RNA_မတ်(၂၀)၊၂၀၂၃ ခုနှစ်။
မကွေးတိုင်း၊ မြိုင်မြို့ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းနှင့် ပြည်သူများ သွားလာသည့်လမ်းတွင် စစ်ဆေး အကြောင်းအမျိုးမျိုးပြကာ ဆက်ကြေးကောက်နေသည့် မြို့အဝင်ဂိတ်တို့အား Shar Htoo Waw Drone နည်းပညာ တိုက်ခိုက်ရေး Fixed Wing Drone ဖြင့် တိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။
[embedyt] https://www.youtube.com/watch?v=q_vPuqV4VAk[/embedyt]
မြိုင်ရဲစခန်းနှင့် မြို့အဝင်ဂိတ်တို့ကို မြိုင် ပကဖနှင့်အတူ Salingyi Special Task Force – SSTF (ယင်းမာပင်ခရိုင်တပ်ရင်း ၁၄ ၊ ၁၅)၊ Shar Htoo Waw Drone နည်းပညာအဖွဲ့၊ စစ်ကိုင်းခရိုင် တပ်ရင်း -၄ (MSPDF)၊ CDSOM အနောက်ပိုင်းတိုက်ခိုက်ရေးအဖွဲ့ 001၊ အညာသား ပြောက်ကျားတပ်ဖွဲ့၊ Phoenix အထူးပြောက်ကျားတပ်ဖွဲ့၊ မြိုင် ပ.က.ဖ (ဘာဂျာ “AERIAL Drone Team”)၊ Salingyi Special Task Force – SSTF တပ်ခွဲ “SPACE MAN” Drone အဖွဲ့ တို့ ပူးပေါင်းပြီး မတ်လ (၁၈) ရက်နေ့က ညနေ (၄) နာရီ (၃၀) မိနစ်ဝန်းကျင်က ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ကြောင်း မြိုင် ပကဖ ကထုတ်ပြန်ထားသည်။
#RedNewsAgency