ကွန်မန်ဒိုသင်တန်းဆင်းပွဲသို့ တောင်ပိုင်းစစ်ဒေသတာဝန်ခံ ဦးလွင်ကိုလတ်တက်ရောက်

RNA_အောက်တိုဘာ(၃)၊၂၀၂၂ခုနှစ်။

တောင်ပိုင်းစစ်ဒေသအတွင်းရှိ ကွန်မန်ဒိုသင်တန်းဆင်းပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ တောင်ပိုင်းစစ်ဒေသတာဝန်ခံ ဦးလွင်ကိုလတ် တက်ရောက်ခဲ့သည်။

တော်လှန်ရေးနယ်မြေတစ်ခုတွင် (၆)လကြာ ကွန်မန်ဒိုသင်တန်းဆင်းပွဲကို ယမန်နေ့ ( နိုဝင်ဘာ ၂ ရက်) ကကျင်းပခဲ့ကြောင်း၊ ဦးလွင်ကိုလတ်တက်ရောက်ပြီး အမှာစကားပြောကြားကာ ရဲဘော်များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့သည်ဟု တောင်ပိုင်းစစ်ဒေသသတင်းနှင့်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားသည်။

အမျိုးသားညီညွတ်‌ရေးအစိုးရ(NUG)သည် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ဖွဲ့စည်းပြီး တစ်နှစ်ကျော်ကာလအတွင်း မြန်မာနိုင်ငံအနှံ့အပြားရှိ တော်လှန်ရေးနယ်မြေများတွင် အခြေခံစစ်သင်တန်းများ၊ မွမ်းမံသင်တန်းများ၊ တောတွင်းပြောက်ကျားသင်တန်းများ၊ မြို့ပြပြောက်ကျားသင်တန်းများ၊ အထူးကွန်မန်ဒိုသင်တန်းများများစသည့် စစ်ရေးနှင့်ပတ်သက်ပြီး တစ်နိုင်ငံလုံး ဟန်ချက်ညီညီ ဖော်ဆောင်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Red News Agency

By Editor