30
Oct
RNA- အောက်တိုဘာ ၃၀ ရက်၊ ၂၀၂၁ ခုနှစ်။ ချင်းပြည်နယ်၊ ထန်တလန်မြို့၌ အာဏာသိမ်း အကြမ်း ဖက်စစ်ကောင်စီ ဖက်ဆစ်စစ်တပ်များ၏ လုပ်ရပ်ကြောင့် အောက်တိုဘာလ ၂၉ ရက်နေ့က လူနေအိမ် ၃၀၀ ခန့်နှင့် ဘာသာရေးအဆောက်အအုံးများ မီးလောင်ပျက်စီးသွားမှုနှင့် ပတ်သက်ပြီး NUG အစိုးရပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနအနေဖြင့် တရားစီရင်နိုင်ရေး ဆက်လက်လုပ်ဆောင်သွားမည်ဟု ယနေ့ ထုတ်ပြန်ထားသည်။ ” ဖက်ဆစ်စစ်တပ်၏ အကြမ်းဖက် လုပ်ရပ်များကို အပြည့်အဝ တာဝန်မှုရှိစေရေး၊ တရားဥပဒေအောက် အရောက်ခေါ်ယူ၍ ပြည်သူ့တရားစီရင်နိုင်ရေးတို့ကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည့်အပြင် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့်လည်း ချိတ်တွဲလျက် ဖက်ဆစ်စစ်တပ်အပေါ် အရေးယူနိုင်ရေးကို ကြိုးပမ်းဆောင် ရွက်သွားမည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ ဖက်ဆစ်စစ်တပ်…