ဦးလွင်ကိုလတ်

ကွန်မန်ဒိုသင်တန်းဆင်းပွဲသို့ တောင်ပိုင်းစစ်ဒေသတာဝန်ခံ ဦးလွင်ကိုလတ်တက်ရောက်

ကွန်မန်ဒိုသင်တန်းဆင်းပွဲသို့ တောင်ပိုင်းစစ်ဒေသတာဝန်ခံ ဦးလွင်ကိုလတ်တက်ရောက်

RNA_အောက်တိုဘာ(၃)၊၂၀၂၂ခုနှစ်။ တောင်ပိုင်းစစ်ဒေသအတွင်းရှိ ကွန်မန်ဒိုသင်တန်းဆင်းပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ တောင်ပိုင်းစစ်ဒေသတာဝန်ခံ ဦးလွင်ကိုလတ် တက်ရောက်ခဲ့သည်။ တော်လှန်ရေးနယ်မြေတစ်ခုတွင် (၆)လကြာ ကွန်မန်ဒိုသင်တန်းဆင်းပွဲကို ယမန်နေ့ ( နိုဝင်ဘာ ၂ ရက်) ကကျင်းပခဲ့ကြောင်း၊ ဦးလွင်ကိုလတ်တက်ရောက်ပြီး အမှာစကားပြောကြားကာ ရဲဘော်များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့သည်ဟု တောင်ပိုင်းစစ်ဒေသသတင်းနှင့်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားသည်။ (more…)
Read More
စစ်ကောင်တပ်သားများ စိတ်ဓာတ်ထိုးကျနေချိန် PDF ရဲဘော်များ စစ်မတိုက်ရ၍ စိတ်မရှည်ဖြစ်နေဟု NUG ပြည်ထဲရေးဝန်ကြီးပြော 

စစ်ကောင်တပ်သားများ စိတ်ဓာတ်ထိုးကျနေချိန် PDF ရဲဘော်များ စစ်မတိုက်ရ၍ စိတ်မရှည်ဖြစ်နေဟု NUG ပြည်ထဲရေးဝန်ကြီးပြော 

RNA_စက်တင်ဘာ ၁၄၊ ၂၀၂၂ ခုနှစ်။ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်သားများ တိုက်ပွဲဝင်စိတ်ဓာတ် ထိုးကျနေချိန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF )ရဲဘော်များမှာ စစ် မတိုက်ရ၍ စိတ်မရှည်ဖြစ်နေကြပြီး မနည်းထိမ်းထားရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ဝန်ကြီး ဦးလွင်ကိုလတ်က ပြောသည်။ " ဒီနှစ်မှာ ပြီးခဲ့တဲ့နှစ်ထက်စစ်ရှိန်ပို့မြှင့်ပါမယ်။ ပြည်သူ့ကာကွယ်ရေး ရဲဘော်တွေဆီမှာ တိုက်စွမ်အားဖြစ်တဲ့ လက်နက်တွေက အရင်နှစ်ကတပ်ဆင်ထားတာနဲ့ ဒီနှစ်ထပ်တပ်ဆင်ပေးနေတာနဲ့ပေါင်းရင် တိုက်စွမ်းအားက တိုးနေပါတယ် တိုက်စွမ်းရည်နဲ့စိတ်ဓာတ်မှာလည်း စကစဘက်မှာ ရှေ့တန်းသွားရတာ များလို့ ပင်ပန်းလို့ တပ်တွင်းမငြိမ်မသတ်မှုတွေဖြစ်ပြီး ပြည်သူ့ရင်ခွင် ခိုလုံတဲ့သူတွေ တစ်နေ့တစ်ခြား တိုးလာပြီး တိုက်ပွဲဝင်စိတ်ဓာတ် ထိုးကျနေချိန်PDF ရဲဘော်တွေက မတိုက်ရလို့ စိတ်မရှည်ဖြစ်ပြီး မနည်းထိမ်းထားရတယ်။ ဒါပေမယ့်မကြာစေရပါဘူး ရဲဘော်တို့ရဲ့တိုက်ပွဲဝင်စိတ်ဓာတ်တွေနဲ့ အတူ "ပြည်တော်ဝင်"…
Read More