သတင်း

စစ်ကောင်စီလက်အောက်မှ မြို့ ၅ မြို့နှင့် တပ်စခန်းကြီး/ငယ် ပေါင်း (၇၃) ခုကို TNLA သိမ်းပိုက်ထား 

စစ်ကောင်စီလက်အောက်မှ မြို့ ၅ မြို့နှင့် တပ်စခန်းကြီး/ငယ် ပေါင်း (၇၃) ခုကို TNLA သိမ်းပိုက်ထား 

RNA_ဒီဇင်ဘာ(၃၀)၊၂၀၂၃ခုနှစ်။  ရှမ်းမြောက်တွင် စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး- PSLF/တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-TNLA မှ ရှမ်းမြောက်ရှိ နမ့်ဆန်မြို့၊ မန်တုံမြို့၊ နမ္မတူမြို့၊ နမ့်ခမ်းမြို့၊ မိုင်းလုံမြို့အပါအဝင် တပ်စခန်းကြီး/ငယ် စုစုပေါင်း (၇၃) ခုကို စစ်ကောင်စီလက်တွင်းမှ တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။ TNLA တပ်မဟာ (၁) စစ်ဒေသဖြစ်သည့် မန်ဝိန်ကြီး၊ ရွှေလီမြစ်ကူး ကြိုးတံတား တပ်စခန်း၊ နမ့်ပေါ်တပ်စခန်း၊ နမ့်ခမ်း စခန်းသစ်တပ်စခန်းနှင့် နမ့်ခမ်းမြို့တွင်းနှင့် တပ်မဟာ (၂) စစ်ဒေသနယ်မြေဖြစ်သည့် နမ့်ဆန်မြို့၊ တပ်မဟာ(၃)စစ်ဒေသဖြစ်သည့် မန်ပူးတပ်စခန်းနှင့် မန်တုံမြို့တွင်း၊ တပ်မဟာ(၄)စစ်ဒေသဖြစ်သည့် နမ္မတူမြို့ ခမရ-၃၂၄ တပ်စခန်းနှင့် နမ္မတူမြို့တွင်း၊ တပ်မဟာ(၅)စစ်ဒေသနယ်မြေဖြစ်သည့် ယုံမော၊ ရှောက်ဟော်တပ်စ ခန်း စသည်တို့နှင့်…
Read More
ရက္ခိုင့်တပ်တော်မှ မြောက်ဦးရဲစခန်းအပါအဝင် စစ်ရေးပစ်မှတ်များကို ဆက်တိုက်သိမ်းပိုက်

ရက္ခိုင့်တပ်တော်မှ မြောက်ဦးရဲစခန်းအပါအဝင် စစ်ရေးပစ်မှတ်များကို ဆက်တိုက်သိမ်းပိုက်

RNA_ဒီဇင်ဘာ(၂၉)၊၂၀၂၃ခုနှစ်။ အာဏာသိမ်း စစ်ကောင်စီတပ်အခြေစိုက် ရခိုင်ပြည်နယ်၊ မြောက်ဦးရဲစခန်း၊ ပလက်ဝမြို့ ခဝဲဗျူဟာကုန်း၊ အိန္ဒိယ-မြန်မာနယ်စပ် ပလက်ဝဒေသအတွင်းရှိ ပွိုင့် (၃၇၇) စစ်ဆင်ရေး အခြေကုပ်စခန်းကုန်းတို့အား ရက္ခိုင့်တပ်တော်-AA မှ ဆက်တိုက်သိမ်းပိုက်နိုင်ခဲ့သည်။ ဒီဇင်ဘာလ (၂၆) ရက်နေ့ ည (၉) နာရီခန့်က မြောက်ဦးမြို့ ခရိုင်ရဲစခန်း၊ ဒီဇင်ဘာလ (၂၇) ရက်နေ့ နံနက် (၆) နာရီ (၁၀) မိနစ်တွင် ပလက်ဝမြို့ ခဝဲဗျူဟာကုန်း၊ ဒီဇင်ဘာလ (၂၈) ရက်နေ့ နံနက် (၉) နာရီ (၂၀) မိနစ်ခန့်က အိန္ဒိယ-မြန်မာနယ်စပ်၊ ပလက်ဝဒေသအတွင်းရှိ ပွိုင့် (၃၇၇) စစ်ဆင်ရေး ခြေကုပ်စခန်းကုန်းတို့အား သိမ်းပိုက်ခဲ့ကြောင်း၊ ကျန်ရှိနေသေးသော…
Read More
နမ္မတူမြို့ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို PSLF/TNLA မှ တိုက်ခိုက်ပြီး မြို့ကိုသိမ်းပိုက်ထားနိုင်

နမ္မတူမြို့ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို PSLF/TNLA မှ တိုက်ခိုက်ပြီး မြို့ကိုသိမ်းပိုက်ထားနိုင်

RNA_ဒီဇင်ဘာ(၂၈)၊၂၀၂၃ခုနှစ်။ နမ္မတူမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ဗျူဟာမှူးအခြေချ ကွပ်ကဲနေသည့် တပ်စခန်းတို့ကို တအာင်းတပ်မတော် PSLF/TNLA မှ အလုံးစုံ ဝင်ရောက်ရှင်းလင်း တိုက်ခိုက် ချေမှုန်းသိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း TNLA သတင်းပြန်ကြားရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။ တအာင်းပြည်နယ် တပ်မဟာ(၄)စစ်ဒေသ၊ နမ္မတူမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို တအာင်းတပ်မတော်က ၁၀၂၇ စစ်ဆင်ရေးအတွင်း ဒီဇင်ဘာ ၂၅ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး (၄)ရက်ကြာ ဒီဇင်ဘာ ၂၈ ရက်နေ့ နံနက် ၁ နာရီ ၃၀ မိနစ်ဝန်းကျင်တွင် စစ်ကောင်စီ ခမရ-၃၂၄ ဗျုဟာကုန်းအပါအဝင် တပ်စခန်းများဖြစ်သည့် မန်စံတပ်စခန်း၊ ပန်သပြေတပ်စခန်း၊ နောင်ဆိုင်ကင်းစခန်း၊ ရဲစခန်းနှင့် စကစ ဌာနဆိုင်ရာရုံးများ အားလုံးကို သိမ်းပိုက်ရရှိထားပြီဖြစ်သည်။ #RedNewsAgency
Read More
စစ်ကောင်စီလက်အောက်ခံများ သွေးပျက်ပြီး ၂ နှစ်ကြာ တပ်စွဲထားသည့်နေရာမှ ဆုတ်ပြေး

စစ်ကောင်စီလက်အောက်ခံများ သွေးပျက်ပြီး ၂ နှစ်ကြာ တပ်စွဲထားသည့်နေရာမှ ဆုတ်ပြေး

RNA_ဒီဇင်ဘာ(၂၈)၊၂၀၂၃ခုနှစ်။   ဒေသတွင်း PDF တပ်ဖွဲ့များကို တိုက်ခိုက်ခံနေရပြီးနောက် စခန်းဝင်တိုက်ခံရမှာကြောက်သည့်အတွက် စစ်ကောင်စီလက်အောက်ခံ တပ်သားများနှင့်ပျူများ သွေးပျက်ကာ ၂ နှစ်ကြော်တပ်စွဲထားသည့် စစ်ကိုင်းမြို့နယ်၊ မာလဲတောကျေးရွာ စခန်းမှဆုတ်ခွါသွားကြပြီဖြစ်ကြောင်း Phoenix Sagaing တာဝန်ခံက Red News Agency ကိုပြောပြထားသည်။   ၂ နှစ်ကြော်ကြာ တပ်စွဲထားသည့် မာလဲတောရွာစခန်းမှ စစ်ကောင်စီလက်အောက်ခံများ သုံးမိုင်အကွာမှာရှိသည့် အုန်းတော့ရွာ အမှတ် (၆၀၀၅) တင့်ကားတပ်ရှိရာကို ထွက်ပြေးသွားသည့်အတွက် ဒေသခံ PDF ရဲဘော်များ ဒီဇင်ဘာလ ၂၃ ရက်နေ့ နေ့လယ် ၂ နာရီ ၃၀ မိနစ်ဝန်းကျင်က နယ်မြေရှင်းလင်းရေးလုပ်ခဲ့ကြကြောင်း၊ မာလဲတောရွာ ပြည်သူများမှာ လွန်ခဲ့သည့် ၂…
Read More
မြန်မာ့တပ်မတော်၏ “ငါမသေငါ့စခန်းမကျစေရ” ဆောင်ပုဒ် သမိုင်းတွင် ကျန်ရစ်ခဲ့ပြီဟု ညီနောင်မဟာမိတ်များပြောကြား

မြန်မာ့တပ်မတော်၏ “ငါမသေငါ့စခန်းမကျစေရ” ဆောင်ပုဒ် သမိုင်းတွင် ကျန်ရစ်ခဲ့ပြီဟု ညီနောင်မဟာမိတ်များပြောကြား

RNA_ဒီဇင်ဘာ(၁၈)၊၂၀၂၃ခုနှစ်။ မြန်မာတပ့်မတော်၏ "ငါမသေငါ့စခန်းမကျစေရ" ဆောင်ပုဒ်သည် သမိုင်းတွင်ကျန်ရစ်ကာ" ငါ့အသက်ကို ညီနောင်မဟာမိတ်(၃) ဖွဲ့က ဘယ်အချိန်လာယူမလဲ" ဆိုသော စိုးရိမ်ပူပန်မှုများနှင့်အတူ ခုခံစစ်ကို မည်သည့် စစ်ကူမျှမပါဘဲ ရင်ဆိုင်နေရသည်မှာ အားလုံးအသိပင်ဖြစ်ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ပြောကြားထားသည်။ မြန်မာ့တပ်မတော်သားများ အနေဖြင့် အသက်မသေလိုပါက ပြည်သူ့ရင်ခွင်သို့ အမြန်ဆုံး ဝင်ရောက်ခိုလှုံကြရန် ထပ်မံ တိုက်တွန်းလိုက်ကြောင်း၊ “အသက်ကိုဉာဏ်စောင့်” ဆိုသည်ကိုလည်း စေတနာဖြင့် အသိပေးလိုက်ကြောင်း၊ ၁၀၂၇ စစ်ဆင်ရေး ရက်ပေါင်းငါးဆယ်ကျော်ကြာ တိုက်ပွဲများအတွင်း စစ်ကောင်စီသည် တိုက်ပွဲအများစုတွင် စစ်ကူမပေးနိုင်တော့သည်ကို အတိုင်းသား တွေ့မြင်ခဲ့ရပြီဟု ညီနောင်မဟာမိတ်သုံးဖွဲ့က ယမန်နေ့ညက ထုတ်ပြန်ထားသည်။ (more…)
Read More
နမ့်ဆန်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၆၀) ကျော်သေဆုံးပြီး သုံ့ပန်းအဖြစ် (၆၄) ဦး ဖမ်းဆီးရမိ

နမ့်ဆန်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၆၀) ကျော်သေဆုံးပြီး သုံ့ပန်းအဖြစ် (၆၄) ဦး ဖမ်းဆီးရမိ

RNA_ဒီဇင်ဘာ(၁၇)၊၂၀၂၃ခုနှစ်။ တအာင်းပြည်နယ် တပ်မဟာ(၂)စစ်ဒေသ၊ နမ့်ဆန်မြို့ရှိ စစ်ကောင်စီ တပ်မ-၁၀၁၊ တပ်မမှူးအခြေချ ကွပ်ကဲနေသည့် တပ်စခန်းအားလုံးတို့ကို ဒီဇင်ဘာ ၁၅ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်တွင် တအာင်းတပ်မတော် PSLF/TNLA မှ အလုံးစုံ ဝင်ရောက်ရှင်းလင်း ချေမှုန်းသိမ်းပိုက်နိုင်ခဲ့သည်ဟု ယနေ့ ထုတ်ပြန်ထားသည်။ နမ့်ဆန်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ၏ ဟောင်ဝစ်ဇာ အမြောက် (၄)စင်း၊ လက်နက်မျိုးစုံ ၊ မိုင်းမျိုးစုံ၊ ခဲယမ်းမျိုးစုံ အမြောက်အများနှင့် စစ်သုံးဆောင်ပစည်းများရှင်းလင်းသိမ်းဆည်းရရှိခဲ့ကြောင်း၊ ရန်သူအလောင်း (၆၀)ကျော်နှင့် စစ်သုံ့ပန့်အဖြစ် စစ်ကောင်စီတပ် (၃၀)ဦး၊ မိသားစုဝင် (၃) ဦး၊ ရဲ (၆)ဦး၊ ရဲမိသားစုဝင် (၂၅) ဦး စုစုပေါင်း…
Read More
အင်းစိန်ထောင်တွင်းမှ အဓမ္မခေါ်ထုတ်သွားသည့် အကျဉ်းသားများ စစ်မှုမထမ်းသည့်အတွက် ထောင်တွင်းပြန်ပို့

အင်းစိန်ထောင်တွင်းမှ အဓမ္မခေါ်ထုတ်သွားသည့် အကျဉ်းသားများ စစ်မှုမထမ်းသည့်အတွက် ထောင်တွင်းပြန်ပို့

RNA_ဒီဇင်ဘာ(၁၇)၊၂၀၂၃ခုနှစ်။ စစ်တပ်တွင် တာဝန်ပြန်ထမ်းဆောင်လိုသော ခွင့်မဲ့ စစ်ပြေးများကို ပြန်လည်ခေါ်ဆောင်သည့် အမိန့်စာထုတ်ပြီးနောက် အင်းစိန်ထောင်အတွင်းမှ စစ်ပြေးနှင့်ရဲပြေးစသည့် ၃၀၀ ခန့်ကို စစ်မှုမထမ်းသည့်အတွက် ယမန်နေ့က အင်းစီန်ထောင်သို့ ပြန်လည်ပို့ဆောင်လိုက်ကြောင်း သိရသည်။ "စစ်မတိုက်နိုင်ဘူး ကျသင့်သလောက်ခံသွားမယ် ကျတော်တို့ကိုထောင်ထဲ ပြန်ပို့ ပေးပါ” ဟု အင်းစိန်ထောင်တွင်းမှ ခေါ်ထုတ်သွားခံရသူများက ပြောကြကြောင်း၊ " မင်းတို့ကလည်း လွတ်ငြိမ်းပေးတာတောင် မထွက်ချင်ဘူး” ဟုလည်း စစ်ကောင်စီလက်အောက်ခံများက ပြောနေကြကြောင်း အင်းစိန်ထောင်အတွင်း ပြောဆိုနေကြကြောင်း သိရသည်။ အင်းစိန်ထောင်မှ အကျဉ်းသားများကို ဒီဇင်ဘာလ (၇) ရက်နေ့က အဓမ္မခေါ်ဆောင်ပြီး စစ်မှုထမ်းပါက လွတ်ငြိမ်းချမ်းသာပေးမည်ဟု စစ်ကောင်စီလက်အောက်ခံများတိုက်တွန်းခဲ့ပေမဲ့ စစ်မှူမထမ်းလိုကြောာင်းနှင့် ထောင်ကျသည့်နှစ်အတိုင်း ထောု်တွင်နေမည်ဟု ပြောဆိုခဲ့ကြသည့်အတွက် ထောင်အတွင်း ပြန်ပို့ပေးခဲ့ခြင်းဖြစ်သည်ဟု…
Read More
ညောင်ပင်သာရဲစခန်းသိမ်းတိုက်ပွဲ မှတ်တမ်းရုပ်သံ

ညောင်ပင်သာရဲစခန်းသိမ်းတိုက်ပွဲ မှတ်တမ်းရုပ်သံ

RNA_ဒီဇင်ဘာ(၁၃)၊၂၀၂၃ခုနှစ်။   ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ရန်ကုန်−မန္တလေးလမ်းပေါ်ရှိ ညောင်ပင်သာရဲစခန်းသိမ်းတိုက်ပွဲ မှတ်တမ်းရုပ်သံကို ယနေ့ Royal Peacock Column - တော်၀င်ဒေါင်းစစ်ကြောင်းက ပြည်သူများကို အသိပေးထားသည်။   ယင်းစခန်းသိမ်းတိုက်ပွဲကို KNLA၊ တော်ဝင်ဒေါင်း စစ်ကြောင်း၊ BPLA နှင့် ရိုးမ စစ်ကြောင်း (၁) အာဠာဝက စစ်ကြောင်းစသည့် ပူးပေါင်းတပ်ဖွဲ့များက ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြခြင်းဖြစ်သည်။ ရဲစခန်းအတွင်းမှ RPG ထိပ်ဖူး၂၁ လုံး၊ RPG ပို့ယမ်း ၁၇ ခု၊ ၉ မမကျည် ၈၀ တောင့်၊ ၆၀ မမဗုံးသီး ၂၇ ခု၊ G2…
Read More
ညောင်ပင်သာရဲစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ ၃၀ ခန့်သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

ညောင်ပင်သာရဲစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ ၃၀ ခန့်သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

RNA_ဒီဇင်ဘာ(၁၃)၊၂၀၂၃ခုနှစ်။ ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ညောင်ပင်သာရဲစခန်းကို ရိုးမ စစ်ကြောင်း (၁) အာဠာဝက စစ်ကြောင်း၊ တော်ဝင်ဒေါင်း စစ်ကြောင်း၊ BPLA နှင့် KNLA ပူးပေါင်းစစ်‌ကြောင်း ယနေ့ နံနက် ၄ နာရီ ၁၅ မိနစ်တွင် စတင်တိုက်ခိုက်ပြီး သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီလက်အောက်ခံ ၃၀ ခန့်သေဆုံးပြီီး နက်ခဲယမ်းများသိမ်းဆည်းရမိကြောင်း သိရသည်။ ဖြူးမြို့နယ်၊ ရန်ကုန်−မန္တလေးလမ်းပေါ်ရှိ ညောင်ပင်သာရဲစခန်းအား ယနေ့ နံနက် ၄ နာရီ ၁၅ အချိန်တွင် စတင်တိုက်ခိုက်ခဲ့ရာ ၅ နာရီတွင် စခန်််််းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ စခန်းတွင်းရှိ စစ်ကောင်စီအင်အား ၆၀ ခန့်မှ ၃၀ ခန့်သေဆုံးကြောင်း Royal Peacock…
Read More
ပြည်သူတစ်ရပ်လုံး မျှော်လင့်နေသည့် နိုင်ငံရေးရည်မှန်းချက်များကို လျစ်လျူရှုကာ နောက်လှည့်သွားမည်မဟုတ်ဟု ညီနောင် ၃ ဖွဲ့ အသိပေး 

ပြည်သူတစ်ရပ်လုံး မျှော်လင့်နေသည့် နိုင်ငံရေးရည်မှန်းချက်များကို လျစ်လျူရှုကာ နောက်လှည့်သွားမည်မဟုတ်ဟု ညီနောင် ၃ ဖွဲ့ အသိပေး 

RNA_ဒီဇင်ဘာ(၁၃)၊၂၀၂၃ခုနှစ်။  စစ်တပ်၏ ဖိနှိပ်မှုဒဏ်ကို မျိုးဆက်တစ်ခုပြီးတစ်ခု ခံစားခဲ့ကြရသော မြန်မာပြည်သူလူထုတစ်ရပ်လုံး မျှော်လင့်တောင့်တနေသည့် နိင်ငံရေး ရည်မှန်းချက်များကို မည်သည့်အခါမှ လျစ်လျူရှုသွားမည်မဟုတ်သည့်အပြင် နောက်လှည်သွားမည့်သူများမဟုတ်ကြောင်း မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့က အသိပေးထားသည်။  “လတ်တလောတွင် တွေ့မြင်နေရသော သတင်းအချို့ကြောင့် မြန်မာပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် စိုးရိမ်ပူပန်မှုများ ရှိနေသည်ကို မိမိတို့အနေဖြင့် သိရှိရ၍ အဆိုပါကိစ္စရပ်အပေါ် များစွာစိုးရိမ်ပူပန်မှု မရှိကြစေရန် ပြောကြားလိုပါသည်။ ထို့အတူ မိမိတို့အနေဖြင့် ဘုံရည်မှန်းချက် အလုံးစုံပြည့်ဝသည်အထိ လုပ်သင့်လုပ်ထိုက်သည်များကို မြန်မာပြည်သူလူထု တစ်ရပ်လုံးနှင့် လက်တွဲကာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်းကိုလည်း လေးစားစွာ အသိပေးအပ်ပါသည်” ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့က ယမန်နေ့က ထုတ်ပြန်ထားသည်။  ၁၀၂၇ စစ်ဆင်ရေးစတင်သည့်နေ့မှစ၍ ယနေ့အထိ စစ်ကောင်စီတပ်စခန်းများနှင့် စစ်ရေးပစ်မှတ်များကို…
Read More