မင်းအောင်လှိုင် လိုက်ပါသည့်ကားတန်း ရထားဝင်တိုက်လု နီးပါးဖြစ်ခဲ့သည့်အတွက် ရထားမောင်းသမား အရေးယူခံရ

RNA_နိုဝင်ဘာ(၅)၊၂၀၂၂ ခုနှစ်။

နေပြည်တော်တွင် မင်းအောင်လှိုင် လိုက်ပါလာတဲ့ ကားတန်းကို ရထားဝင်တိုက်လု နီးပါးဖြစ်ခဲ့သည့်အတွက် ရထားသံလမ်းပြေးယာဉ်မောင်း အရေးယူခံထားရကြောင်း သိရသည်။

တိုင်းအမှတ်(၅)နယ်မြေ၊ ပျဉ်းမနားဘူတာကြား မိုင်တိုင်အမှတ်၊၂၂၆/ ၁၆-၁၇ ရှိ GE ဂိတ်(တရားဝင်မြို့ပြဂိတ်)မှာ အောက်တိုဘာလ (၁၉) ရက်နေ့က မင်းအောင်လှိုင် စီးနင်းလိုက်ပါလာသည့် ယာဉ်တန်းဖြတ်သန်းစဉ် ့ရထားယာဉ်မောင်း ဖိုးလပြည့်၊ လုပ်သားမောင်းနှင်လာသည့် ပလက်တွဲ (၁)တွဲပါရှိသည့် 68-RGC သံလမ်းပြေးယာဉ်ဖြတ်သန်းခဲ့လို့ ယာဉ်တန်းရပ်တန့်မှုဖြစ်ပွားခဲ့သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ကားလမ်းကူးမှာ RGC နှင့် မင်းအောင်လှိုင် ရုံး၏ ယာဉ်တန်းတို့တိုက်လုနီးပါးအထိ ဖြစ်ပွားခဲ့သည့်အတွက် တာဝန်ကျလုံခြုံရေးအဖွဲ့က ယာဉ်ကြောရှင်းလင်းပေးခဲ့ရသည့်အတွက် ယင်းကိစ္စနှင့်ပတ်သက်ပြီး မြန်မာ့မီးရထားအထွေထွေမန်နေဂျာ(သွားလာပို့ဆောင်ရေး)ကို စုံစမ်းစစ်ဆေးပြီး ပြန်လည်တင်ပြဖို့ ပို့ထားသည့်စာတွင် ဌာနအစီအစဉ်နှင့် သက်ဆိုင်ရာဝန်ထမ်းများအား ခေါ်ယူပြီး ဖြစ်ပွားမှု အကြောင်းရင်းကို အသေးစိတ်စိစစ်ကာ သုံးသပ်ချက်နှင့်အတူ အမြန်ပြန်လည်တင်ပြရမည်ဟု ပါရှိသည်။

Red News Agency

By Editor