တိုက်ခိုက်ခံရ

စစ်ကောင်စီတပ် Mi-17ထောက်ပို့ရဟတ်ယာဉ် တိုက်ခိုက်ခံရ

စစ်ကောင်စီတပ် Mi-17ထောက်ပို့ရဟတ်ယာဉ် တိုက်ခိုက်ခံရ

RNA_မတ်(၈)၊၂၀၂၃ ခုနှစ်။   ချင်းပြည်နယ်၊ ထန်တလန်မြို့၊စစ်ကောင်စီတပ် အထိုင်ချနေသည့် တပ်ကုန်းသို့ ဆင်းသက်လာသည့် စစ်ကောင်စီတပ်ထောက်ပို့ Mi-17 ရဟတ်ယာဉ် Drone ဖြင့် တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။   CNA နှင့် CDF-Thantlang တို့ပူးပေါင်းပြီး ထန်တလန် တပ်ကုန်းသို့ဆင်းသက်လာသည့် စစ်ကောင်စီတပ် Mi-17 ထောက်ပို့ ရဟာတ်ယာဉ်ကို မတ်လ (၃) ရက်နေ့ ညနေ (၃) နာရီ (၃၀) မိနစ်ခန့်က Drone ဖြင့်တိုက်ခိုက်ခဲ့ကြသည်ဟု Chinland Information Center မှ ယနေ့ ထုတ်ပြန်ထားသည်။ #RedNewsAgency
Read More
ဖားကန့် စုပေါင်းရုံးတိုက်ခိုက်ခံရ

ဖားကန့် စုပေါင်းရုံးတိုက်ခိုက်ခံရ

RNA_ဖားကန့်၊ဇန်နဝါရီ(၂၁)၊၂၀၂၃ ခုနှစ်။ စစ်ကောင်စီ၏ တရားမဝင်ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းပြုစုနေသည့် ထွေ/အုပ်၊ ရဲတပ်ဖွဲ့နှင့် လဝကရုံးများရှိရာ ဖားကန့်မြို့ စုပေါင်းရုံးအား တော်လှန်ရေးအင်အားစုများက ယနေ့ညနေ (၅) နာရီခန့်က ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယနေ့ ညနေ ဖားကန့် စုပေါင်းရုံး တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်သေဆုံးမှုအခြေအနေကို လတ်တလော အတည် ပြုနိုင်ခြင်းမရှိသေးကြောင်း၊ အကြမ်းဖက်အာဏာသိမ်း စစ်ကောင်စီက လူထုလက်မခံသည့် ရွေးကောက်ပွဲကို ပြုလုပ်ရန် ဖားကန့်မြို့နယ်တွင် အိမ်ထောင်စုစာရင်းများ‌နှင့် လူဦးရေစာရင်း ကောက်ယူနေကြောင်း သိရသည်။ (more…)
Read More
စစ်ကောင်စီတပ် ဒုတပ်ရင်းမှူး ဗိုလ်မှူးချစ်ဝင်းသူ အပါအဝင် (၃) ဦး တိုက်ခိုက်ခံရပြီး သေဆုံး

စစ်ကောင်စီတပ် ဒုတပ်ရင်းမှူး ဗိုလ်မှူးချစ်ဝင်းသူ အပါအဝင် (၃) ဦး တိုက်ခိုက်ခံရပြီး သေဆုံး

RNA_နိုဝင်ဘာ(၁၀)၊၂၀၂၂ ခုနှစ်။   မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဝင်းစိန်ကျေးရွာအနီးတွင် ယနေ့နံနက် (၅) နာရီ (၃၀) မိနစ်ဝန်းကျင်က ပြည်သူများကို မတရားဖမ်းဆီးလာသည့်ယာဉ်ကို သထုံပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တိုက်ခိုက်ခဲ့ရာတွင် ဖမ်းဆီးခံရသူများကိုလည်း ကယ်ထုတ်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ လေ့ကျင့်ရေး (၉) ဒုတပ်ရင်းမှူး ဗိုလ်မှူးချစ်ဝင်းသူ အပါအဝင် (၃) သုံးဦးသေဆုံးပြီး (၁) ဦးဒဏ်ရာရကာထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။   "ကားပေါ်မှ လက်နက် ၃ လက် သိမ်းဆည်းရရှိခဲ့ပါသည်။ မတရားဖမ်းဆီးခံရသူကိုလည်း ကယ်ထုတ်နိုင်ခဲ့ပါသည်။ ဗိုလ်မှူး ချစ်ဝင်းသူသည် ထုံးဘိုလေးကျေးရွာ မီးရှို့မှုတွင် အဓိကပါဝင်သူဖြစ်ပြီး သထုံမြို့တွင်း တက်ကြွလှုပ်ရှားသူများအား မတရားဖမ်းစီးချင်း ဝီယော်ကျေးရွာ ရေတံခွန်လာသော လူငယ်များအား မတရားဖမ်းစီးချင်း မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချချင်း…
Read More