14
Dec
ကနီ၊ ဒီဇင်ဘာ ၇ ရက်၊ ၂၀၂၁ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် စစ်ဘေးရှောင်ပြည်သူ ၁၅၀၀ ခန့် စားနပ်ရိက္ခာ ခက်ခဲနေကြောင်း ဒေသခံပရဟိတအဖွဲ့ထံမှ ယနေ့ သိရသည်။ “လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေလို့ မုတ်ထောမှာ နှစ်လုံးကျတယ်၊ မကွဲဘူး၊ ငဖျက်မှာ ၄ လုံးကျတယ်၊ ၂ လုံးကွဲတယ်၊ ထိခိုက်ဒဏ်ရာရသူတော့ မရှိဘူး၊ စစ်ဘေးရှောင်တွေအတွက် စားစရာ ခက်ခဲနေတယ်” ဟု ကနီမြို့နယ် ပရဟိတအဖွဲ့ဝင် တစ်ဦးကပြောသည်။ ချင်းတွင်းမြစ် အရှေ့ဘက်ကမ်းရှိ နတ်ကြီးတွင် စစ်ကောင်စီတပ်များမှ တပ်စခန်းချထားပြီး အနောက်ဘက်ကမ်းရှိ တဇယ်ချောင်၊ ညောင်ပင်ဝန်း၊ ပန်းဆိုင်း၊ ငဖျက်၊ မုတ်ထော၊ အိုင်တောင်၊ ချိုင်၊ သရက်ပင်၊ မအူ…