သတင်း

မြန်မာပြည်မြောက်ပိုင်းပဋိပက္ခပအတွက် ငြိမ်းချမ်းရေးဆွေးနွေးမှု အပြုသဘောဆောင်သည့်ရလဒ် ရရှိခဲ့သည်ဟု တရုတ်အစိုးရပြော

မြန်မာပြည်မြောက်ပိုင်းပဋိပက္ခပအတွက် ငြိမ်းချမ်းရေးဆွေးနွေးမှု အပြုသဘောဆောင်သည့်ရလဒ် ရရှိခဲ့သည်ဟု တရုတ်အစိုးရပြော

မောင်လူအေး(လှည်းတန်း)_RNA_ဒီဇင်ဘာ(၁၂)၊၂၀၂၃ခုနှစ်။ မြန်မာနိုင်ငံမြောက်ပိုင်းမှာ အာဏာသိမ်းစစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအကြား သီတင်းတစ်ပတ်အကြာ တိုက်ပွဲများ ဖြစ်ပွားပြီးနောက်မှာ ပဋိပက္ခများနှင့်ပတ်သက်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်ခဲ့ရာ အပြုသဘောဆောင်သည့် ရလဒ်များ ထွက်ရှိခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mao Ning က ပြောကြားထားသည်။ မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့၏ ကိုယ်စားလှယ်အဖွဲ့နှင့် စစ်ကောင်စီ၏ ကိုယ်စားလှယ်အဖွဲ့တို့ ယမန်နေ့က တရုတ်အစိုးရ၏ ကြားဝင်စေ့စပ်ညှိနှိုင်းပေးမှုအရေ တရုတ်နိုင်ငံ ကူမင်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ ဆွေးနွေးမှုတွင် အပြုသဘောဆောင်သည့် သဘောတူညီမှုများ ရရှိခဲ့ကြောင်း သိရသည်။ (more…)
Read More
စစ်ကောင်စီတပ် “နှုံးဘူးဗျူဟာ” ကို AA သိမ်းပိုက်နိုင်ပြီး “နှုံးဘူး”ဗျူဟာမှူး သေဆုံး

စစ်ကောင်စီတပ် “နှုံးဘူးဗျူဟာ” ကို AA သိမ်းပိုက်နိုင်ပြီး “နှုံးဘူး”ဗျူဟာမှူး သေဆုံး

RNA_ဒီဇင်ဘာ(၁၁)၊၂၀၂၃ ခုနှစ်။ ပလက်ဝမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ အခိုင်အမာစခန်းချထားသော ဗျူဟာကုန်း (၂) ခု ဖြစ်သည့် “တရွန်အိုင်ဗျူဟာ” နှင့် “နှုံးဘူးဗျူဟာ” စခန်းနှစ်ခုစလုံးအား ရက္ခိုင့်တပ်တော် -AA မှ တိုက်ခိုက် သိမ်းပိုက်နိုင်ဖြစ်ဖြစ်ကြောင်း၊ "နှုံးဘူး" ဗျူဟာမှူးအလောင်းပါ သိမ်းဆည်းရမိဟု ယနေ့ AA က ထုတ်ပြန်လိုက်သည်။ AA မှ တစ်ရက်မျှ ရပ်နားခဲ့ခြင်းမရှိသော ထိုးစစ်အား လက်နက်ကြီးများ၊ လေကြောင်းပစ်ကူအမြောက်အမြားဖြင့် စစ်ကောင်စီမှ အပြင်းအထန် ခုခံခဲ့သော်လည်း ဗျူဟာကုန်းစခန်းအား မရရအောင် အပြင်းအထန်တိုက်ခိုက်ခဲ့ပြီးနောက် ရယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ "နှုံးဘူး" ဗျူဟာမှူးအလောင်းအပါအဝင် ရန်သူ့အလောင်းအချို့နှင့် လက်နက်ခဲယမ်းအမြောက်အမြားတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၄) ရက်နေ့၌ရှေ့ဆင့်နောက်ဆင့်…
Read More
မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ကိုယ်စားလှယ်နှင့် စစ်ကောင်စီ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံ

မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ကိုယ်စားလှယ်နှင့် စစ်ကောင်စီ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံ

RNA_ဒီဇင်ဘာ(၁၁)၊၂၀၂၃ခုနှစ်။ မြောက်ပိုင်းညီနောင်မဟာမိတ်များဖြစ်သည့် MNDAA၊ TNAA၊ AA တို့၏ ကိုယ်စားလှယ်အဖွဲ့နှင့် အကြမ်းဖက် စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ကိုယ်စားလှယ်တို့ ယနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ၏ အကူအညီဖြင့် တရုတ်နိုင်ငံ ကူမင်းမြို့မှာ နှစ်ဖက် ကိုယ်စားလှယ်များ နိုင်ငံရေးအရ ဖြေရှင်းနိုက်ရေး ဆွေးနွေးခဲ့ကြကြောင်း၊ တွေ့ဆုံဆွေးနွေးမှု တိုးတက်မှုအခြေအနေအပေါ်မူတည်ပြီး ယခုလကုန်တွင်လည်း ထပ်မံဆွေးနွေးရန်ရှိကြောင်း စစ်ကောင်စီဘက်မှ ဇော်မင်းထွန်းက ပြောကြားထားသည်။ မြောက်ပိုင်းညီနောင်မဟာမိတ်များ ဦးဆောက်အကောင်အထည်ဖော်နေသည့် ၁၀၂၇ စစ်ဆင်ရေးသည် အဆုံးမသတ်သေးကြောင်း၊ လောက်ကိုင်မြို့သိမ်း တိုက်ပွဲကို ဆက်နွှဲနေကြောင်း၊ ကိုးကန့်ရှိ စစ်ကောင်စီ၏ တပ်စခန်း ရာချီနှင် မြို့များ နယ်စပ်ဂိတ်များကို ညီနောင်မဟာမိတ်များက သိမ်းပိုက်ထားရှိကြောင်း ပြီးခဲ့သည့်ရက်ပိုင်းက ညီနောင်မဟာမိတ် ၃ ဖွဲ့က…
Read More
အစ္စရေး-ပါလက်စတိုင်းစစ်ပွဲ အပစ်အခတ်ရပ်စဲဖို့ တရုတ်တောင်းဆို

အစ္စရေး-ပါလက်စတိုင်းစစ်ပွဲ အပစ်အခတ်ရပ်စဲဖို့ တရုတ်တောင်းဆို

RNA_ဒီဇင်ဘာ(၁၁)၊၂၀၂၃ခုနှစ်။ ဂါဇာကမ်းမြောင်ဒေသမှာ ဖြစ်ပွါးနေသည့် အစ္စရေး-ပါလက်စတိုင်းစစ်ပွဲ အပစ်အခတ်ရပ်စဲရေးနှင့် ကျန်းမာရေး အကြပ်အတည်း တုံ့ပြန်ဖြေရှင်းကြရန် ကုလသမဂ္ဂဆိုင်ရာ တရုတ်မစ်ရှင်ရုံးအကြီးအကဲ Chen Xu က ဒီဇင်ဘာ ၁၀ ရက်နေ့က ပြောကြားထားသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အမှုဆောင်အဖွဲ့က ကြီးမှူးကျင်းပသော အထူးအစည်းအဝေးမှာ တရုတ်မစ်ရှင်ရုံးအကြီးအကဲ Chen Xu က ပါလက်စတိုင်းထိန်းချုပ်နယ်မြေရှိ ကျန်းမာရေးအခြေအနေနှင့် စပ်လျဉ်း၍ မှတ်ချက်ပြုပြောဆိုခဲ့ရာမှာ အစ္စရေး-ပါလက်စတိုင်းစစ်ပွဲအပေါ် တရုတ်နိုင်ငံ၏ သဘောထားကို ထည့်သွင်းပြောဆိုခဲ့သည်။ "တရုတ်နိုင်ငံအနေနဲ့ ဂါဇာကမ်းမြောင်ဒေသမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုအပေါ် များစွာ စိုးရိမ်ပူပန်ကြောင်း၊ တည်ငြိမ်မှုရရှိရန်၊ ငြိမ်းချမ်းရေးအတွက် အခွင့်အလမ်းများ ပံ့ပိုးပေးရန်နဲ့ ပြည်သူများအား ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ပေးအပ်နိုင်ရန် ဆက်စပ်အဖွဲ့အစည်းများကို တိုက်တွန်းကြောင်း၊နိုင်ငံတကာအသိုက်အဝန်း…
Read More
မကွေးတိုင်းက စစ်ရေးနိုင်ငံရေးအခြေအနေ ဘာတွေဖြစ်ပြီး ဘာတွေထူးနေပြီလဲ

မကွေးတိုင်းက စစ်ရေးနိုင်ငံရေးအခြေအနေ ဘာတွေဖြစ်ပြီး ဘာတွေထူးနေပြီလဲ

RNA_ဒီဇင်ဘာ(၈)၊၂၀၂၃ခုနှစ်။   မကွေးတိုင်းအတွင်းမှာ စစ်ကောင်စီ၏ စစ်ရေးပြင်ဆင်မှုများနှင့် ဖက်ဒရယ်ကိစ္စအပါအဝင် စစ်ရေး နိုင်ငံရေး ထူးခြားလာသည့် အပြောင်းအလဲများနှင့် ပတ်သက်ပြီး မကွေးသား တော်လှန်ရေးသမား ကိုချစ်ဝင်းမောင်က ရှင်းပြထားသည်။   #RedNewsAgency
Read More
အင်းစိန်ထောင်တွင်း ဖမ်းဆီးခံထားရသည့် စစ်ပြေးနှင့် ရဲပြေးများကို ယနေ့ ထုတ်သွား

အင်းစိန်ထောင်တွင်း ဖမ်းဆီးခံထားရသည့် စစ်ပြေးနှင့် ရဲပြေးများကို ယနေ့ ထုတ်သွား

RNA_ဒီဇင်ဘာ(၇)၊၂၀၂၃ ခုနှစ်။ စစ်တပ်တွင် တာဝန်ပြန်ထမ်းဆောင်လိုသော ခွင့်မဲ့ စစ်ပြေးများကို ပြန်လည်ခေါ်ဆောင်သည့် အမိန့်စာ ထုတ်ပြီးနောက် အင်းစိန်ထောင်အတွင်း အကျဉ်းကျနေသည့် စစ်ပြေးနှင့် ရဲပြေး လူငယ်များကို စစ်ကောင်စီလက်အောက်ခံ ရဲကား (၇) စီးဖြင့် ယနေ့ သယ်ထုတ်သွားကြောင်း သိရသည်။ "မနက်ပိုင်းက ရဲတွေပါလာတဲ့ကားတွေ ဝင်လာတာ အမိုးအုပ်ထားတဲ့ ကားအမြင့်တွေပဲ ပြီးတော့ ထောင်ထဲကလူတွေကို သယ်ထုတ်သွားတယ် မနက် ၁၁ နာရီနဲ့ ၂ နာရီကြားမှာ ထုတ်သွားတာ၊ အားလုံး ကား ၇ စီးရှိတယ်၊ ထုတ်သွားတာကလဲ ရဲပြေး စစ်ပြေးဖြစ်ဖို့ အများဆုံးလူငယ် အများစုကို ထုတ်သွားတာ၊ သေချာပါတယ် စစ်ပြေး ရဲပြေးဖြစ်မှာ ဘာလို့လဲဆိုရင် ထောင်ပြောင်းတာမဟုတ်ဘူး…
Read More
တိုက်ပွဲအတွင်း လက်နက်ခဲယမ်းများရရှိပြီး ဒုတပ်ရင်းမှူးအပါအဝင် စစ်သုံ့ပန်းများကို ထိန်းသိမ်းထား

တိုက်ပွဲအတွင်း လက်နက်ခဲယမ်းများရရှိပြီး ဒုတပ်ရင်းမှူးအပါအဝင် စစ်သုံ့ပန်းများကို ထိန်းသိမ်းထား

RNA_ဒီဇင်ဘာ(၆)၊၂၀၂၃ခုနှစ်။ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့ရှိစစ်ကောက်စီလက်အောက်ခံများကို K.N.L.A လက်အောက်ခံ တပ်ရင်း တပ်ဖွဲ့များနှင့်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့မှ တိုက်ခိုက် သိမ်းပိုက်စဉ် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ပြီး ဒုတပ်ရင်းမှူး အပါအဝင် သုံ့ပန်းများကို ကောင်းမွန်စွာ စောင့်ရှောက်ထားသည်ဟု KNU က ယနေ့ ထုတ်ပြန်ထားသည်။ မုန်းမြို့ရှိ ခမရ−၅၉၀ အတွင်း ဝင်ရောက်တပ်စွဲထားသော ခလရ−၈၄ မှ ဒုရင်းမှူး ဗိုလ်မှူး ကျော်လတ်ခိုင်၊ တပ်ခွဲမှူး ဗိုလ်ကြီး အာကာစိုး၊ အင်ဂျင်နီယာ တပ်စုမှူး ဗိုလ်ကြီး နိုင်နိုင်ထွန်း၊ ဒုအရာခံဗိုလ် လှသိန်း၊ ဒုအရာခံဗိုလ် သန်းအောင် အပါအဝင် (၁၉) ဦးနှင့် တပ်မိသားစုဝင် (၄၂) ဦးကို စစ်သုံ့ပန်း ဥပဒေများနှင့် အညီ…
Read More
ရဟတ်ယာဉ်ကွင်း (၂) ကွင်းပါရှိသော “တရွန်အိုင်ဗျူဟာ” စခန်းကုန်းကို AA အပြီးသတ် သိမ်းပိုက်

ရဟတ်ယာဉ်ကွင်း (၂) ကွင်းပါရှိသော “တရွန်အိုင်ဗျူဟာ” စခန်းကုန်းကို AA အပြီးသတ် သိမ်းပိုက်

RNA_ဒီဇင်ဘာ(၅)၊၂၀၂၃ ခုနှစ်။ စစ်ကောင်စီတပ် အခိုင်အမာ တပ်စွဲထားသည့် ပလက်ဝမြို့နယ်ရှိ "တရွန်အိုင်ဗျူဟာ" စခန်းကုန်းကို ရက္ခိုင့်တပ်တော် - AA က ၂၁ ရက်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ပြီး ယနေ့ ( ဒီဇင်ဘာ ၅ ရက်) နေ့လယ် ၁ နာရီ ဝန်းကျင်က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ပြီဖြစ်ကြောင်း သိရသည်။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၄) ရက်နေ့ ၊ နံနက် (၆) နာရီခန့်မှ စတင်၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သော "တရွန်အိုင်ဗျူဟာ" စခန်းကုန်းကြီးတစ်ခုလုံးအား အပြီးသတ်ချေမှုန်းတိုက်ခိုက်သိမ်းပိုက်ရယူနိုင်ခဲ့ပြီးချိန်တွင် စစ်ကောင်စီလက်အောက်ခံ အလောင်းများနှင့် လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင် ပစ္စည်းတို့ကို သိမ်းဆည်းရမိခဲ့သည်ဟု AA က ထုတ်ပြန်ထားသည်။…
Read More
မြန်မာစစ်ဘေးရှောင်များ လက်ခံဖို့ရန် စစ်ရှောင်စခန်းများ အသင့်စီစဉ်ထားသည်ဟု ထိုင်းဒုဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးပြော

မြန်မာစစ်ဘေးရှောင်များ လက်ခံဖို့ရန် စစ်ရှောင်စခန်းများ အသင့်စီစဉ်ထားသည်ဟု ထိုင်းဒုဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးပြော

မောင်လူအေး(လှည်းတန်း)၊RNA_ဒီဇင်ဘာ(၄)၊၂၀၂၃ခုနှစ်။ မြန်မာနိုင်ငံမှ သောင်းနှင့်ချီသည့် စစ်ဘေးရှောင်များ ထိုင်းနိုင်ငံအတွင်း ဝင်ရောက်လာပါက လက်ခံရန် စစ်ရှောင်စခန်းများ ဖွင့်လှစ်တည်ဆောက်ထားဖို့ အသင့်စီစဉ်ထားသည်ဟု ထိုင်းအစိုးရ ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Panpree Phitthanukorn က ဒီဇင်ဘာ ၃ ရက်နေ့က ပြောကြားထားသည်။ "ဒီဇင်ဘာ ၄ ရက်မှာ ပြည်တွင်းအစည်းအဝေး ကျင်းပပါမယ်၊ မြန်မာစစ်ရှောင်တွေနဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက်ချပါမယ်၊ မြန်မာအရေးနဲ့ပတ်သက် လို့ အမြန်ဆုံးအပစ်ခတ်ရပ်စဲရေးတည်ဆောက်ကြဖို့ နဲ့ တွေ့ဆုံဆွေးနွေးညှိနှိုင်းအဖြေရှာဖို့အတွက် ဘယ်လိုကူညီရမလဲဆိုတာ ဆွေးနွေးမှာပါ" ဟု ထိုင်း ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Panpree Phitthanukorn က ပြောသည်။ (more…)
Read More
စခန်းသိမ်းတိုက်ပွဲများနဲ့ တန်ပြန်ထိုးစစ်ဆင်တိုက်ပွဲများ အညာမှာ မကြာခင် စတော့မယ်

စခန်းသိမ်းတိုက်ပွဲများနဲ့ တန်ပြန်ထိုးစစ်ဆင်တိုက်ပွဲများ အညာမှာ မကြာခင် စတော့မယ်

RAN_ဒီဇင်ဘာ(၂)၊၂၀၂၃ခုနှစ်။ "လက်နက်ခဲယမ်းနည်းပါးနေတဲ့ မပြည့်စုံတဲ့လက်လုပ်တွေနဲ့ တိုက်နေရတဲ့အညာဒေသမှာလည်း ကျွန်တော်တို့ နိုင်တဲ့ဘက်က ကျွန်တော်တို့ လုပ်ဆောင်နိုင်တာထက်ပိုပြီး​တော့ အစွမ်းကုန် ကျွန်တော်တို့ ကြိုးစားပြီးတော့ ဒီစကစတပ်သားတွေကို အမြစ်ပြတ်တိုက်ထုတ်တော့မှာဖြစ်ပါတယ်။ ကျွန်တော်တို့ ခုခံစစ်ကနေတဆင့် တန်ပြန်တိုက်စစ် တန်ပြန်တိုက်စစ်ကနေတဆင့် ကျွန်တော်တို့ အခုဆိုရင် စခန်းသိမ်းတိုက်ပွဲတွေ ဒီကောင်တွေကို တန်ပြန်ထိုးစစ်မဲ့ ထိုးစစ်ဆင်တိုက်ပွဲတွေ ကျွန်တော်တို့ အညာမှာ မကြာခင် စတော့မှာ ဖြစ်ပါတယ်" ဟု Myingyan Black Tiger (MBT) အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောကြားထားသည်။ #RedNewsAgency
Read More