NUG,PDF ကို ထောက်ပံ့လှူဒါန်းရင် သေဒဏ် အထိ ချမှတ်နိုင်ကြောင်း ဇော်မင်းထွန်း ခြိမ်းခြောက်

RNA_စက်တင်ဘာ (၂၁)၊ ၂၀၂၂ ခုနှစ်။

အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့(PDF) ၊ဒေသကာကွယ်ရေးတပ်ဖွဲ့ (LDF) တို့ကို ထောက်ပံ့ လှူဒါန်းမယ်ဆိုရင် အကြမ်း ဖက်တိုက်ဖျက်ရေး ဥပဒေနှင့် အရေးယူမှာဖြစ်ပြီး၊ ထောင်ဒဏ် ၃ နှစ်၊ ၅နှစ် ၊ ၁၀ နှစ်မှသည် သေဒဏ် အထိ ချမှတ်နိုင်ကြောင်း စစ်ကော်စီ အလိုတော်ကျ သတင်းပြန်ကြားပေးနေသူ ဇော်မင်းထွန်းက ခြိမ်းခြောက်ပြောဆိုထားသည်။

နေပြည်တော်မှာ ယမန်နေ့( စက်တင်ဘာ ၂၀ )က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲမှာ Kpay အပါအဝင် Mobile Banking ငွေပေးချေမှု အကောင့်များကို Level (2 )အဆင့်တိုးမြှင်ရန်ထုတ်ပြန်ခဲ့သော စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ် ကြေညာချက်နဲ့ပတ်သက်ပြီး ရှင်းပြစဥ် ဇော်မင်းထွန်းက ခြိမ်းခြောက်ပြောဆိုခဲ့သည်။

“လှူတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ငွေလွှဲပေးတဲ့သူတွေကိုယ်စားလှယ်တွေ အေးဂျင့်တွေနဲ့ ပတ်သက်လို့ ငွေလွှဲတဲ့သူကော Online ကနေ ငွေကြေး ထောက်ပံ့တာပဲဖြစ်ဖြစ် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၃-ခ အရ ငြိစွန်းပါတယ်။ ၁၀၀ပဲလှူလှူ သိန်းနဲ့ချီပြီးပဲ လှူလှူ နောက်ဆုံး  ကူရုံပါပဲလို့ပဲ ပြောပြော အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ (၅၂ )အရ ထောင်ဒဏ်၃ နှစ်ကနေ ၇ နှစ်အထိ ချမှတ်နိုင်ပါတယ်။ထပ်ပြီးဆိုးတာက  ကိုယ်ကပို့လိုက်တဲ့ ပိုက်ဆံ ကိုယ်ကလှူလိုက်တဲ့ဟာက ဟိုက လက်ခံထားတဲ့သူက လူသတ်တာတွေ အကြမ်းဖက်တာတွေ ကျူးလွန်ခဲ့လို့ရှိရင် အပြင်း အထန်နာကျင်စေမှုတွေ ဖြစ်ခဲ့လို့ရှိရင် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ (၅၄) အရ ထောင်ဒဏ်အနည်းဆုံး (၁၀ နှစ်)ကနေ သေဒဏ်အထိ ချမှတ်နိုင်တာဖြစ်ပါတယ်” လို့ ပြောကြားခဲ့သည်။

၁ ကျပ်တစ်ပြားလေးလှူတာတောင်မှ ထောင် ၁၀ နှစ်ကျတာမျိုး၊ ၁ ကျပ်တစ်ပြားလေးလှူတာတောင်မှ သေဒဏ်အထိဖြစ်လာမျိုးတွေဟာ အကြမ်းဖက်တိုက်ဖျက်မှု ဥပဒေပုဒ်မ ၅၄ နဲ့ ငြိလို့ဖြစ်လာတာဟု ဆက်ပြောသည့်အပြင် ဥပဒေကို မသိနားမလည်ဟုဆိုကာမျှဖြင့် ဥပဒေက ခွင့်လွှတ်မှာမဟုတ်ကြောင်းလည်း သူက ထပ်လောင်း ပြောကြားခဲ့ပါတယ်။

စစ်ကောင်စီအလိုကျ ဇော်မင်းထွန်းက ခြိမ်းခြောက်တာနှင့် ပတ်သက်ပြီး ဘယ်သူ့ကို လှူရမယ် မလှူရဘူးဆိုတာကို ခွဲခြားသိသွားပြီလို့ လူမှုကွန်ယက် အသုံးပြုတစ်ဦးက မှတ်ချက်ပြုထားသည်။

” ဒါသက်သက်ဗြဲခြောက်တာ၊ PDF တွေ တဖြည်း ဖြည်း အင်အားများပြားလာတာကို ကြည့်ပြီး လန့်နေတာ အသိတာကြီးပဲ။ ကိုယ်ပိုက်ဆံနဲ့ ကိုယ်ပဲ ၊ ကိုယ့်ရဲ့ ရပ်တည် ချက်နဲ့ကိုယ်ပဲ။ PDF ကော LDF ကော အကြမ်းဖက်စစ်ကောင်စီကို အမြစ်ဖြတ်ချေမှုန်းနေတဲ့ ကလေးတွေကို အကုန်လှူမယ်။ရတဲ့နည်းနဲ့ ရတဲ့နေရာကနေဘလှူမယ်” လို့ Red News Agency ကို ပြောကြားထားသည်။

လှုမှုကွန်ယက်အသုံးပြုသူ တချို့ကလည်း “လစဥ်ကို လှူဦးမှာ မင်းတိရေး လုပ်မှာ၊ ရှင်းလား” ၊ “အလှူရေစက်လက်နဲ့မကွာ ဆက်လက်လှူနိင်ကြပါစေ”၊”၁ကျပ်၁ပြား က နင်တို့အတွက် မသာစရိတ်” တို့လဲ PDF ကို ဒီထက်ပိုလှူမယ် တို့ခလေးတွေအားလုံး ဘေးကင်းကြပါစေ အရေးတော်ပုံ အမြန်ဆုံးအောင်ပါစေ၊အကြမ်းဖက်စစ်တပ် အမြန်ဆုံး ကျဆုံးပါစေ” ဆိုပြီး အသီးသီး မှတ်ချက်ပြုထားကြပါတယ်။

Red News Agency

By Editor