ကော့ကရိတ် ကမိုင်ကုန်း စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များတိုက်ခိုက် 

RNA_မတ် (၃)၊၂၀၂၃ ခုနှစ်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ ကမိုင်ကုန်းတွင်တပ်စခန်းချထားသည့် စစ်ကောင်စီတပ်ကို အဖိုးဘီဂျီ ဦးဆောင်သည့် ကျားဖြူစစ်ကြောင်းနှင့် မဟာမိတ်တပ်ဖွဲ့တို့မှ ယမန်နေ့က သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

” ကျွန်နော်တို့ မနေ့က ကမိုင်ကုန်း စခန်းကို သွားတိုက်တာ အကျအဆုံးက မသိရသေးဘူး၊ ညဘက်ကြတော့ စကစက လက်နက်ကြီးနဲ့ ရွာတွေဘက်ကို ရမ်းသမ်းပစ်တယ်” ဟု ကျားဖြူစစ်ကြောင်းမှ တိုက်ပွဲတွင်ပါဝင်ခဲ့သူ ရဲဘော်သစ်နောင်နောင်က ပြောသည်။

ကျားဖြူစစ်ကြောင်းမှ စစ်ကောင်စီတပ် ကော့ကရိတ်  ကမိုင်ကုန်းစခန်းအား (၄၅) မိနစ်ဝန်းကျင်တိုက်ခိုက်နေစဉ်အတွင်း မဟာမိတ်တပ်ဖွဲ့တခုဖြစ်သည့် Lion Battalion Commando Special Force ဗျူဟာစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူးဦးဆောင်သည့်ရဲဘော်များမှ စစ်‌ကူရောက်ရှိလာပြီး ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

#RedNewsAgency

By Editor