လင်းကတောနယ်မြေရဲစခန်း စခန်းသိမ်းတိုက်ပွဲအတွင်း ကျဆုံးသွားသော ရဲဘော်များအတွက် တစ်နှစ်ပြည့်အခမ်းအနားပြုလုပ်

RNA_ဒီဇင်ဘာ(၇)၊၂၀၂၄ခုနှစ်။

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လင်းကတောနယ်မြေရဲစခန်း စခန်းသိမ်းတိုက်ပွဲအတွင်း မြင့်မြတ်စွာ ကျဆုံးခဲ့ရသော ပြည့်သူကာကွယ်ရေးတပ်ဖွဲ့ – ရေစကြိုမြို့နယ်(ပ.က.ဖ)မှ ရဲဘော် (၃) ဦး၏ တစ်နှစ်ပြည့်အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လင်းကတောနယ်မြေရဲစခန်းကို ဒေသတွင်းတော်လှန်ရေးအင်အားစုများက ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၄ ရက်နေ့မှစတင်ကာ တိုက်ခိုက်စဉ် ဒီဇင်ဘာ ၆ ရက်နေ့မှစတင်ပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ််ခဲ့ရာ ဒီဇင်ဘာ (၇) ရက်နေ့တွင် မြိုင်မြို့နယ် ပ.က.ဖ မှ ရဲဘော် (၅) ဦး၊ ရေစကြိုမြို့နယ်(ပ.က.ဖ)မှ ရဲဘော် (၃) ဦး ကျဆုံးခဲ့ရခြင်းဖြစ်သည်။

 

အခမ်းအနားတွင် ရဲစခန်းသိမ်းတိုက်ပွဲအတွင်း ကျဆုံးသွားသော ရဲဘော်များနှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ရေစကြိုမြို့နယ်(ပ.က.ဖ) တွင် တာဝန်ထမ်းဆောင်ရင်း မြင့်မြတ်စွာကျဆုံးခဲ့ရသည့် ရဲဘော်(၁၈)ဦးအား ဂုဏ်ပြုအလေးပြုခြင်းနှင့် ခေတ်အဆက်ဆက် ဖက်ဒရယ်ဒီမိုကရေစီတိုက်ပွဲတွင် မြင့်မြတ်စွာကျဆုံးခဲ့ရသော ရဲဘော်များအားအလေးပြုခြင်းစသည်တို့ကို ပြုလုပ်ခဲ့သည်ဟု ယနေ့ ရေစကြိုမြိုနယ် ပ.က.ဖမှ ထုတ်ပြန်ထားသည်။


#RedNewsAgency #REDNEWS #RNA #AhNyar

By RNA Editor