အစာဆိပ်သင့်မှုဖြစ်ပွားသဖြင့် ကလေး ၆၀ ကျော် ဆေးရုံများသို့ ပို့တင်ထားရ

RNA  ၊ နိုဝင်ဘာ၂ ၊ ၂၀၂၂ ခုနှစ် ။

ရန်ကုန်တိုင်း သာကေတမြို့နယ်ရှိ အ.မ.က အမှတ် ၂၉ နှင့် ဒဂုံဆိပ်ကမ်းမြို့နယ် ၆၇ ရပ်ကွက်တို့တွင် အစာဆိပ်သင့်မှု ဖြစ်ပွားသဖြင့်  ကလေး ၆၀ ကျော် ဆေးရုံများသို့ ပို့ဆောင်ထားရကြောင်း သတင်းရရှိသည်။

“ဒီနေ့ ကျောင်းတစ်ကျောင်းမှာ ကလေးတွေ အစာအဆိပ်သင့်မှု ဖြစ်လို့ ရန်ကင်းကလေးဆေးဆုံမှာ လူတွေများနေတယ်လို့ အဲဒီနေရာရောက်နေတဲ့ ဘော်ဒါ Taxi သမားတစိယောက်က လှမ်း​ပြောတယ်။ အဲဒီကို သွားပြီး ခရီသည်အော်ဒါ လာရှာဖို့ လှမ်းပြောတယ် ” ဟု အငှားယာဥ် မောင်းတစ်ဦးက ပြောသည်။

သာကေတရှိ အ.မ.က ၂၉ KG တန်းမှ ကျောင်းသားကျောင်း ၂၀ခန့်မှာ ကြာဇံကြော်စားအပြီး မူးဝေအော့အန်မှုဖြစ်ကးပွဲခဲ့သဖြင့် မွန်းလွဲ  ၁ နာရီတွင် ရန်ကင်းကလေးဆေးရုံသို့ အရေးပေါ်လူနာတင်ကားများဖြင့် ပို့ဆောင်လိုက်ကြောင်း သိရသည်။

” ရန်ကုန် ဟယ်လ်ပင် ကလေး ဆေးရုံကြီး အရေးပေါ် နဲ့ ပြင်ပ့ လူနာဌာနကို ရောက်လာတဲ့ အစား အဆိပ်သင့် ကလေး လူနာတွေကို ဒီနေ့ မိတ်ဖက် အသင်းများ နဲ့ အတူ ပူပေါင်း ဆောင်ရွက်ကူညီနေပါတယ်” လို့ ပရဟိတ အသင်းမှ တာဝန် ရှိတစ်ဦးကပြော​သည်။

အလားတူ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ၆၇ ရပ်ကွက်တွင်လည်း  ကလေးငယ်များ အစာဆိပ်သင့်သည့် လက္ခဏာများတွေ့ရသဖြင့် ကလေးငယ်များစုနှင့် လူကြီးအချို့ပါဝင်သော အဆိပ်သင့် လူနယ စုစုပေါင်း ၄၅ ဦးခန့်ကို ပရဟိတကားများဖြင့် ဆေးရုံများသို့ အသီးသီးပို့ဆောင်လိုက်ရကြောင်း သိရသည်။

ဒီနေ့တစ်နေ့လုံး ကန်တော်ကြီး ပတ်လမ်း သိမ်ဖြူလမ်းတို့မှာ အရေပေါ်ကားတွေ သွားနေတယ် ညံနေတာပဲ။ စုံစမ်းကြည့်လိုက်တော့ အစာအဆိပ်သင့်တာလို့ ပြောတယ် ” ဟု မဂ်လာတောင်ညွှန့်မြို့နယ် နေထိုင်သူတစ်ဦးက ပြောသည်။

သကေတရှိ အ.မ.က ကျောင်းတစ်ကျောင်းတွင် ကြာဇံ​ကြော် စားခဲ့ရမှ အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ကြောင်း သိရသော်လည် ဒ​ဂုံဆိပ်ကမ်းရှိ ရပ်ကွက်တစ်ခုတွင် ဖြစ်ပွားရသည့် အကြောင်းအရင်း ကို မသိရှိရသေးသည့်အတွက် ဆက်လက်စုံစမ်းနေသည်။

Red News Agency

By Editor