အမျိုးသမီးတစ်ဦးအား ပစ်သတ်သည့် အဖြစ်အပျက်ဗီဒီယိုဖိုင်ကိစ္စ NUG စုံစမ်းစစ်ဆေးနေ

RNA_ဒီဇင်ဘာ ၄၊ ၂၀၂၂ ခုနှစ် ။

လူမှုကွန်ယက်တွင် ပျံ့နှံနေသည့် တမူးမြို့က အမျိုးသမီးတစ်ဦးအား ပစ်သတ်သည့် အဖြစ်အပျက်ဗီဒီယိုဖိုင် ကိစ္စ အမျိုးသား ညီညွှတ်ရေးအစိုးရ (NUG) က စုံစမ်းစစ်ဆေးမှုများစတင် ပြုလုပ်နေကြောင်း သိရသည်။

“ဆိုရှယ်မီဒီယာမှာ ပျံ့နှံနေတဲ့ တမူးမြို့က အဖြစ် အပျက်ဗီဒိယိုနဲ့ ပတ်သက်ပြီး သေချာခိုင်လုံအောင် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။ စုံစမ်းစစ်ဆေးမှုနဲ့ပြီးသွားရမယ့် အကြောင်းအရာမဟုတ်တဲ့အတွက် ထိုက်သင့်တဲ့ လုပ်ဆောင်မှုတွေ မဖြစ်မနေလုပ်ဆောင်ရမှာပါ။သွေးဆာနေတဲ့ အကြမ်းဖက်စစ်တပ်ကို တော်လှန်ရာမှာ ကျင့်ဝတ်တွေ လုပ်ထုံ းလုပ်နည်းတွေ မှန်ကန်ဖိုလိုပါတယ်။ ရန်ငါပြတ်ဖို့လိုတယ်ဆိုပေမဲ့ ကိုင်တွယ်ဖြေရှင်းမှုက မမှားဖို့ လိုတယ်။ ထိန်းသိမ်းဖို့ လိုပါတယ်” ဟု NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန ဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။

တမူးမြို့အခြေစိုက် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က အမျိုး သမီးတစ်ဦးအား ဒလန်ဟုဆိုကာ ကားလမ်းမပေါ်တွင် ထိုးကြိတ်ကန်ကျောက်မှုများ ပြုလုပ်ခဲ့ပြီးနောက် သေနတ်ဖြင့် ၄၊၅ ချက်ဆင့်ကာ ပစ်သတ်ခဲ့သော ဗွီဒီယိုဖိုင်မှာ ဒီဇင်ဘာ ၂ ရက်နေ့က စတင်ပြီး စစ်ကောင်စီဘက်က လူမှုကွန်ယက်တွင် ပျံ့နှံ့ခဲ့သည်။

ယင်းဗွီဒီယိုဖိုင်မှာ စစ်ကောင်စီတပ်သားများ တမူးမြို့ အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့စခန်းများ ဝင်စီးစဉ် ဖုန်းအတွင်းမှ ရရှိခဲ့ပြီး စစ်ကောင်စီဝါဒဖြန့် တယ်လီဂရန် ချန်နယ်များတွင် စတင်ဖြန့်ချိခဲ့ပြီးမှ စတင်ပြန့်နှံ့လာကြောင်း သိရသည်။

#RedNewsAgency

By Editor