စစ်ကောင်စီတပ်မှ (၁၃) ဦးကျဆုံးခဲ့သည့် တိုက်ပွဲ ရုပ်သံ

RNA_ဖေဖော်ဝါရီ(၂၇)၊၂၀၂၃ခုနှစ်။

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ အရှေ့တောနယ်ဒေသ၊ ထားဝယ်ထီးခီး လမ်းမပေါ်ရှိ ဗဲ့မဲ့တပ်တောင်အနီး၊ ကွာလီတောင်ကြောနှင့် သင်္ကန်းတုံးကျေးရွာအနီး ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ (၁၃) ဦးခန့် သေဆုံးခဲ့သည်။

ဥဩစစ်ကြောင်းနှင့် ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း() တို့ ပူးပေါင်းပြီး ဖေဖော်ဝါရီ (၁၇) ရက်နေ့က စစ်ကောင်စီတပ်နှင့် တိုက်ပွဲပြင်းထန်ခဲ့ရာ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်သား (၁၀) ဦးသေဆုံးပြီး၊ နေ့လည်ပိုင်းတိုက်ပွဲတွင် () ဦးသေဆုံးခဲ့ကြောင်း၊ယင်းတိုက်ပွဲအတွင်းပြည်သူ့ကာကွယ်ရေးရဲဘော်တဦးကျဆုံးခဲ့ကြောင်းဥဩစစ်ကြောင်းကထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သားများ အသေအဆုံးများခဲ့သည့် ဖေဖော်ဝါရီလ (၁၇) ရက်နေ့မှ ၁၈ ရက်နေ့အထိ ဖြစ်ပွားခဲ့သည့် ထားဝယ်ထီးခီးလမ်းမကြီးနေရာတိုက်ပွဲမှတ်တမ်းရုပ်သံကိုယနေ့မှာဥဩစစ်ကြောင်းထားဝယ်မြို့နယ်မှထုတ်ပြန်ထားသည်။

Red News Agency

By Editor