မြိုင်မြို့ ရဲစခန်းနှင့် မြို့အဝင်ဂိတ်တို့အား ဒရုန်းဖြင့် တိုက်ခိုက်

RNA_မတ်(၂၀)၊၂၀၂၃ ခုနှစ်။
 
မကွေးတိုင်း၊ မြိုင်မြို့ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းနှင့် ပြည်သူများ သွားလာသည့်လမ်းတွင် စစ်ဆေး အကြောင်းအမျိုးမျိုးပြကာ ဆက်ကြေးကောက်နေသည့် မြို့အဝင်ဂိတ်တို့အား Shar Htoo Waw Drone နည်းပညာ တိုက်ခိုက်ရေး Fixed Wing Drone ဖြင့် တိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။
 
မြိုင်ရဲစခန်းနှင့် မြို့အဝင်ဂိတ်တို့ကို မြိုင် ပကဖနှင့်အတူ Salingyi Special Task Force – SSTF  (ယင်းမာပင်ခရိုင်တပ်ရင်း ၁၄ ၊ ၁၅)၊ Shar Htoo Waw Drone နည်းပညာအဖွဲ့၊ စစ်ကိုင်းခရိုင် တပ်ရင်း -၄ (MSPDF)၊ CDSOM အနောက်ပိုင်းတိုက်ခိုက်ရေးအဖွဲ့  001၊ အညာသား ပြောက်ကျားတပ်ဖွဲ့၊ Phoenix အထူးပြောက်ကျားတပ်ဖွဲ့၊ မြိုင် ပ.က.ဖ (ဘာဂျာ “AERIAL Drone Team”)၊ Salingyi Special Task Force – SSTF တပ်ခွဲ “SPACE MAN” Drone အဖွဲ့ တို့ ပူးပေါင်းပြီး မတ်လ (၁၈) ရက်နေ့က ညနေ (၄) နာရီ (၃၀) မိနစ်ဝန်းကျင်က ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ကြောင်း မြိုင် ပကဖ ကထုတ်ပြန်ထားသည်။
 
#RedNewsAgency
By Editor