ရဲဘော်များဆုတ်နိုင်ရန် ကာပစ်ပေးရင်း ကျဆုံးခဲ့ရသည့် YRA တပ်ခွဲမှူး

ရဲဘော်များဆုတ်နိုင်ရန် ကာပစ်ပေးရင်း ကျဆုံးခဲ့ရသည့် YRA တပ်ခွဲမှူး ရဲဘော်ကျော်မင်းလွင်

RNA_မတ်(၂၁)၊၂၀၂၃ ခုနှစ်။

မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ဆေးမင်းတောရွာအနီးတွင် စစ်ကောင်စီတပ် တပ်မ (၇၇) နောက်ချန် စစ်ကြောင်းအား အနီးကပ်ဝင်တိုက်စဉ် လက်နက်အင်အားမမျှသည့်အတွက် ရဲဘော်များပြန်ဆုတ်နိုင်ရန် ကာပစ်ပေးစဉ် ဂန့်ဂေါခရိုင်တပ်ရင်း (၁၇) Yaw Revolution Army-ထီးလင်း တပ်ခွဲ ၃ မှ တပ်ခွဲမှူး ရဲဘော်ကျော်မင်းလွင် ကျဆုံးခဲ့ရသည်။

မကွေးတိုင်း၊ ပခုက္ကူ၊ ပေါက်၊ကျောက်ထုလမ်းပိုင်းအတိုင်းဖြတ်သန်းလာသော စစ်ကောင်စီတပ် ယာဥ်တန်းမှ ကား (၃၂) စီး၊ တပ်မ (၇၇ ) နှင့်အခြားတပ်မများပူးပေါင်းထားသောစခအင်အား ၂၀၀ ကျော်ပါ စစ်ကြောင်းတို့မှ နောက်ချန်အင်အားကို မတ်လ (၁၈) ရက်နေ့က ဂန့်ဂေါခရိုင်တပ်ရင်း (၁၇) Yaw Revolution Army-ထီးလင်း တပ်ခွဲ ၃ မှအနီးကပ် ဝင်တိုက်ခိုက်ခဲ့ကြစဉ် စစ်ကောင်စီတပ်ဘက်မှ အသေအဆုံးရှိပြီး အင်အားအများအပြားဖြင့် တိုက်ခိုက်ခံရစဉ်တပ်ဆုတ်နိုင်ရန် ကာပစ်ပေးရင်း တပ်ခွဲမှူး ရဲဘော်ကျော်မင်းလွင် ကျဆုံးခဲ့ရခြင်းဖြစ်သည်။

“ပစ်အားအဆမတန်ကွာဟမှုကြောင့် ပူးပေါင်းတပ်ဖွဲ့တပ်ဆုတ်ရစဥ် ဒဏ်ရာရှိသူနှစ်ဦးထဲမှ ပြင်းထန် ဒဏ်ရာရရှိသူ ဂန့်ဂေါခရိုင် တပ်ရင်း(၁၇)၊တပ်ခွဲ(၃)၏ တပ်ခွဲမှုး ကျော်မင်းလွင်မှ ကျန်တပ်ဖွဲ့ဝင်များ ဆုတ်ခွာနိုင်ရန် ကာပစ်ပေးရင်း မြင့်မြတ်စွာအသက်ပေးလှူခဲ့ရပြီး AK မောင်းပြန်တစ်လက် ဆုံးရှုံးခဲ့ ရပါသည်။ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်နိုင်ရေးအတွက် အကြမ်းဖက် စစ်ကောင်စီတပ် အားရွပ်ရွပ်ချွံချွံတွန်းလှန်တိုက်ခိုက်ရင်း ဂုဏ်ရောင် ဝင်းပြောင်စွာ အသက်ပေးလှူခဲ့သော တပ်ခွဲမှုး ကျော်မင်းလွင်အား မိမိတို့ဂန့်ဂေါခရိုင်တပ်ရင်း(15/16/17)-YRA ထီးလင်းမှ ဆို့နင့်ကြေကွဲသော နှလုံးသားဖြင့် ဂုဏ်ပြုအလေးနီပြုအပ်ပါသည်” ဟု Yaw Revolution Army – ထီးလင်း က ထုတ်ပြန်ထားသည်။

ပခုက္ကူ၊ ပေါက်၊ ကျောက်ထုလမ်းပိုင်းအတိုင်းဖြတ်သန်းလာသည့် စစ်ကောင်စီယာဉ်တန်း၊ တပ်မ (၇၇) အပါအဝင် အခြား တပ်မများပူးပေါင်းအင်အား (၂၀၀) ကျော်ပါစစ်ကြောင်းကို ထီးလင်း – ဂန့်ဂေါ လမ်းပိုင်းအရောက် (၃) ရက်တာတိုက်ပွဲ အတွင်း စစ်ကောင်စီတပ်သားများ အသေအဆုံးများကြောင်း၊ ဆေးမင်းတောလမ်းပိုင်းဖြတ်သန်းနေစဥ် ပြည်သူ (၆) ဦးကို အကြောင်းမဲ့ သတ်ဖြတ်သွားကြောင်း Yaw Revolution Army – ထီးလင်း က ထုတ်ပြန်ထားသည်။

#RedNewsAgency

By Editor