ပထမဆုံး လွတ်မြောက်နယ်မြေဖြစ်လာမည့် အညာ

“အညာဒေသဟာ ပထမဆုံး လွတ်မြောက်နယ်မြေဖြစ်လာမယ်ဆိုတာ ကောလဟလမဟုတ်ဘူး တစ်ကယ်ပါ”
 
 RNA_အောက်တိုဘာ(၂၈)၊၂၀၂၂ ခုနှစ်။
 
” လောလောဆယ် ကျွန်တော်တို့ လက်နက်ကိုင်တွေ စိုးမိုးထားတဲ့အခြေအနေက ကျေးရွာတွေအားလုံးကို အညာဒေသတွင်းမှာရှိတဲ့ ကျေးရွာတွေ အားလုံးနီးပါးကို ထိန်းချုပ်ထားနိုင်ပြီ PDF တွေစိုးမိုးထားနိုင်ပြီ၊ ကျေးရွာတွေရဲ့ နောက်တဆင့်ဖြစ်တဲ့ တိုက်နယ်တွေပေါ့နော် ကျေးရွာတွေစုပေါင်းထားတဲ့တိုက်နယ်တွေ အဲတိုက်နယ်တွေလည်း စိုးမိုးထားနိုင်ပြီ၊ တိုက်နယ်ကနေတဆင့် မြို့တွေပေါ့နော် အဲဒီမြို့တွေ အကုန်လုံးနီးပါးကို အဲဒီ မြို့တကွက်လေးပေါ့ဗျာ မြို့တကွက်လေး ကွက်ကွက်လေးတခုသာပဲ ဒီကောင်တွေက ထိုင်နိုင်တယ်၊ ကျန်တဲ့ဟာ သူတို့ မထိုင်နိုင်တော့ပါဘူး” ဟု စသဖြင့် 96 Solders – PDF တာဝန်ခံ ကိုဇေယျာလွင်က Red News Agency ကို ပြောသည်။
အညာပြည်သူများ တော်လှန်ရေးနှင့်ပတ်သက်ပြီး စိတ်အားထက်သန်မှု အညာပြည်သူတို့၏ ရဲဝံ့မှု၊ အညာမြေ စစ်ရေးအခြေအနေမှာ PDF တွေစိုးမိုးထားမှုများ အခြေအနေများ၊ အညာမြေကို 96 Solders-PDF ဘာ့ကြောင့် ရွေးချယ်ခဲ့သလဲဆိုသည့် အကြောင်းအရာတွေကို Red News Agecny က 96 Solders – PDF တာဝန်ခံ ကိုဇေယျာလွင်ကို ဆက်သွယ်မေးမြန်းထားသည်။
 
Red News Agency
By Editor