“မင်းတို့က ဖိနှိပ်လေလေ ငါတို့ကပုန်ကန်ထကြွလေလေ”

“မင်းတို့က ဖိနှိပ်လေလေ ငါတို့ကပုန်ကန်ထကြွလေလေ စာတန်း ကိုင်ဆောင်ပြီး ရန်ကုန်မှာ လမ်းပေါ်ထွက်ဆန္ဒပြ

RNA_စက်တင်ဘာ(၁၈)၊၂၀၂၂ခုနှစ်။

လုံခြုံရေးတင်းကြပ်ပြီး ဖမ်းဆီးမှုများကြားမှ “မင်းတို့က ဖိနှိပ်လေလေ ငါတို့ကပုန်ကန်ထကြွလေလေ” စာတန်း ကိုင်ဆောင်ပြီး အကြမ်းဖက်အာဏာသိမ်း စစ်ကောင်စီနှင့် အပေါင်းအပါများကို ယနေ့ ရန်ကုန်မြို့တနေရာတွင် လမ်းပေါ်ထွက်ကာ လူငယ်များက ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြပွဲတွင် “မင်းတို့က ဖိနှိပ်လေလေ ငါတို့ကပုန်ကန်ထကြွလေလေ ” စာတန်း ကိုင်ဆောင်ပြီး ကြွေးကြော်သံများ၊ လူထုတေးသံ သီချင်းများကို သံပြိုင် ဟစ်ကြွေးခဲ့သည်။

Burma Youth Revolutionary Force(BYRF) က အဆိုပါ ဆန္ဒပြပွဲကို ဦးဆောင်ပြီး လှိုင်သာယာမြို့နယ်အခြေခံ ပညာကျောင်းသားများသမဂ္ဂ (လသယ အကသ) ၊ YRSC(ရန်ကုန်ရဲ့သူပုန်များ သပိတ်ကော်မတီ)၊ပုဇွန်တောင်၊ဗိုလ်တထောင်လူငယ်များသပိတ်ကော်မတီ -PBYSC တို့မှပူးပေါင်းခဲ့သည်ဟု BYRF က ထုတ်ပြန်ထားသည်။

Red News Agency

By Editor