RNA_အောက်တိုဘာ(၂၉)၊၂၀၂၄ခုနှစ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၏ စစ်ဆင်ရေးများအတွင်း ဖမ်းဆီးရမိခဲ့သော ဘီလူးစစ်ကြောင်းအပါအဝင် စစ်သုံ့ပန်းများထားရှိရာ အချုပ်ဆောင်အား စစ်ကောင်စီမှ အောက်တိုဘာ ၂၈ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်ခန့်က လေကြောင်းမှ ဗုံး (၂) ကြိမ် ကြဲခဲ့သည့်အတွက်စစ်သုံ့ပန်း(၈)ဦး အပါအဝင် (၁၂)ဦးသေဆုံးပြီး၊ (၆၀) ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
စစ်ကောင်စီ၏ ဗုံးကြဲမှုကြောင့် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံထားရသော စစ်ကောင်စီလက်အောက်ခံ ဗိုလ်ကြီးထွန်းနိုင်၊ တပ်ကြပ်ကြီးစာရေး ရန်နိုင်အောင်၊ တပ်ကြပ် ခင်မောင်ထွန်း၊ ဒုတပ်ကြပ်များဖြစ်သော ထက်နောင်နောင်စိုး၊ သီဟငြိမ်း၊ ဖိုးချိုတို့နှင့် ပျူများဖြစ်သော နန်းမြိုဦး၊ သန်းဇော်တို့ သေဆုံးခဲ့ရသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ဘီလူးစစ်ကြောင်းမှ စစ်သုံ့ပန်းများနှင့် အခြားစစ်သုံ့ပန်းများ ထားရှိရာ အဆောက်အအုံအား ထိမှန်ခဲ့ပြီး စစ်သုံ့ပန်း(၈)ဦး အပါအဝင် (၁၂)ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ (၆၀)ဦးဝန်းကျင်ရှိခဲ့ကြောင်း၊ စစ်ဆင်ရေးများအတွင်း ဖမ်းဆီးရမိခဲ့သော စစ်သုံ့ပန်းများကို သုံ့ပန်းဥပဒေနှင့်အညီ ကောင်းမွန်စွာထိန်းသိမ်းထားရှိခဲ့သော်လည်း အကြမ်းဖက်စစ်ကောင်စီသည် ၄င်းတို့၏ တပ်ဖွဲ့ဝင်ဟောင်းများကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်ကို တွေ့မြင်ရသည်ဟု ယနေ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေ) ကထုတ်ပြန်ထားသည်။
#RedNewsAgency #RNA #RedNews