ကြာအင်းဆိပ်ကြီးမြို့နယ် ခလရ ၂၈၄ မှ တပ်သားတဦး CDM ပြုလုပ်

RNA_ဒီဇင်ဘာ(၁)၊၂၀၂၂ခုနှစ်။

ကရင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားနေသည့် ကြာအင်းဆိပ်ကြီးမြို့နယ် ခလရ ၂၈၄ မှ တပ်သား စက်ပိုင်ထွန်းသည် ယနေ့ နေ့လည် (၁၂) နာရီဝန်းကျင်က နဂါးနီစစ်ကြောင်း – တပ်ခွဲ၂ နှင့် KNLA တပ်ရင်း ၁၇ တပ်ခွဲ ၂ ထံသို့ လာရောက်ပူးပေါင်းကာ CDM ပြုလုပ်ခဲ့သည်။

” ကျန်ရှိနေသေးသည့် တပ်မတော်သားများလည်းအာဏာရှင်လူတစ်စုစာအတွက် ရပ်တည်မနေဘဲ ပြည်သူနှင့် အမြန်ဆုံးပူးပေါင်းပြီး ပြည်သူ့ရင်ခွင် ခိုလှုံကြဖို့ တိုက်တွန်းလိုက်ရပါသည်” ဟု နဂါးနီ စစ်ကြောင်း တပ်ခွဲ -၂ က ထုတ်ပြန်ထားသည်။

CDM ပြုလုပ်လာသည့် ခလရ ၂၈၄ မှ တပ်သား စက်ပိုင်ထွန်းကို နဂါးနီစစ်ကြောင်းတပ်ခွဲ(၂) မှ ကောင်းမွန်စွာ ကြိုဆိုပြီး၊ လိုအပ်မည့် အဝတ်အစား၊ အသုံး အဆောင်များနှင့် ထောက်ပံ့ငွေများ ကူညီပံ့ပိုးခဲ့ကြောင်း၊ တပ်သား စက်ပိုင်ထွန်း အပါအဝင် နဂါးနီစစ်ကြောင်း တပ်ခွဲ ၂ နှင့် KNLAတပ်ရင်း ၁၇ တပ်ခွဲ၂ထံသို့ CDM လုပ်ကြသည် မှာ (၁၀) ဦးကျော်ရှိကြောင်း သိရသည်။

#RedNewsAgency

By Editor