စစ်အာဏာရှင်ကို ရွံရှာမုန်းတီးပြီး ပြည်ချစ်စိတ် ခိုင်မာသူများဖြစ်သည့်အတွက် ကာကွယ်ရေးတပ်‌တွေကို အဖိုးတန်ရတနာများ လှူဒါန်း 

RNA_စက်တင်ဘာ(၁၈)၊၂၀၂၂ခုနှစ်။

စစ်ကိုင်းတိုင်းနှင့်မကွေးတိုင်းစသည့်ဒေသမှ အညာလူထုသည် စစ်အာဏာရှင်ကို ရွံရှာမုန်းတီးပြီး ပြည်ချစ်စိတ်ခိုင်မာနေသည့်အတွက် ဒေသခံကာကွယ်ရေး တော်လှန်ရေးရဲဘော်များကို အညာလူထုတန်ဖိုးထားသည့် လက်ဝတ်ရတနာများကို ချွတ်ကာ လှူဒါန်းနေကြကြောင်း သိရသည်။

အညာလူထု တန်ဖိုးထားသည့် လက်ဝတ်ရတနာများကို စက်တင်ဘာလ ၁၇ ရက်နေ့က လူငယ်သူရဲကောင်းတပ်(YRF)ကို ပြည်သူများက လှူဒါန်းခဲ့ကြောင်း၊ ချင်းတွင်းမြစ်အနောက်ဘက်ကမ်းသပိတ်စစ်ကြောင်းမှ ပြည်သူများကလည်း။ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များအတွက် ရွှေနားကပ်၊ ရွှေလက်စွပ်များကို လှူဒါန်းခဲ့ကြောင်း သိရသည်။

“အညာပြည်သူလူထုဟာ ဖက်ဒရယ်ဒီမိုကရေစီလိုချင်တယ်ဆိုတာ တော်လှန်ရေးအစကတည်းက ပြသထားပြီးပါပြီ။ အညာပြည်သူလူထုရဲ့စိတ်ဓာတ်ဟာ ကောက်ရိုးမီးမဟုတ်ဘဲ ဇွဲသန်တယ်ဆိုတာ ပြောစရာမလိုအောင်ပါပဲ။ ရွှေဆိုတာဝတ်သူကိုပဲတင့်တယ်လှပစေတာပါ။ အခုတော့ တစ်နိုင်ငံလုံးရဲ့အနာဂတ်၊ မျိုးဆက်တွေရဲ့အနာဂတ်လှဖို့အရေး ပြည်သူ့ရဲဘော်တွေကို လက်ဝတ်ရတနာတွေထောက်ပံ့ပေးတဲ့ ပြည်သူများကို လေးစားဝမ်းမြောက်မိတယ်။ ပြည်ချစ်စိတ်မွေးပြီး ဆက်လက်အားတင်းထားကြပါ” ဟု လူငယ်သူရဲကောင်းတပ်(YRF) မှ ပြန်ကြားရေးတာဝန်ခံ ကိုဖီးနစ် က Red News Agency ကို ပြောသည်။

မြိုင်မြို့နယ်မှ ပြည်သူများအပါအဝင် မကွေးတိုင်း၊ စစ်ကိုင်းတိုင်းမှ ပြည်သူများသည် ဒေသကာကွယ်ရေး လက်နက်ဝယ်ယူနိုင်ရေးအတွက် လက်ဝတ်ရတနာများကို မကြာခဏ လှူဒါန်းနေကြကြောင်း၊ လူငယ်သူရဲကောင်းတပ်(YRF) ကိုလှူဒါန်းထားသည့် ရတနာများကို မဲဖောက်ပြီး ပြည်သူ့ကာကွယ်ရေးအတွက် လက်နပ်ဝယ်ယူမည်ဖြစ်ကြောင်း သိရသည်။

Red News Agency

By Editor