ဘီလူးစစ်ကြောင်း

စစ်သုံ့ပန်းအချုပ်ဆောင် လေကြောင်းဗုံးကြဲခံရပြီး စစ်သုံ့ပန်း (၈) ဦးအပါအဝင် (၁၂)ဦး သေဆုံး

စစ်သုံ့ပန်းအချုပ်ဆောင် လေကြောင်းဗုံးကြဲခံရပြီး စစ်သုံ့ပန်း (၈) ဦးအပါအဝင် (၁၂)ဦး သေဆုံး

RNA_အောက်တိုဘာ(၂၉)၊၂၀၂၄ခုနှစ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၏ စစ်ဆင်ရေးများအတွင်း ဖမ်းဆီးရမိခဲ့သော ဘီလူးစစ်ကြောင်းအပါအဝင် စစ်သုံ့ပန်းများထားရှိရာ အချုပ်ဆောင်အား စစ်ကောင်စီမှ အောက်တိုဘာ ၂၈ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်ခန့်က လေကြောင်းမှ ဗုံး (၂) ကြိမ် ကြဲခဲ့သည့်အတွက်စစ်သုံ့ပန်း(၈)ဦး အပါအဝင် (၁၂)ဦးသေဆုံးပြီး၊ (၆၀) ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ စစ်ကောင်စီ၏ ဗုံးကြဲမှုကြောင့် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံထားရသော စစ်ကောင်စီလက်အောက်ခံ ဗိုလ်ကြီးထွန်းနိုင်၊ တပ်ကြပ်ကြီးစာရေး ရန်နိုင်အောင်၊ တပ်ကြပ် ခင်မောင်ထွန်း၊ ဒုတပ်ကြပ်များဖြစ်သော ထက်နောင်နောင်စိုး၊ သီဟငြိမ်း၊ ဖိုးချိုတို့နှင့် ပျူများဖြစ်သော နန်းမြိုဦး၊ သန်းဇော်တို့ သေဆုံးခဲ့ရသည်။ (more…)
Read More