သတင်း

ကနီမြို့နယ် PDF စစ်ရေးပြအခမ်းအနားမှာလက်နက်ကြီးများ စမ်းသပ်ဖောက်ခွဲပြ 

ကနီမြို့နယ် PDF စစ်ရေးပြအခမ်းအနားမှာလက်နက်ကြီးများ စမ်းသပ်ဖောက်ခွဲပြ 

RNA_ဇန်နဝါရီ ၅ ရက်၊ ၂၀၂၁ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ယနေ့ နံနက်ပိုင်းက စစ်ရေးပြခင်း၊ ကျမ်းသစ္စာကျိမ်ဆိုခြင်း အခမ်းအနားတွင် ဒေါင်းနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ကနီမြို့နယ်) မှ တီထွင်ထုတ်လုပ်သော လက်နက်များကို ထုတ်ဖော်ပြသခဲ့ပြီး စမ်းသပ်ဖောက်ခွဲပြသခဲ့ကြောင်း သိရသည်။ Red News Agency
Read More
ချင်းအမျိုးသား ဓမ္မဆရာ ဖမ်းဆီးခံရပြီး စစ်ကြောရေးမှာ အသက်အန္တရာယ် စိုးရိမ်ရ

ချင်းအမျိုးသား ဓမ္မဆရာ ဖမ်းဆီးခံရပြီး စစ်ကြောရေးမှာ အသက်အန္တရာယ် စိုးရိမ်ရ

RNA_ဇန်နဝါရီ ၅ ရက်၊ ၂၀၂၂ ခုနှစ်။ ပဲခူးတိုင်း၊ ပြည်- သာယာဝတီ သာသနယ်က အရှိုချင်းအမျိုးသား ဓမ္မဆရာ ဆလိုင်းဧလလုံးဝေ အဖမ်းခံရပြီး ပြည် စစ်ကြောရေးမှာ အသက်အန္တရာယ် စိုးရိမ်ရသည့် အနေအထားဖြစ်နေကြောင်း သိရသည်။ " အခုပြည်စစ်ကြောရေးမှာ ဖမ်းခံထားရတာ တပတ်ကျော်ပြီ၊ မိသားစုလိုက်ပေမဲ့ အဆက်အသွယ်လုံးဝ ပြတ်သွားတယ်၊ မိသားစုတွေကိုပါ အန္တရာယ်ဖြစ်နိုင်တဲ့ အဆင့်ရောက်နေတယ်၊ ဓမ္မဆရာ ဆလိုင်းဧလလုံးဝေက သူ့ဘာသာ သာသနာပဲ ပြုနေတာ၊ ဒါကို PDF လို့စွပ်စွဲဖမ်းခံရတာလို့ ကြားထားရတယ်၊ ပြည်စစ်ကြောရေးမှာ ဖြစ်ဖို့များတယ်" ဟု ဓမ္မဆရာ ဆလိုင်းဧလလုံးဝ၏ မိတ်ဆွေ တဦးက ပြောသည်။ ဓမ္မဆရာ ဆလိုင်းဧလလုံးဝေသည် ၂၀၂၁ ခုနှစ်…
Read More
စစ်အာဏာရှင်ကို အရှိန်တိုးမြင့်တိုက်ခိုက်သွားမည့် ပေါက် PDF

စစ်အာဏာရှင်ကို အရှိန်တိုးမြင့်တိုက်ခိုက်သွားမည့် ပေါက် PDF

RNA_ဇန်နဝါရီ ၄ ရက်၊ ၂၀၂၂ ခုနှစ်။ အာဏာသိမ်းစစ်ကောင်စီတပ်နှင့် အပေါင်းအပါများကို လက်နက်ကိုင် တိုက်ခိုက်နေသည့် မကွေးတိုင်း၊ ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် (PPDF)က ၂၀၂၂ ခုနှစ်မှာ အရှိန်တိုးမြှင့်လုပ်ဆောင်သွားဖို့ရှိကြောင်း PPDF ခေါင်းဆောင် ဒေါ်လွင်လွင်မြင့်က ပြောကြားထားသည်။ Red News Agency
Read More
လွတ်လပ်ရေး မရသေးသည့်အတွက် ပျော်ပွဲရွှင်ပွဲ မလုပ်

လွတ်လပ်ရေး မရသေးသည့်အတွက် ပျော်ပွဲရွှင်ပွဲ မလုပ်

RNA_ဇန်နဝါရီ ၄ ရက်၊ ၂၀၂၂ ခုနှစ်။ ယနေ့ ကျရောက်သည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် လွတ်လပ်ရေးမရသေးသည့်အတွက် ပျော်ပွဲ ရွှင်ပွဲမပြုလုပ်ဟု ရန်ကုန် ဒေသခံများက ပြောသည်။ " ဒီနှစ်က ဘယ်သူမှ ပျော်ပွဲရွှင်ပွဲ မလုပ်ကြဘူး။ လွတ်လပ်ရေးမှ မရသေးတာ" ဟု ဗဟန်းမြို့နယ် နေထိုင်သူ တဦးက ပြောသည်။ (more…)
Read More
NUG အစီအစဉ်ဖြင့် စစ်ကိုင်းတိုင်းမှာ အခြေခံပညာ ကျောင်းတွေဖွင့်ဖို့ပြင်နေ 

NUG အစီအစဉ်ဖြင့် စစ်ကိုင်းတိုင်းမှာ အခြေခံပညာ ကျောင်းတွေဖွင့်ဖို့ပြင်နေ 

RNA_ဇန်နဝါရီ ၃ ရက်၊ ၂၀၂၂ ခုနှစ်။ နွေ‌ဦးတော်လှန်ရေးကာလ ခုခံစစ် ပြင်းထန်ခဲ့သည့် စစ်ကိုင်းတိုင်းတွင် NUG အစီအစဉ်ဖြင့် အခြေခံပညာ စာသင်ကျောင်းများ ဖွင့်လှစ်ဖို့ ပြင်ဆင်နေကြောင်း သိရသည်။ စစ်ကိုင်းတိုင်း၊ ဒီပဲယင်း၊ ယင်းမာပင်၊ ပုလဲ၊ ကနီ၊ ကလေး ၊ မြောင်စသည့် မြို့နယ်များတွင် စစ်ကောင်စီတပ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပြင်းပြင်ထန်ထန် တိုက်ခိုက်သည့်အတွက် စစ်အုပ်ချုပ်ရေးမှာ နေရာတိုင်း မသက်ရောက်တော့ကြောင်း၊ ယခင်က ဆိုင်ကယ်ဖြင့် (၁) နာရီ ခရီးကြာသည့် နေရာကို စစ်ကောင်စီတပ် စစ်ကြောင်းများ (၃) ကြောင်းခွဲကာ ၄ ရက်ခရီး သွားနေရကြောင်း၊ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များမှာ ကျေးရွာအလိုက်၊ မြို့နယ်အလိုက်စသည့်…
Read More
စစ်အာဏာရှင်အနေဖြင့် ဖမ်းဆီးထားသူများ ပြန်လွှတ်ပြီး ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်သွားရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ထပ်မံတောင်းဆို

စစ်အာဏာရှင်အနေဖြင့် ဖမ်းဆီးထားသူများ ပြန်လွှတ်ပြီး ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်သွားရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ထပ်မံတောင်းဆို

RNA_ဇန်နဝါရီ ၃ ရက်၊ ၂၀၂၂ ခုနှစ်။ စစ်အာဏာရှင်က မတရားဖမ်းဆီး ထိန်းသိမ်းထားသူများအားလုံး လွှတ်ပေးရန်နှင့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်သွားရန် ထပ်မံတောင်းဆိုကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ​ ဂျေ ဘလင်ကန်က ယနေ့ ပေးပို့သော ၇၄ နှစ်မြောက် မြန်မာနိုင်ငံလွတ်လပ်ရေးနေ့ ဆုတောင်းသဝဏ်လွှာတွင် ဖော်ပြထားသည်။ " စစ်အာဏာရှင်၏ ကြောက်မက်ဖွယ်ရာနှိပ်စက်ကလူပြုမှုများကို ခံစားနေရသည့်တိုင် ပိုမိုကောင်းမွန်သောအနာ ဂတ်တစ်ခုအတွက်မျှော်လင့်ချက်ကို မစွန့်လွှတ်ကြသည့် မြန်မာပြည်သူများအတွက် အမေရိကန်ပြည်ထောင် စု၏ သန္နိဋ္ဌာန်မှာ ပြောင်းလဲမသွားပါ။ အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ရန်၊ မတရားထိန်းသိမ်းထားသူများအားလုံးကို လွှတ်ပေးရန်နှင့် စစ်မှန်ပြီး အားလုံးပါဝင်နိုင်သည့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ရန် စစ်အာဏာရှင်ကို မိမိတို့ ထပ်မံတောင်းဆိုပါသည်" ဟူ၍ အမေရိကန်…
Read More
ကြားကာလ ဒေသန္တရအုပ်ချုပ်ရေး အမြန်ဆုံး ဖော်ဆောင်နိုင်ရေး အစည်းအဝေးပြုလုပ်

ကြားကာလ ဒေသန္တရအုပ်ချုပ်ရေး အမြန်ဆုံး ဖော်ဆောင်နိုင်ရေး အစည်းအဝေးပြုလုပ်

RNA_ဇန်နဝါရီ ၃ ရက်၊ ၂၀၂၂ ခုနှစ်။ အမျိုးသားညီညွတ်ရေးအစိုးရ ( NUG) ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု အစည်း အဝေး (၁/၂၀၂၂) ကို ဇန်နဝါရီ ၂ ရက်‌နေ့က ပြုလုပ်ခဲ့ပြီး ခိုင်မာသည့် ကြားကာလဒေသန္တရအုပ်ချုပ်ရေးပုံစံတစ်ခုအမြန်ဆုံး ဖော်ဆောင်ရေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးသည် ပိုမိုအရေးပါလာပြီဖြစ်ပြီး တရားရေးဆိုင်ရာကိစ္စရပ်များ စီမံခန့်ခွဲမှု ကိစ္စများနှင့်ပတ်သက်၍ နေ့စဉ်ကြားသိနေရသည့်အတွက် အစိုးရအနေနှင့် ခိုင်မာတဲ့ ကြားကာလဒေသန္တရအုပ်ချုပ်ရေးပုံစံတစ်ခုအမြန်ဆုံး လိုအပ်နေပြီဖြစ်သည်ဟု အစည်းအဝေးတွင် ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီဥက္ကဋ္ဌပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားခဲ့သည်။ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးသည် တရားရေးနှင့် ချိတ်ဆက်လုပ်ရမည့် အလုပ်အများအပြား အများကြီးရှိနေခြင်းကြောင့်အချိတ် အဆက်မိမိ ဆက်လက်အကောင် အထည်ဖော်ရန်လိုအပ်ကြောင်း၊ ပြည်နယ်အတိုင်ပင်ခံကောင်စီများနှင့်…
Read More
ရုပ်ရှင်သရုပ်ဆောင် အိန္ဒြာကျော်ဇင်၊ အဆိုတော်ပိုပိုနှင့် Beauty Blogger ဝင်းမင်းသန်း တို့ကို အင်းစိန်ထောင်သီးသန့်ပြောင်းထား

ရုပ်ရှင်သရုပ်ဆောင် အိန္ဒြာကျော်ဇင်၊ အဆိုတော်ပိုပိုနှင့် Beauty Blogger ဝင်းမင်းသန်း တို့ကို အင်းစိန်ထောင်သီးသန့်ပြောင်းထား

RNA_ဇန်နဝါရီ ၃ ရက်၊ ၂၀၂၂ ခုနှစ်။ နွေဦးတော်လှန်ရေးတွင် ပြည်သူနှင့်အတူ ပါဝင်ခဲ့သည့် ရုပ်ရှင်သရုပ်ဆောင် အိန္ဒြာကျော်ဇင်၊ အဆိုတော်ပိုပိုနှင့် Beauty Blogger ဝင်းမင်းသန်းတို့ (၃) ဦးကို ထောင်ဒဏ်အသီးသီးချမှတ်ပြီးနောက် အင်းစိန်အကျဉ်းထောင် VIP များသာထားရှိသည့် ၅ တိုက် (ခ) စက်ချုပ် မှာ အတူတူထားရှိကြောင်း သိရသည်။ သီးသန့်အချုပ်ဆောင်တွင် ထားရှိစဉ် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့က အိန္ဒြာကျော်ဇင်၊ အဆိုတော်ပိုပို၊ အခြားသရုပ် ဆောင်နှင့်အဆိုတော်တချို့ကို နိုင်ငံတော်အကြည်ညို ပျက်စေမှု ၅၀၅(က)ဖြင့် ထောင်ဒဏ် (၃) နှစ်စီ ကျခံခဲ့ကြရကြောင်း၊ Beauty Blogger ဝင်းမင်းသန်းကို ၅၀၅(က)နှင့် မတရားအသင်းဆက်သွယ်မှု…
Read More
လေကြောင်းသုံးပစ်ခတ်သည့်နေ့က ဒဏ်ရာရရှိခဲ့သည့် ကျောင်းဆရာ တော်လှန်ရေးရဲဘော် ကျဆုံး

လေကြောင်းသုံးပစ်ခတ်သည့်နေ့က ဒဏ်ရာရရှိခဲ့သည့် ကျောင်းဆရာ တော်လှန်ရေးရဲဘော် ကျဆုံး

RNA_ဇန်နဝါရီ ၂ ရက်၊ ၂၀၂၂ ခုနှစ်။ ငွေတောင်ဆည်အနီးတိုက်ပွဲတွင် စစ်ကောင်စီတပ် လေကြောင်းမှ ပစ်ခတ်ခဲ့သည့်တိုက်ပွဲတွင် ဒဏ်ရာရရှိခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ကျောင်းဆရာ တော်လှန်ရေးသမား ရဲဘော် ဟင်နရီ ယနေ့ နံနက်တွင်ကျဆုံးသွားပြီ ဖြစ်ကြောင်း သိရသည်။ " ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်‌နေ့တိုက်ပွဲအတွင်း ဒဏ်ရာပြင်းထန်စွာရရှိခဲ့သော မိမိတို့ရဲဘော်တစ်ဦး ဆေးကုသမှုခံယူနေစဥ် ကျဆုံးခဲ့ပါသည်။ အကြမ်းဖက်စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ရင်း ဖက်ဒရယ် ဒီမိုကရေစီအရေးတော်ပုံအတွက် အသက်ပေးသွားသော ရဲဘော်အား KNDF မှ အမျိုးသားအာဇာနည်သူရဲကောင်းအဖြစ် လေးစားအသိမှတ်ပြု သမိုင်းမှတ်တမ်းတင်အပ်ပါသည်" ဟု KNDF သတင်းနှင့်ပြန်ကြားရေးဌာနက ယနေ့ ထုတ်ပြန်ထားသည်။ ဒဏ်ရာရရှိပြီး ဆေးကုသမှုခံယူနေစဉ် ကျဆုံးခဲ့ရသည့် ပြည်သူ့ သူရဲကောင်း…
Read More
မတရားသည့် နိုင်ငံရေးစနစ်များကို မမှိတ်မသုန် တွန်းလှန်တိုက်ဖျက်ကြရမည်ဟု KNU ဥက္ကဋ္ဌ ပြောကြား 

မတရားသည့် နိုင်ငံရေးစနစ်များကို မမှိတ်မသုန် တွန်းလှန်တိုက်ဖျက်ကြရမည်ဟု KNU ဥက္ကဋ္ဌ ပြောကြား 

RNA_ဇန်နဝါရီ ၂ ရက်၊ ၂၀၂၂ ခုနှစ်။ မိမိတို့အမျိုးသားများ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတားအဆီးဖြစ်နေသည့် မတရားသည့် နိုင်ငံရေးစနစ်များကို မှိတ်မသုန် တွန်းလှန်တိုက်ဖျက်ကြရမည်ဟု ကရင်အမျိုးသားအစည်းအရုံး ( KNU) ဗဟို ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖို့က ပြောကြားထားသည်။ ယနေ့ ၂၀၂၂ ခုနှစ်၊ ‌ဇန်နဝါရီလ ၂ ရက်နေ့သည် သလေ လဆန်း ၁ ရက်၊ ၂၇၆၁ ခုနှစ်မြောက် ကရင့်အမျိုးသားလုံးဆိုင်ရာ နှစ်သစ်ကူးနေ့ဖြစ်ကြောင်း၊ ကရင်အမျိုးသားလုံးဆိုင်ရာ နှစ်သစ်ကူးနေ့သည် ကရင်အမျိုးသားများ၏ ယဉ်ကျေးမှု၊ ဘဝ၊ ဓလေ့ ၊ ထုံးတမ်းစဉ်လာများသည် အမျိုးသားလက္ခဏာတရပ်ဖြစ်ကြောင်း သိရသည်။ (more…)
Read More