RNA_ဒီဇင်ဘာ(၁၁)၊၂၀၂၄ခုနှစ်။
ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် တခုတည်းကျန်ရှိသော အမှတ် (၅) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ (နခခ-၅) စခန်းအား စခန်းသိမ်းတိုက်ပွဲအတွင်း ဘူးသီးတောင်မြို့၊ အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၅) စကခမှူး ဗိုလ်မှူးချုပ်သူရိန်ထွန်း၊ စကခမှူး ကိုယ်ရေးအရာရှိ ဗိုလ်ကြီးဝေလင်းအောင် (တတိယတန်း ဦးစီးအရာရှိ) အပါအဝင် အရာရှိ၊ အကြပ်၊ စစ်သည်အမြောက်အမြားတို့ နှင့် နှင့် စစ်ကောင်စီမှ သင်တန်းပေးထားသည့် အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွ လက်နက်ကိုင်တပ်ဖွဲ့ဝင်များအား သုံ့ပန်းအဖြစ် ဖမ်းဆီးရမိကြောင်း အာရက္ခတပ်တော်က ကြေညာထားသည်။
အာရက္ခတပ်တော်မှ နခခ (၅) စခန်းအား (၂) လအကြာ ဝန်းရံပိတ်ဆို့ထားပြီးနောက် အောက်တိုဘာ ၁၄ ရက်နေ့က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ (၅၅) ရက်အကြာ ဒီဇင်ဘာလ (၈) ရက်နေ့၊ နံနက် (၉) နာရီ (၃၀) မိနစ်အချိန်၌ အပြီးသတ်ချေမှုန်းတိုက်ခိုက်နိုင်ခဲ့သောကြောင့် မောင်တော ဒေသတစ်ခုလုံးအား အလုံးစုံထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ နခခ(၅) စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ (၄၅၀) နှင့်အထက် သေဆုံးနိုင်ခဲ့ပြီး၊ လက်နက်ခဲယမ်းများသိမ်းဆည်းရမိထားသည်ဟု AA ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
#RedNewsAgency #RNA #REDNEWS