စာသင်ကျောင်းကို လေကြောင်းက တိုက်ခိုက်သည့်အတွက် ကလေးငယ် (၄) ဦးပါအဝင် သေဆုံးမှုများပြား 

RNA_စက်တင်ဘာ(၁၇)၊၂၀၂၂ခုနှစ်။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အရှေ့ခြမ်း လက်ယက်ကုန်းကျေးရွာ စာသင်နေသည့် ဗုဒ္ဓယဉ်ကျေးမှုသင်တန်းကျောင်းကို ယမန့်နေ့ ( စက်တင်ဘာ ၁၆ ရက်) က အကြမ်းဖက်စစ်တပ်မှ ရဟတ်ယာဉ်များသုံးကာ ဝင်ရောက်ပစ်ခတ်စီးနင်းခဲ့သည့်အတွက် ကလေးငယ်များအပါအဝင် ပြည်သူများ သေဆုံးခဲ့ရသည်ဟု သိရသည်။

” လက်နက်ကြီးထိမှန်မှုကြောင့် စာသင်နေသော ကလေးငယ် ၄ ဦး သေဆုံးပြီး ၁၁ နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် အရပ်သားပြည်သူ ၅ ဦး ပစ်ခတ်သတ်ဖြတ်ခံထားရကြောင်းသိရသည်။ အဆိုပါစီးနင်းမှုအတွင်း ထိခိုက်ဒဏ်ရာရသွားသော စေတနာ့ဝန်ထမ်း ဆရာ ဆရာမ ၂ ဦးအပါဝင် ဒဏ်ရာရ ကျောင်းသား ကလေးငယ် ၂၀ ဝန်းကျင်အား ရေဦးမြို့သို့ ဖမ်းဆီးခေါ်ဆောင် သွားသည်” ဟု ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေး အဖွဲ့က ယနေ့နံနက်မှာ အသိပေးထားသည်။

လက်ယက်ကုန်းကျေးရွာကို စစ်ကောင်စီတပ်ဝင်စီးပြီး နေအိမ်တလုံးအား မီးရှို့ဖျက်ဆီးသွားကြောင်း၊ ကျောင်းသား ကလေးငယ်များ၊ ဆရာ ဆရာမများနှင့် အရပ်သားပြည်သူ (၄) ဦးပါ ဖမ်းဆီးပြီး ရေဦးမြို့နယ်ဘက် ထွက်သွားကြောင်း သိရသည်။

Red News Agency

By Editor