ကလေးငယ် (၁၁) ဦးအသတ်ခံရမှုကို Save the Children အနေဖြင့် ထိတ်လန့်တုန်လှုပ်မိဟု ထုတ်ပြန် 

Written by

in

RNA_စက်တင်ဘာ (၂၀)၊၂၀၂၂ခုနှစ်။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်းကို စစ်ကောင်စီတပ် မကြမ်းဖက် တိုက်ခိုက် ပစ်ခတ်သည့်အတွက် ကလေးငယ် (၁၁) ဦး သေဆုံးခဲ့ရပြီး (၁၇) ဦး ထိခိုက်ဒဏ်ရာရရှိမှုအပေါ် လွန်စွာထိတ်လန့် တုန်လှုပ် မိပါသည်ဟု ထုတ်ပြန်ထားသည်။

” ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့က စစ်ကိုင်း တိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ စာသင် ကျောင်းတစ်ကျောင်းအား တိုက်ခိုက်ခံခဲ့ရမှုတွင် အနည်းဆုံး ကလေး သူငယ် ၁၁ ဦး အသက်ဆုံးရှုံးခဲ့ရပြီး ၁၇ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သတင်းများ ကြားသိရသည့်အပေါ် လွန်စွာထိတ်လန့် တုန်လှုပ် မိပါသည်။ ယင်းတိုက်ခိုက်မှုအပေါ် Save the Children အနေဖြင့် အပြင်းထန်ဆုံး ကန့်ကွက်ရှုတ်ချပြီး အဆိုပါတိုက်ခိုက်မှုကြောင့် သားသမီးများနှင့် ချစ်ခင်ရသူ များကို ဆုံးရှုံးခဲ့ရသည့် မိသားစုများနှင့်ထပ်တူ စိတ်ထိခိုက်ဝမ်းနည်းရကြောင်းကိုလည်း အလေးအနက် ပြောကြားလိုပါသည်” ဟု ယနေ့ ထုတ်ပြန်ထားသည်။

စက်တင်ဘာလ ၁၇ ရက်နေ့က Save the Childrenက ထုတ်ပြန်ခဲ့သည့်အတိုင်း အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာထောက်ထားမှုဥပဒေကို လေးစားလိုက်နာပြီး ကလေးသူငယ်များနှင့် စာသင်ကျောင်းများကို တိုက်ခိုက်ခြင်း မပြုရန် Save the Children မှ ထပ်မံတောင်းဆိုထားသည်။

Red News Agency