သတင်း

ရခိုင်အရေးနှင့်ပတ်သက်ပြီး ဂျာပန်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်

ရခိုင်အရေးနှင့်ပတ်သက်ပြီး ဂျာပန်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်

ရိုက်ကူး- သော်ဇင်ဖြိုး (ဂျပန်)|သတင်း-မြတ်ထွန်းနိုင်၊ တိုကျို|နိုဝင်ဘာလ ၃ ရက်။ မြန်မာနိုင်ငံထဲက ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်ပြီး International Campaign For Arakan အဖွဲ့က လာမဲ့ နိုဝင်ဘာလ ၈ ရက်နေ့ ဂျာပန်နိုင်ငံမှာ “ရခိုင်ပြည်တွင်း မြန်မာအစိုးရမှလူမျိုးတုန်းသတ်ဖြတ်ခြင်း နှင့်ပတ်သတ်၍” သတင်းစာရှင်းလင်းပွဲတစ်ခုလုပ်ဖို့ စီစဉ်ထားပါတယ်။ အဲဒီသတင်းစာရှင်းလင်းပွဲလုပ်ရခြင်းရဲ့ရည်ရွယ်ချက်ကို International Campaign For Arakan ရဲ့ဒါရိုက်တာ ဦးမောင်သန်းက ရှင်းပြထားပါတယ်။ ရခိုင်ပြည်နယ်ရဲ့အခြေအနေတွေကို ကမ္ဘာကသိစေဖို့အတွက် ဒီသတင်းစာရှင်းလင်းပွဲလုပ်ပြီးတဲ့နောက်ပိုင်းဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ International Campaign For Arakanကိုတော့ ဒီ ၂၀၁၉ ခုနှစ်အ တွင်း အမေရိကန်နိုင်ငံမှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ခုချိန်မှာတော့ ဂျာပန်နိုင်ငံအပါအဝင် နိုင်ငံတချို့မှာလည်း ဖွဲ့စည်းထားပြီးဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အတွင်း…
Read More
အုပ်စုဥက္ကဌတွေ ဖြုတ်ရုံတင်မကဘူး အရေးယူ အပြစ်ပေးခံရမယ်

အုပ်စုဥက္ကဌတွေ ဖြုတ်ရုံတင်မကဘူး အရေးယူ အပြစ်ပေးခံရမယ်

" အုပ်ချုပ်ရေးလိုင်းကနေ အကြိမ်ကြိမ်ပြောထားတယ် တာဝန်ရှိတဲ့ အုပ်စုဥက္ကဌတွေ ဖြုတ်ရုံတင်မကဘူး အရေးယူ အပြစ်ပေးခံရမယ်။ သတင်းမပေးတဲ့အတွက်ကြောင့် အဲဒါတွေ အတန်တန်ပြောတယ် ပြောတဲ့ ကြားထဲက ခုလိုဖြစ်တာ ။ အောက်ခြေက မသိပါစေနဲ့ အောက်ခြေက ဖမ်းလို့ မမိပါဘူး ဒါလည်းဘဲ အားလုံးသိတဲ့အတိုင်း ပေါင်းသင်းထားတာရှိမယ်။ တရားဥပဒစိုးမိုးရေးထဲက၊ အုပ်ချုပ်ရေးထဲက၊ ရဲစခန်းထဲက" Red News Agency
Read More
စစ်တွေ ဘင်္ဂလီ ဒုက္ခသည်စခန်းမှ ပုံရိပ်များ

စစ်တွေ ဘင်္ဂလီ ဒုက္ခသည်စခန်းမှ ပုံရိပ်များ

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော လူမျိုးရေး ဘာသာရေး နိုင်ငံရေး စစ်မီးကြောင့် ဒုက္ခသည် အများအပြား ရှိနေပါသည်။ အခုဖော်ပြမှာကတော့ စစ်တွေမြို့တွင်ဖွင့်လှစ်ထားသည့် ဘင်္ဂလီ ဒုက္ခသည်စခန်းမှ ပုံရိပ်တချို့ ဖြစ်ပါသည်။ ရိုက်ကူး - ထွန်းမြတ်နိုင် (more…)
Read More
ရွှေပေါက်ကံ စက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီကို ဖျက်သိမ်း

ရွှေပေါက်ကံ စက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီကို ဖျက်သိမ်း

ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံစက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီအား စက်မှုလုပ်ငန်းရှင်များပါဝင်သော စုံညီအစည်းအဝေးတစ်ရပ်ပြုလုပ်ပြီး ပြန်လည်ဖွဲ့စည်းမည် ဖြစ်သည့်အတွက် ဦးဖေလှိုင် ဥက္ကဌအဖြစ် ဖွဲ့စည်းထားသည့် ရွှေပေါက်ကံ စက်မှုဇုန်စီမံခန့်ခွဲ့ရေး ကော်မတီအား ဖျက်သိမ်းကြောင်း ဝန်ကြီးချုပ်ကိုယ်စား လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်က လက်မှတ်ထိုးကာ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၃၀ ရက်နေ့က ထုတ်ပြန်ခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ညွန်ကြားချက်ဖြင့် ရွှေပေါက်ကံစက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီရုံးသို့ စက်တင်ဘာလအတွင်းက ရောက်ရှိလာသည့် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်နှင့် ရွှေပေါက်ကံစက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီ ဒုဥက္ကဌအပါအဝင် အဖွဲ့ဝင်များနှင့် အစည်းအဝေးပြုလုပ်စဉ် ရွှေပေါက်ကံစက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီဥက္ကဌ ဦးဖေလှိုင်မသိရှိဘဲ လုပ်သည့်အတွက် တရားမဝင်ကြောင်း ပြောကြားမှုနှင့် အစည်းအဝေးကို ကန့်ကွက်ခဲ့သည့်အတွက်…
Read More
ရှေးဟောင်းပစ္စည်းများနှင့်ပတ်သက်ပြီး လာဖမ်း၍မရဟုဇေကမ္ဘာ ဦးခင်ရွှေပြော

ရှေးဟောင်းပစ္စည်းများနှင့်ပတ်သက်ပြီး လာဖမ်း၍မရဟုဇေကမ္ဘာ ဦးခင်ရွှေပြော

မျိုးချစ်စိတ်ရှိမှသာ လုပ်ဆောင်နိုင်တာဖြစ်ပြီး ရှေးဟောင်းပစ္စည်းများနှင့်ပတ်သက်ပြီး လာဖမ်း၍မရဟု ဇေကမ္ဘာ ဦးခင်ရွှေပြော ရန်ကုန်၊ စက်တင်ဘာ ၁၆ ရက်။ ရှေးဟောင်းပစ္စည်း စုဆောင်းမှုများနှင့် ပတ်သက်ပြီး မျိုးချစ်စိတ်ရှိမှသာ လုပ်ဆောင်နိုင်တာ ဖြစ်ပြီး ရှေးဟောင်းပစ္စည်းစုဆောင်းမှုများနှင့် ပတ်သက်ပြီး Register လုပ်ထားသည့်အတွက် လာဖမ်း၍မရဟု ဦးခင်ရွှေ (ဇေကမ္ဘာ) က ပြောသည်။ “ကျွန်တော်အားလုံး Register လုပ်တယ် ကျွန်တော်လာဖမ်းလို့ မရဘူး၊ ဘာလို့ အားလုံး Register လုပ်လဲဆိုတော့ အစ်မ (ဒေါ်အောင်ဆန်းစုကြည်) ကနေပြီးတော့ ဦးအောင်ကိုခေါ်ပြီး လွှတ်လိုက်တယ် ” ဟု ဦးခင်ရွှေက မြို့တော်ဝန်ဦးမောင်မောင်စိုးအား ရှင်းပြသည်။ စက်တင်ဘာ ၁၄ ရက်နေ့ကအများပြည်သူ အသုံးပြုနေသည့် ဇေကမ္ဘာဝန်းအဝင်အထွက်တံခါးများ ပိတ်ထားသည့်အတွက်…
Read More
ကုသိုလ်ကြောင့်ချမ်းသာခဲ့ပြီး တက်လာတဲ့ အစိုးရတိုင်းနဲ့ ရန်ဖြစ်နေဟု ဇေကမ္ဘာ ဦးခင်ရွှေပြောကြား

ကုသိုလ်ကြောင့်ချမ်းသာခဲ့ပြီး တက်လာတဲ့ အစိုးရတိုင်းနဲ့ ရန်ဖြစ်နေဟု ဇေကမ္ဘာ ဦးခင်ရွှေပြောကြား

ရန်ကုန်၊ စက်တင်ဘာ ၁၄ ရက်။ "သိန်းငါးဆယ်နဲ့ရောင်းတုန်းကမဝယ်ဘဲ သိန်းငါးထောင်ရမှ ဝယ်ခဲ့ကြတယ် အဲဒါ ကျွန်တော် ကုသိုလ်လေ၊ ဘယ်အစိုးရမှ မပေါင်းဘူး တက်လာခဲ့အစိုးရနဲ့ ရန်ဖြစ်တယ် ဒါဘဲ။ ဘယ်အစိုးရနဲ့မှ မတည့်ဘူး " ဟု ဇေကမ္ဘာ ဦးခင်ရွှေက ပြောကြားခဲ့ပါတယ်။ ဒီကနေ့ ဇေကမ္ဘဝန်းအတွင်းမှ အများသူငါ သွာလာနေသည့် လမ်းပိတ်ဆို့ထားမှုနှင့်ပတ်သတ်ပြီး မြို့တောင်ဝန်ဦးမောင်မောင်စိုးနှင့် အဖွဲ့သွားရောက်ဆွေးနွေးအပြီး ပြတိုက်ဆောက်ရန် သိမ်းဆည်းထားသည့် ရှေးဟောင်းပစ္စည်းများ လိုက်လံပြသစဉ် ကြည့်ရှုသူများထဲက တဦးမှ ဦးခင်ရွှေဘယ်လောက်ချမ်းသာသလဲဟု မေးမြန်းစဉ် ဖြေကြားလိုက်ခြင်းဖြစ်သည်။Red News Agency
Read More
လက်ရှိဒီမိုကရေစီ အစိုးရ၏ အုပ်ချုပ်မှု လမ်းစဉ်သည် စစ်အာဏာရှင်သဏ္ဍာန် လေ့လာတွေ့ရှိရဟုဆို

လက်ရှိဒီမိုကရေစီ အစိုးရ၏ အုပ်ချုပ်မှု လမ်းစဉ်သည် စစ်အာဏာရှင်သဏ္ဍာန် လေ့လာတွေ့ရှိရဟုဆို

ရှစ်လေးလုံး အရေးတော်ပုံ လိုလားချက်များ ယနေ့အချိန်ထိ မရရှိသေးကြောင်း၊ ယနေ့ ရရှိနေသည့် အခွင့်အရေးများနှင့်ပတ်သက်ပြီး မြောက်ဥက္ကလာပမြို့နယ် ၈၈ မျိုးဆက် ဦးစိုးလွင်ကလည်း အမှတ်တရ စကားများပြောကြားခဲ့သည်။ ”အရေးတော်ပုံကြီး တိုက်ပွဲ ရည်မှန်းချက်ဖြစ်သော ဒီမိုကရေစီရေး၊ လွတ်လပ်ရေး၊ ငြိမ်းချမ်းရေးနှင့် အာဏာရှင်စနစ် အကြွင်းမဲ့ ချုပ်ငြိမ်းရေး စသော ပြည်သူ့လူထု၏ ဆန္ဒသည် ယနေ့အချိန်ထိ မခံစားရသေးပါဘူး။ လက်ရှိ ဒီမိုကရေစီအစိုးရ၏ အုပ်ချုပ်မှုလမ်းစဉ်များသည် စစ်အာဏာရှင် သဏ္ဍာန်များနှင့် ထပ်တူကျလှပြီလို့ လေ့လာတွေ့ရှိရပါသည်” ဟု ကိုငြိမ်းချမ်း (နိုင်ငံရေးအကျဉ်းသားဟောင်း) က မြန်မာနိုင်ငံကျောင်းသားလူငယ်များ ကွန်ရက်က ပေးပို့သည့် သဝဏ်လွှာ ဖတ်ကြားခဲ့သည်။ ရှစ်လေးလုံးအရေးတော်ပုံ ၃၁ နှစ်မြောက်အခမ်းအနားကို မြောက်ဥက္ကလာပမြို့နယ် ကန်သာယာပြည်သူ့ပန်းခြံအတွင်းရှိ ရှစ်လေးလုံးအရေးတော်ပုံ…
Read More
ရွှေကျင်မြို့ မြစ်ရေကြီးမှု အခြေအနေ

ရွှေကျင်မြို့ မြစ်ရေကြီးမှု အခြေအနေ

အခုရက်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းနေတဲ့ အတွက် ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့ပေါ်ထိ မြစ်ရေတက်နေပြီ ဖြစ်ပါတယ်။ ရွှေကျင်မြို့ပေါ်တွင် အိမ်ထောင်စု ၄၈၀၊ လူဦးရေ ၂၄၀၀ ဝန်းကျင်ဟာ ရေဘေးဒုက္ခခံစားနေရတာ ဖြစ်ပါတယ်။Red News Agency
Read More
ပြည်သူများကို မတရားဖမ်းဆီးနေမှုအား ဆန္ဒထုတ်ဖော်

ပြည်သူများကို မတရားဖမ်းဆီးနေမှုအား ဆန္ဒထုတ်ဖော်

ဖက်ဆစ်လူသတ်ဝါဒဆန့်ကျင်ရေးနှင့် စစ်တပိုင်းအစိုးရ၏ ကျောင်းသားနှင့် ပြည်သူများကို မတရားဖမ်းဆီးနေမှုအား ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ မှဦးဆောင်ပြီး ဇူလိုင် ၆ ရက်နေ့က ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံအနီးတဝိုက်တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ Red News Agency
Read More
JUSTICE FOR VICTORIA (ဗစ်တိုးရီးယား အတွက် တရားမျှတမှု ရရှိရေး)

JUSTICE FOR VICTORIA (ဗစ်တိုးရီးယား အတွက် တရားမျှတမှု ရရှိရေး)

ရန်ကုန်၊ ဇူလိုင် ၆ ရက်။ ဗစ်တိုးရီးယားလေးအတွက် တရားမျှတမှု ရရှိရေး၊ လူ့အဖွဲ့အစည်းအတွင်း တရားဥပဒေစိုးမိုးရေး၊ နောက်ထပ် ဗစ်တိုးရီးယားများ ထပ်မံမပေါ်ပေါက်းရေး စသည်တို့အတွက် ဇူလိုင် ၆ ရက်နေ့တွင် အင်းစိန်မြို့နယ် မင်းဓမ္မကုန်း၊ ကျောက်တော်ကြီးဘုရားရှေ့မှ အင်းစိန်စီအိုင်ဒီ (CID) ရုံးရှေ့ထိ ချီတက် ဆန္ဒပြနေသည်။Red News Agency
Read More