မီးရထားစက်ရုံတွင် အခြေအနေတစ်ခုကြောင့် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းတချို့ကို အရေးယူမည်မဟုတ် 

RNA_စက်တင်ဘာ (၁၉)၊၂၀၂၂ခုနှစ်။

မန္တလေးတိုင်း၊ မြစ်ငယ်မြို့ပေါ်မှ မီးရထားစက်ရုံတွင် အခြေအနေတစ်ခုကြောင့် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းတချို့ကို အရေးယူမည်မဟုတ်ကြောင်း မြစ်ငယ်မြို့ပြ အထူးပြောက်ကျားတပ်ဖွဲ့ – MNPDF က အရေးယူမည်မဟုတ်ကြောင်း သိရသည်။

မြစ်ငယ်မြို့ပေါ်မှ မီးရထားဝန်ထမ်းများနှင့် ပတ်သက်ပြီး တော်လှန်ရေးပုံရိပ်ကို ဝေဝါးစေရန်အတွက် ပုံမှားရိုက်ပြီး ခြိမ်းခြောက်စာများ ပို့နေသူများရှိကြောင်း သိရသည်။

” MNPDF အဖွဲ့အစည်း၏ တော်လှန်ရေးပုံရိပ်ကို ဝေဝါးစေရန်အတွက် လက်ရှိအချိန်တွင် ပုံမှားရိုက်ပြီး ခြိမ်းခြောက်စာများ ပို့နေသော မသမာသူအဖွဲ့သည် မိမိလုပ်ရပ်အတွက် မိမိသာပြန်လည်၍ တာဝန်ယူဖြေရှင်းရမည်ဖြစ်ပြီး MNPDF အနေဖြင့်လဲ စုံစမ်းစစ်ဆေးမှု ပြုလုပ်ကာ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။ စကစလက်အောက်တွင် တာဝန်ထမ်းဆောင်ပြီး CDM သမားများကို လုပ်ငန်းပြန်ဆင်းရန် အကြိမ်ကြိမ် ဖုန်းဆက်ပြောနေသူများ၊

မြို့နေပြည်သူလူထုကို ဒုက္ခပေးခြင်း၊ စခ ရခများကို သတင်းပေးပို့ တိုင်ကြားခြင်းစတဲ့ ပုဂ္ဂိုလ် အဖွဲ့အစည်းများကို သေချာစီစစ်ပြီး MNPDF မှအရေး ယူဆောင်ရွက်သွားပါမည်” ဟု MNPDF မြို့ပြအထူးပြောက်ကြားတပ်ဖွဲ့ ဗိုလ်ဖောင်းဒိုင်းက ယမန်နေ့ (စက်တင်ဘာ ၁၈)က ထုတ်ပြန်ထားသည်။

မြစ်ငယ်မြို့ပေါ်တွင် ပျံ့နှံ့နေသော စာပို့ခြိမ်းခြောက်သတိပေးခြင်း၊ ဖုန်းဆက်ပြီး ခြိမ်းခြောက်သတိပေးခြင်းတို့သည် MNPDF အဖွဲ့မှ လုပ်ဆောင်ခြင်းမရှိကြောင်း၊ယခင်က ပြည်သူနှင့်အတူပူးပေါင်းဖို့ အကြိမ်ကြိမ်သတိပေးတောင်းဆိုခဲ့ပြီးဖြစ်ပြီး ယခုအချိန်ကာလအနေအထားဖြင့် သတိပေးရမည့်အချိန်မဟုတ် အရေးယူရမည့်အချိန်ဖြစ်ကြောင်း၊ အခြေအနေတစ်ခုကြောင့် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းတချို့ကို အရေးယူမည်မဟုတ်ကြောင်း MNPDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Red News Agency

By Editor