ရုပ်သံ

တိုက်ပွဲပြန် PDF များကို အိုးစည်ဒိုးပတ် အကများဖြင့် ပြည်သူများက ဝမ်းသာအားရ ကြိုဆို

တိုက်ပွဲပြန် PDF များကို အိုးစည်ဒိုးပတ် အကများဖြင့် ပြည်သူများက ဝမ်းသာအားရ ကြိုဆို

စစ်ကောင်စီတပ်သား (၅၀) ကျော်သေဆုံးသည့် တိုက်ပွဲအပြန် PDF များကို အိုးစည်ဒိုးပတ် အကအခုန်များဖြင့် ပြည်သူများက ဝမ်းသာအားရ ကြိုဆို RNA_ဇန်နဝါရီ (၁၃)၊၂၀၂၃ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းတလျှောက် ကုန်းကြောင်း၊ ရေကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ဒေသခံမဟာမိတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ရာ စစ်ကောင်စီတပ်က (၅၀) ဝန်းကျင်သေဆုံးသည့် တိုက်ပွဲအပြန် PDF ရဲဘော်များကို ဒေသခံပြည်သူများက အိုးစည်ဒိုးပတ် အကအကုန်များ အစားအသောက်များဖြင့် အားရဝမ်းသာစွာ များဖြင့် ကြိုဆိုကြောင်း သိရသည်။ “ ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၅၀ကျော် ကျဆုံးပြီး၊ စစ်ကောင်စီတပ်သားများထံမှ လက်နက်ကြီး၊ငယ်များ၊လည်း သိမ်းဆည်းရမိကြသည်။ စစ်ကောင်စီတပ်များ အရှုံးနှင့်ပြန်ဆုတ်သွားပြီး‌နောက် အောင်ပွဲဖြင့်ပြန်လာကြသည့် တော်လှန်ရေးတပ်ဖွဲ့များကို ကနီမြို့နယ်အတွင်းရှိ ကျေးရွာ…
Read More
“တရားမဝင်သည့် အတုယောင်ရွေးကောက်ပွဲ လူထုအားနဲ့ တိုက်ဖျက်ကြ”

“တရားမဝင်သည့် အတုယောင်ရွေးကောက်ပွဲ လူထုအားနဲ့ တိုက်ဖျက်ကြ”

RNA_ဇန်နဝါရီ (၁၃)၊၂၀၂၃ ခုနှစ်။ နွေဦးတော်လှန်ရေး မန္တလေးသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းက "တရားမဝင်သည့် အတုယောင်ရွေးကောက်ပွဲ လူထုအားနဲ့ တိုက်ဖျက်ကြ" ကြွေးကြော်သံဖြင့် စစ်ကောင်စီပြုလုပ်မည့် တရားမဝင် အတုအယောင်ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ပြည်သူများကို အသိပေး ပြောကြားထားခြင်းဖြစ်သည်။ #RedNewsAgency
Read More
ဗျူဟာမှူး ကျော့အယ်စေးဝါးနှင့် ရေးဘီလူးတို့ ပူးပေါင်းပြီး တိုက်ပွဲအရှိန်မြှင့်မည် 

ဗျူဟာမှူး ကျော့အယ်စေးဝါးနှင့် ရေးဘီလူးတို့ ပူးပေါင်းပြီး တိုက်ပွဲအရှိန်မြှင့်မည် 

RNA_ဇန်နဝါရီ(၁၂)၊၂၀၂၃ ခုနှစ်။ Lion Battalion Commando-ဗျူဟာစစ်ကြောင်းဗျူဟာမှူး ကျော့အယ်စေးဝါးနှင့် ရေးဘီလူးအဖွဲ့ခေါင်းဆောင် ရေးဘီလူးတို့မဟာမိတ်အဖြစ်တွေ့ဆုံပေါင်းစည်းပြီး မြို့ပြတိုက်ပွဲများကိုယခင်ကထက် အရှိန်မြှင့်တင်သွားမည်ဖြစ်ကြောင်း သိရသည်။ ဗျူဟာမှူး ကျော့အယ်စေးဝါးနှင့် ရေးဘီလူးအဖွဲ့ခေါင်းဆောင် ရေးဘီလူးတို့ ပြီးခဲ့သည့် ရက်ပိုင်းက တွေ့ဆုံပြီးနောက် " Lion Battalion Commando- ဗျူဟာစစ်ကြောင်းနှင့် ရေးဘီလူးအဖွဲ့တို့ပူးပေါင်း၍ မြို့ပြတိုက်ပွဲများကို ယခင်ကထက် အရှိန်မြှင့်တင်၍ တိုက်ပွဲဝင်သွားမှာဖြစ်ပါသည်။ ပိုမိုပြင်းထန်လာသောတိုက်ပွဲအရှိန်အဟုန်သည် ပြည်တွင်းပြည်ပရှိ ထောက်ပို့ရဲဘော်များ၏ ထောက်ပံ့မှုများနှင့် တိုက်ရိုက်အချိုးကျလျက်ရှိရာ အင်တိုက်အားတိုက် ပါဝင်ကူညီပေးကြဖို့ကိုလည်း တောင်းဆိုအပ်ပါသည်" ဟု Lion Battalion Commando-ဗျူဟာစစ်ကြောင်းက ယမန်နေ့က ထုတ်ပြန်ထားသည်။ (more…)
Read More
ကျိန်စာသင့်နေသော ကျောက်စိမ်းမှော်

ကျိန်စာသင့်နေသော ကျောက်စိမ်းမှော်

RNA_ဇန်နဝါရီ (၁၁)၊၂၀၂၃ ခုနှစ်။   စစ်တပ်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ် ဖားကန့်မြို့နယ်က ကျောက်စိမ်းမှော်တွင်းတွေမှာ နေ့ ညမပျက် ကျောက်စိမ်းတူဖော်မှုတွေကတော့ ရှိနေပါတယ်။ ဖားကန့်မှော်တခွင်မှာ စစ်ကောင်စီတပ်နဲ့ KIA တပ်မဟာ (၉) တပ်ရင်း(၆) တို့က ကြီးစိုးထားတာဖြစ်ပါတယ်။   လက်နက်ရှိသူတွေနဲ့ ခရိုနီတွေကတော့ စစ်တပ်အာဏာသိမ်းပြီးနောက်မှာ အင်တိုက်အားတိုက် ကျောက်စိမ်းထုတ်လုပ်မှုတွေ တရားမဝင် ငွေကြေးကောက်ခံမှုတွေ အမျိုးမျိုးနဲ့ ဖားကန့်နယ်တဝိုက်မှာ လူစည်းကား မပျက်ခဲ့ပါဘူး။ သုဿာန်မြေ၊ လမ်းမြေ၊ ဘာသာရေးမြေ ( ဘာသာရေးမြေဟု ခြံခတ်ပြီး ကျောက်စိမ်းတူးနေမှု) တွေကစပြီး မြေလွတ်မှန်သမျှမကျန်အောင် ကျောက်စိမ်း တူးဖော်နေကြပါတယ်။ (more…)
Read More
နွေဦးတော်လှန်ရေးက ဖက်ဒရယ်ပြည်ထောင်စုကို အရောက်လှမ်းနိုင်မလား

နွေဦးတော်လှန်ရေးက ဖက်ဒရယ်ပြည်ထောင်စုကို အရောက်လှမ်းနိုင်မလား

RNA_ဇန်နဝါရီ (၇)၊ ၂၀၂၃ ခုနစ်။   နွေဦးတော်လှန်ရေးအောင်ပွဲနှင့်အတူ ဖက်ဒရယ်ပြည်ထောင်စုကို အရောက်လှမ်းနိုင်မလား၊ ဘာတွေလုပ်ဆောင်သင့်သလဲ ဘယ်လိုတွေ ဖြစ်လာနိုင်မလဲဆိုတာ ဗကသ ဥက္ကဌဟောင်း ဆိုရှယ်ဒီမိုကရက်တစ် ညီညွတ်ရေးတပ်ဦး - Social Democratic United Front မှ ကိုကျော်ကျော်ကို၏ သဘောထားများကို ဖော်ပြလိုက်သည်။ #RedNewsAgency
Read More
အသက် ၅၆ ရှိအဖိုးဆိုလာ လက်နက်ကိုင်တော်လှန်ရေးမှာ ပါဝင်တိုက်ခိုက်နေ

အသက် ၅၆ ရှိအဖိုးဆိုလာ လက်နက်ကိုင်တော်လှန်ရေးမှာ ပါဝင်တိုက်ခိုက်နေ

RNA_ဒီဇင်ဘာ(၇)၊၂၀၂၃ ခုနှစ်။ ကရင်ပြည်နယ် တောင်ပိုင်းတိုင်းစစ်ဒေသတွင် စစ်ကောင်စီတပ်ကို လက်နက်ကိုင်တိုက်ခိုက်နေသည့် ကျားဖြူစစ်ကြောင်းက အသက် (၅၆) နှစ်ရှိ အဖိုးဆိုလာက နောင်လာနောင်သားများအတွက် တတိယအရွယ်ရောက်နေသည့်တိုင် လက်နက်ကိုင်တိုက်ခိုက်နေရသည်ဟု ရဲဘော်သစ်နောင်နောင်ကို ပြောကြားထားသည်။ #RedNewsAgency
Read More
နွေဦးတော်လှန်ရေးက ၂၀၂၃ မှာ ပြီးမှာလား

နွေဦးတော်လှန်ရေးက ၂၀၂၃ မှာ ပြီးမှာလား

RNA_ဇန်နဝါရီ (၆)၊၂၀၂၃ ခုနှစ်။ စစ်အာဏာရှင်ဆန့်ကျင်ရေး ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် မင်းအောင်လှိုင်ဦးဆောင်သည့် စစ်အာဏာရှင်နှင့်လက်ပါးစေများကို လက်နက်ကိုင်တိုက်ခိုက်မှုအပါအဝင် နည်းမျိုးစုံဖြင့် တော်လှန်နေကြသည့်အချိန် ၂၀၂၃ ခုနှစ်မှာ တော်လှန်ရေးကြီး ပြီးမလား မပြီးဘူးလားဆိုတာကို ဗကသ ဥက္ကဌဟောင်း ဆိုရှယ်ဒီမိုကရက်တစ် ညီညွတ်ရေးတပ်ဦး - Social Democratic United Front မှ ကိုကျော်ကျော်ကိုက ပြောကြားထားသည်။ #RedNewsAgency
Read More
လက်နက်မပြည့်စုံသည့်အတွက် တိုက်ပွဲမဝင်ရပေမဲ့ စစ်ကောင်စီလက်နက်ကြီးကြောင့် ဒေါင်းမင်းစစ်ကြောင်း စခန်းစွန့်ခွါခဲ့

လက်နက်မပြည့်စုံသည့်အတွက် တိုက်ပွဲမဝင်ရပေမဲ့ စစ်ကောင်စီလက်နက်ကြီးကြောင့် ဒေါင်းမင်းစစ်ကြောင်း စခန်းစွန့်ခွါခဲ့

RNA_ဇန်နဝါရီ (၅)၊ ၂၀၂၃ ခုနှစ်။   ကရင်ပြည်နယ် KNU တပ်မဟာ နယ်မြေအတွင်းစခန်းချ နေထိုင်ပြီးစစ်ကောင်စီတပ်ကို မဟာမိတ်များဖြင့် ပူးပေါင်းတိုက်ခိုက်ရန် အသင့်ဖြစ်နေသော်လည်း လက်နက်မပြည့်စုံသည့်အတွက် တိုက်ပွဲမဝင်ရသေးသော်လည်း စခန်းကို စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်သည့်အတွက် စခန်းစွန့်ခွါခဲ့ရသည်ဟု ဒေါင်းမင်းစစ်ကြောင်း - King Peacock Column တာဝန်ခံ ရဲဘော် မာတလိက ပြောသည်။   ပြီးခဲ့သည့်ရက်ပိုင်းက ကော့ကရိတ်မြို့နယ်အတွင်း စစ်ကောင်စီတပ်အထိနာပြီး ကော့ကရိတ်မြို့နယ်ရှိစစ်ကောင်စီတပ်၊ မြဝတီမြို့နယ်ရှိ စစ်ကောင်စီတပ် စသည်တို့က ၁၂၀ မမ လက်နက်ကြီးများ၊ Missiles များဖြင့် ပစ်ခတ်နေသည့်အတွက် အထိုင်ချနေသည့် ဒေါင်းမင်းစစ်ကြောင်း စခန်းကို ထိမှန်ပြီး ပျက်စီးခဲ့ရကြောင်း၊ စခန်းရှိ ဆက်သွယ်ရေးပစ္စည်းများ၊ လုံခြုံရေးပစ္စည်းများ…
Read More
စစ်ကောင်စီကို နိုင်ငံရေးအသာစီးရရန် ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့လို

စစ်ကောင်စီကို နိုင်ငံရေးအသာစီးရရန် ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့လို

RNA_ဇန်နဝါရီ (၅)၊ ၂၀၂၃ ခုနှစ်။ ၂၀၂၃ ခုနှစ် တော်လှန်ရေးအခြေအနေများနှင့် ပတ်သက်ပြီး ဗကသ ဥက္ကဌဟောင်း ဆိုရှယ်ဒီမိုကရက်တစ် ညီညွတ်ရေးတပ်ဦးမှ ကိုကျော်ကျော်ကိုနှင့် မေးမြန်းထားမှုတွင် စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ဆန့်ကျင်မှသာ နိုင်ငံရေးအသားစီးရမှာဖြစ်သည့်အကြောင်းအပါအဝင် တော်လှန်ရေးနှင့် ပတ်သက်သည့် သဘေားထားများကို ပြောကြားထားသည်။ #RedNewsAgency
Read More
ကြာအင်းဆိပ်ကြီးမှာ တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ်စခန်း စီးနင်းတိုက်ခိုက်ခံရ

ကြာအင်းဆိပ်ကြီးမှာ တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ်စခန်း စီးနင်းတိုက်ခိုက်ခံရ

RNA_ဇန်နဝါရီ (၄)၊၂၀၂၃ ခုနှစ်။ ကိုလိုနီ ကျွန်ဘဝမှ လွတ်လပ်ရေး ရခဲ့သော်လည်း စစ်ကျွန်ဘဝမှ စစ်အာဏာရှင်လက်အောက်မှ လွတ်လပ်ရေးမရသေးသည့်အတွက် လက်နက်ကိုင်တိုက်ခိုက်နေသည့် တော်လှန်ရေး ရဲဘော်များ၊ မဟာမိတ်တပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် ယနေ့ နံနက်ပိုင်းက ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့အခြေစိုက် စစ်ကောင်စီတပ် တပ်ရင်းဝင်စီးခံရပြီး မီးရှို့ဖျက်ဆီးခံလိုက်ရကြောင်း သိရသည်။ စစ်ကောင်စီတပ်သည် ကြာအင်းဆိပ်ကြီး အထိုင်ချ တပ်စခန်းတချို့ ကျဆုံးမှု ရှိနေသည့်အတွက် စစ်ကောင်စီတပ်လေကြောင်းမှ တိုက်ခိုက်နေကြောင်း၊ ယခုအချိန်ထိ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က အသေအဆုံးများရှိသလို အရှင်ဖမ်းခံရသူများရှိကြောင်း သိရသည်။ “ ဒီနေ့က လွတ်လပ်ရေးနေ့လို့သာပြောကြတာ တကယ်မလွတ်လပ်သေးလို့ လက်နက်ကိုင်တိုက်နေကြရတာ ကရင်ပြည်နယ်မှာက တိုက်ပွဲပြင်းထန်နေတာ နှစ်ပတ်နီးပါးရှိတော့မယ်၊ အကျအဆုံးကတော့ စစ်တပ်က ပိုများတယ်၊ ပြီးခဲ့တဲ့ရက်မှာတော့ မဟာမိတ်အဖွဲ့အစည်းတွေမှာလည်း…
Read More