင်စိုးမိုးမယ့် ဝေဟင်မိုးကြိုး “Project ဝရဇိန်” ကမ်ပိန်းအောင်မြင်မည်ဟု မနီလာသိန်းပြော

    မြေပြင်စိုးမိုးမယ့် ဝေဟင်မိုးကြိုး “Project ဝရဇိန်” ကမ်ပိန်းအောင်မြင်မည်ဟု မနီလာသိန်းပြော

    RNA_ဖေဖော်ဝါရီ(၁၉)၊၂၀၂၃ ခုနှစ်။

    ၈၈ မျိုးဆက် ကိုဂျင်မီနှင့် မနီလာသိန်းတို့အမည်ဖြင့် တော်လှန်ရေးပြည်သူတဦးက ” Project ဝရဇိန်” အတွက် သိန်း (၈၀) ကျပ် ယနေ့ လှူဒါန်းသွားခဲ့ကြောင်း သိရသည်။

    ရှာထူးဝေါ် နည်းပညာတပ်ဖွဲ့အတွက် အထူးစစ်ဆင်ရေး လုပ်ငန်းများတွင် အသုံးပြုရန် မြေပြင်စိုးမိုးမယ့် ဝေဟင်မိုးကြိုး ” Project ဝရဇိန်” ကမ်ပိန်း ပြုလုပ်နေကြောင်း၊ ယနေ့ စဖွင့်သည့်နေ့မှာကမ္ဘာအရပ်ရပ်မှ Fundraisers များနှင့် Donors များ၏ ပါဝင်လှူဒါန်းမှုမှာ USD10,000 ရရှိကြောင်း ဒို့ကမ်ပိန်းအဖွဲ့က အသိပေးထားသည်။

    (more…)

  • လယ်ကွင်းပြင်တိုက်ပွဲတွင် ကျဆုံးခဲ့သည့် ရဲဘော် (၁၄) ဦးအတွက် အလေးပြု ဦးညွှတ်ဂုဏ်ပြုပွဲ

    လယ်ကွင်းပြင်တိုက်ပွဲတွင် ကျဆုံးခဲ့သည့် ရဲဘော် (၁၄) ဦးအတွက် အလေးပြု ဦးညွှတ်ဂုဏ်ပြုပွဲ

    RNA_ဖေဖော်ဝါရီ(၁၇)၊၂၀၂၃ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ လယ်ကွင်းပြင်တိုက်ပွဲတွင် တိုင်းပြည်နှင့်လူမျိုးအတွက် အသက်ပေးခဲ့သည့် သူရဲကောင်း အာဇာနည် (၁၄) ဦးအတွက် တနှစ်ပြည့် အလေးပြု ဦးညွှတ်ဂုဏ်ပြုပွဲ ယနေ့ ပြုလုပ်ခဲ့ကြောင်း သိရသည်။

    ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ (၁၇) ရက်နေ့က စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ရင်း K.K.K Defence Force မှ ဆရာဦးစောထွေး၊ ဦးထွန်းထွန်းဝင်း၊ ဦးကျော်မိုးနှင့်ဦးဇော်မင်းထွန်း တို့အပါအဝင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ရဲဘော် (၁၄) ဦး ကျဆုံးခဲ့ရခြင်း ဖြစ်သည်ဟု ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရဲဘော်တဦးက ပြောသည်။

    [embedyt] https://www.youtube.com/watch?v=VVsOpvKNCVw[/embedyt]

    (more…)

  • အကြမ်းဖက်စစ်ခေါင်းဆောင်များ နေဝင်ချိန်နီးနေပြီဟု ဒေါက်တာဆာဆာပြော

    အကြမ်းဖက်စစ်ခေါင်းဆောင်များ နေဝင်ချိန်နီးနေပြီဟု ဒေါက်တာဆာဆာပြော

    RNA_ဖေဖော်ဝါရီ(၁၄)၊၂၀၂၃ ခုနှစ်။

    အမျိုးသားညီညွတ်ရေးအစိုးရ -NUG အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာက အကြမ်းဖက်စစ်ခေါင်းဆောင်များ နေဝင်ချိန်နီးနေပြီဟု တော်လှန်ရေးအင်အားစုများကို ပြောကြားထားသည်။

    ၇၆ နှစ်မြောက် ပြည်ထောင်စုနေ့ ( ဖေဖော်ဝါရီ ၁၂ ရက်) က အမေရိကန်နိုင်ငံ မယ်ဝါးခီး (Milwaukee USA) တော်လှန်ရေးမိသားစုနှင့် ဒေါက်တာဆာဆာတို့ အွန်လိုင်းအစည်းအဝေးတွေ့ဆုံပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

    [embedyt] https://www.youtube.com/watch?v=ETBWMInxeLc[/embedyt]

    #RedNewsAgency

  • စာသင်ကျောင်း တပ်စွဲထားသည့် စစ်ကောင်စီတပ် စီးနင်းပစ်ခတ်ခံရ

    စာသင်ကျောင်း တပ်စွဲထားသည့် စစ်ကောင်စီတပ် စီးနင်းပစ်ခတ်ခံရ

    RNA_ဖေဖော်ဝါရီ(၁၄)၊၂၀၂၃ ခုနှစ်။

    မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပန်းတိုင်းခြုံကျေးရွာ စာသင်ကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စီးနင်းတိုက်ခိုက်ခဲ့ကြသည်။

    စခန်းသိမ်းတိုက်ပွဲအဖြစ် ပန်းတိုင်ခြုံကျေးရွာ စာသင် ကျောင်းတပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဖေဖော် ဝါရီလ (၁၃) ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ရည်ရွယ်တိုက်ခိုက်ခဲ့သော်လည်း (၁၅) မိနစ်ဝန်းကျင်သာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက် ထိခိုက်သေဆုံးမှုကို အတည်မပြုနိုင်သေးကြောင်း Young Force (UG)က ထုတ်ပြန်ထားသည်။

    (more…)

  • ဖားကန့် ကျောက်မျက်လုပ်ကွက် စွန့်ပစ်မြေစာပုံပြိုပြီး (၃) ဦးသေဆုံး(၅) ဦးဒဏ်ရာရ

    ဖားကန့် ကျောက်မျက်လုပ်ကွက် စွန့်ပစ်မြေစာပုံပြိုပြီး (၃) ဦးသေဆုံး(၅) ဦးဒဏ်ရာရ

    RNA_ဖားကန့်၊ဖေဖော်ဝါရီ (၁၃)၊၂၀၂၃ ခုနှစ်။

    စစ်ကောင်စီလက်ထက် ကျောက်မျက်တူးဖော်ရေးလုပ်ငန်းအား စက်ယန္တရားအင်အားအလွန်အကျွံအသုံးပြု တူးဖော်နေကြသည့် ဖားကန့်‌၌ ယမန်နေ့ ( ဖေဖော်ဝါရီ (၁၂) ရက်) ည ၁၀ နာရီ ၃၀ မိနစ်ခန့်က စွန့်ပစ်မြေစာပုံပြိုပြီး (၃) ဦးသေဆုံးပြီး (၅) ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။

    ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ကုဋေကျေးရွာအနီးရှိ ယခင် အဲဗားဝင်းနားကုမ္ပဏီနေရာ၌ ကျောက်မျက်တူးဖော်စွန့်ပစ်သည့် မြေစာပုံပြိုကျပြီး ထိခိုက်သေဆုံးမှုများဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

    စွန့်ပစ်မြေစာပုံပျက်ကျ (ပြို့ကျ)သည့် ဖြစ်စဉ်တွင် (၁) နာရီကျော်ခန့် မြေစာများဖုံးအုပ်ပိမိနေခဲ့ရာမှ အသက်ရှင်လျက်ပြန်လည်ကယ်ထုတ်နိုင်ခဲ့သူတစ်ဦးရှိခဲ့ကြောင်း သိရသည်။

    [embedyt] https://www.youtube.com/watch?v=BPWehTVWPn4[/embedyt]

    (more…)

  • ကျောက်စိမ်းခိုးတူးနေသည့် ဖားကန့်ရတနာနယ်မြေ ညပိုင်းမြင်ကွင်း

    ကျောက်စိမ်းခိုးတူးနေသည့် ဖားကန့်ရတနာနယ်မြေ ညပိုင်းမြင်ကွင်း

    RNA_ဖေဖော်ဝါရီ(၁၁)၊၂၀၂၃ခုနှစ်။

    ကချင်ပြည်နယ်၊ ဖားကန့်မြို့ ကျောက်စိမ်းတွင်းများကို ညပိုင်း စက်ယန္တရားပေါင်းမြောက်များစွာဖြင့် ခိုးတူးနေကြသည့် မြင်ကွင်း သတင်းကို ဖော်ပြလိုက်သည်။

    [embedyt] https://www.youtube.com/watch?v=FcGFn093DsE[/embedyt]

    Red News Agency

  • စစ်ကောင်စီတပ်နှင့်ပျူစောထီးများ ကြားဖြတ်တိုက်ခိုက်ခံရ 

    စစ်ကောင်စီတပ်နှင့်ပျူစောထီးများ ကြားဖြတ်တိုက်ခိုက်ခံရ 

    RNA_ဖေဖော်ဝါရီ(၇)၊၂၀၂၃ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တည်သီးတောကျေးရွာမှ ပျူစောထီးနှင့် စစ်ကောင်စီတပ်သားများ ဖေဖော်ဝါရီလ (၆) ရက်နေ့ နံနက် (၈) နာရီ (၁၅) မိနစ်ဝန်းကျင်ခန့်က ဇီးဖြူကုန်းရွာသို့အသွားတွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    စစ်ကောင်စီတပ်သားများနှင့် လက်အောက်ခံ ပျူစောထီးများကို ဗိုလ်ကျားရိုင်း-ရွှေဘို(LPDF)အဖွဲ့၊ ဗိုလ်ဂျပန်ကြီး (T.T.T)-SHWEBO LPDFအဖွဲ့၊ မတစ်ထောင်(တစ်ကောင်ဘွား)-ဒီပဲယင်းအဖွဲ့၊ ရွှေဘိုမြို့နယ် တိုက်နယ်-၂ မဟာမိတ် ညီကိုများမှ ဆွဲမိုင်းတိုက်ခိုက်ခဲ့ကြောင်း ဗိုလ်ကျားရိုင်း-ရွှေဘို (LPDF) အဖွဲ့က ထုတ်ပြန်ထားသည်။

    [embedyt] https://www.youtube.com/watch?v=J8FnSbVrlk4[/embedyt]

    တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားနှင့် ပျူစောထီး (၇) ဦးသေဆုံးပြီး (၃) ဦးအပြင်းအထန် ဒဏ်ရာရရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသော်လည်း Red News Agency အနေဖြင့် သီးခြား တိတိကျကျ အတည်ပြုနိုင်ခြင်း မရှိကြောင်း အသိပေးအပ်ပါသည်။

    Red News Agency

  • ဥပဒေ စိုးမိုးမှုမရှိတော့တဲ့နောက် ဖားကန့်ကျောက်စိမ်းတွင်း အခြေအနေ

    ဥပဒေ စိုးမိုးမှုမရှိတော့တဲ့နောက် ဖားကန့်ကျောက်စိမ်းတွင်း အခြေအနေ

    RNA_ဖေဖော်ဝါရီ()၊၂၀၂၃ခုနှစ်။

    စစ်တပ်အာဏာသိမ်းပြီးနောက်ဖားကန့်ကျောက်စိမ်းတွင်းတွေကိုဘယ်သူတွေစိုးမိုးနေလဲ၊ဘာ့ကြောင့်တိုက်ပွဲတွေမဖြစ်သလဲ၊ကျောက်စိမ်းတွေကိုဘယ်သူတွေတူးနေကြသလဲဆိုတဲ့အခြေအနေအရပ်ရပ်ကို တင်ပြလိုက်ပါသည်။

    [embedyt] https://www.youtube.com/watch?v=8_sruzlaK80[/embedyt]

    Red News Agency

  • အိမ်စီးကားတစီး မိုင်းနင်းမိပြီး (၄) ဦးသေ (၂) ဦးဒဏ်ရာပြင်းထန်

    အိမ်စီးကားတစီး မိုင်းနင်းမိပြီး (၄) ဦးသေ (၂) ဦးဒဏ်ရာပြင်းထန်

    အိမ်စီးကားတစီး မိုင်းနင်းမိပြီး (၄) ဦးသေ (၂) ဦးဒဏ်ရာပြင်းထန်
     
    RNA_ဖေဖော်ဝါရီ(၅)၊၂၀၂၃ ခုနှစ်။
     
    ကယားပြည်နယ်၊ လွိုင်ကော်မြို့မှ ထွက်လာသည့် Ipsum အဖြူရောင် အိမ်စီးကားတစီး ဇရပ်ဖြူကျေးရွာအကျော်လမ်းတွင် ယနေ့ နေ့လည် (၂) နာရီဝန်းကျင်က မိုင်းနင်းမိပြီး ကားပေါ်ပါသူ အမျိုးသား (၄) ဦးသေဆုံးကာ အမျိုးသား (၂) ဦးအပြင်းအထန် ဒဏ်ရာရရှိသွားကြောင်း သိရသည်။
     
    မိုင်းနင်းမိသည့်ကားမှာ တစစီဖြစ်သွားပြီး အလောင်းများမှာလည်း ရုပ်ပျက်သွားသည်အထိ ထိခိုက်ပျက်စီးသွားကြောင်း၊ လွိုင်ကော်ဆေးရုံသို့ ရွှေလွိုင်ကော်အသင်းမှ Dead Body-၃လောင်း နှင့် အသက်ရှင်သောလူနာ-၁ဦး၊ Dead Body- ၁ လောင်းနှင့် အသက်ရှင်လူနာ- ၁ဦးအား ရွှေညောင်ပင် ပရဟိတအသင်းမှ ပို့ဆောင်ပေးခဲ့သည်ဟု ရွှေလွိုင်ကော် (ကယား) ပရဟိတအသင်းမှ အသိပေးထားသည်။
    [embedyt] https://www.youtube.com/watch?v=J4eYjQqKJ9M[/embedyt]
     
    ကားမိုင်းနင်းမိပြီး သေဆုံးသွားသူများမှာ ကိုအောင်စိုးမိုး၊ ကိုထွန်းမင်းလတ်၊ ကိုစိန်မင်း (အသက် ၄၁နှစ်) တို့၏ အမည်များသာသိရပြီး အသက်ရှင်သောလူနာ၂ဦးနှင့် သေဆုံး ကျား-၁ ၏ အမည် /လိပ်စာ စုံစမ်း၍မရသေးကြောင်း ရွှေလွိုင်ကော် (ကယား) ပရဟိတ အသင်းက အသိပေးထားသည်။
     
    #RedNewsAgency