သတင်း

ပြည်သူ့ဆန္ဒမပါသော မီတာခ တိုးမြှင့်မှု အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်

ပြည်သူ့ဆန္ဒမပါသော မီတာခ တိုးမြှင့်မှု အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်

ရန်ကုန်၊ ဇူလိုင် ၁ ရက်။ “ပြည်သူ့ဆန္ဒမပါသော မီတာခ တိုးမြှင့်မှု အလိုမရှိ အလိုမရှိ၊ လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံမှု ချက်ခြင်းရပ် ချက်ခြင်းရပ်၊ ပြည်သူ့ဆန္ဒအရေးပေးရေး ဒို့အရေး ဒို့အရေး ” ဟူသော ကြွေးကြော်သံများဖြင့် ဇူလိုင် ၁ ရက်နေ့မှ စတင်ပြောင်းလဲ သတ်မှတ်မည့် လျှစ်စစ်ဓာတ်အားခနှုန်း (မီတာ) များနှင့်ပတ်သက်ပြီး ပြည်သူ့ဆန္ဒမပါသည့်အတွက်ဟုဆိုကာ ဇူလိုင်လ ၁ ရက်နေ့က ပုဇွန်တောင် မြို့နယ်အတွင်း လှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ Red News Agency
Read More
ကိုကျော်ဇင်ဝင်းအတွက် ဆုတောင်းပွဲ

ကိုကျော်ဇင်ဝင်းအတွက် ဆုတောင်းပွဲ

လုပ်ငန်းခွင်အတွင်း ခွဲခြားဆက်ဆံခံရမှုကြောင့် သတ်သေသွားသည့် ကိုကျော်ဇင်ဝင်းအတွက် ဆုတောင်းပွဲကို ဇွန်လ ၂၈ ရက်နေ့က Myanmar Imperial University (MIU) ကျောင်းရှေ့တွင် ပြုလုပ်ခဲ့သည်။ ဆုတောင်းပွဲတွင် တောင်းဆိုချက်များ ဝမ်းနည်းခြင်းအထိမ်းအမှတ်များကို Colour Rainbow အဖွဲ့က ဦးဆောင်ခဲ့ပြီး MIU မှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။ Red News Agency
Read More
မြို့နယ်တချို့တွင် အဂတိအမည်ခံရုံးများ ဖွင့်နေ

မြို့နယ်တချို့တွင် အဂတိအမည်ခံရုံးများ ဖွင့်နေ

မြို့နယ်တစ်ချို့တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ အမည်ခံလျက် ရုံးခန်းဖွင့်လှစ်ခြင်းနှင့် လှုပ်ရှားဆောင်ရွက်မှုများသည် ဤကော်မရှင်နှင့် သက်ဆိုင်မှုမရှိသည့်အပြင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့်လည်း အကျုံးဝင်မှု မရှိပါကြောင်း ဇွန်လ ၂၀ ရက်နေ့တွင်သတင်းထုတ်ပြန်သည်။ Red News Agency
Read More
SME ကဏ္ဍမြင့်မားဖို့ ပြည်တွင်းဖြစ်ကို အားပေးစို့

SME ကဏ္ဍမြင့်မားဖို့ ပြည်တွင်းဖြစ်ကို အားပေးစို့

ဆိုင်ခန်းပေါင်း ၇၀ ကျော်ဖြင့် ပြင်တွင်းဖြစ် မြန်မာ့လက်မှု ပစ္စည်းများကို နံနက် ၉ နာရီမှ ညနေ ၅နာရီထိ ဝန်ကြီးများရုံးတွင် ဇွန်လ ၁၅ ရက်နေ့မှ ၁၆ ရက်နေ့ထိ ခင်းကျင်းပြသ ရောင်းချလျှက်ရှိသည်။ Red News Agency
Read More
အဂတိရှိနေသည့် မီဒီယာများကြောင့် အမျိုးသားရေး ဆုတောင်းပွဲပြုလုပ်သူများ ဦးဝီရသူ အမည်အသုံးမပြု

အဂတိရှိနေသည့် မီဒီယာများကြောင့် အမျိုးသားရေး ဆုတောင်းပွဲပြုလုပ်သူများ ဦးဝီရသူ အမည်အသုံးမပြု

အဂတိတရား ၄ ပါးနှင့် ဖုံးလွှမ်းနေသည့် မီဒီယာများကြောင့် အမျိုးသားရေး လှုပ်ရှားသူများ ဦးဝီရသူ အမည်မသုံးဘဲ အခြားအမည်နှင့် ဆုတောင်းပွဲလုပ်နေရဟု ပြောထားသည်။ Red News Agency
Read More
ဗုဒ္ဓဘာသာအတွက် စိုးရိမ်စရာဖြစ်နေဟု အမျိုးသားရေး လှုပ်ရှားသူပြော

ဗုဒ္ဓဘာသာအတွက် စိုးရိမ်စရာဖြစ်နေဟု အမျိုးသားရေး လှုပ်ရှားသူပြော

အမျိုးသားရေး လှုပ်ရှားသည့် သံဃာတချို့နှင့် လူတချို့သည် ဇွန်လ ၁၂ ရက်နေ့တွင် ရွှေတိဂုံဘုရားတွင် ဝတ်ပြုဆုတောင်းပွဲ ပြုလုပ်ခဲ့သည်။ Red News Agency
Read More
အိုးအိမ်မဲ့ (ကျူးကျော်) အရေး ဖြေရှင်းရန်အတွက် စာရင်းကောက်

အိုးအိမ်မဲ့ (ကျူးကျော်) အရေး ဖြေရှင်းရန်အတွက် စာရင်းကောက်

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် Women for the world (ပျိုမေ့အိမ်လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း = အင်းစိန်) တို့ အိုးအိမ်မဲ့ (ကျူးကျော်) အရေး ဖြေရှင်းရန်အတွက် စာရင်းကောက်ခြင်း၊ အိမ်ဆောက်မည့်ပုံစံများ၊ လုပ်ဆောင်မည့်အကြောင်းအရာများကို မေလ ၁၉ ရက်နေ့က လှိုင်သာယာမြို့နယ် (၇) ရပ်ကွက် တေးဥယျာဉ်လမ်း သောင်ကြီးဘုန်းတော်ကြီးကျောင်းတွင် ရန်ကုန် = ပုသိမ် လမ်းမကြီးဘေးမှ ကျူးကျော်များနှင့်တွေ့ဆုံကာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က မကြာမှီ ဖော်ဆောင်မဲ့ လူမှုအခြေပြု အစုအဖွဲ့ပိုင် အိမ်ယာစီမံကိန်းကို ပျိုမေ့အိမ်လူမှုဖွံ့ဖြိုးရေးအသင်း (အင်းစိန်)- Women for the world ၊ မြို့ပြနှင့်အိမ်ယာဖွံ့ဖြိုးရေးဦးစီးဌာနတို့နှင့် ပူးပေါင်းကြမည်ဖြစ်ကြောင်း သိရသည်။ Red News…
Read More
နိုင်ငံတော်သမ္မတဦးဝင်းမြင့်က အကျဉ်းသား/အကျဉ်းသူ ၆ ထောင်ကျော် လွတ်ငြိမ်းသက်သာခွင့်ပြု

နိုင်ငံတော်သမ္မတဦးဝင်းမြင့်က အကျဉ်းသား/အကျဉ်းသူ ၆ ထောင်ကျော် လွတ်ငြိမ်းသက်သာခွင့်ပြု

ရန်ကုန်၊ ဧပြီ ၂၆ ။ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသော အားဖြင့် အကျဉ်းထောင် စခန်းအသီးသီးတွင် အကျဉ်းကြခံနေရသော နိုင်ငံသား အကျဉ်းသား/ အကျဉ်းသူ ၆၉၄၈ ဦးအား လွတ်ငြိမ်းသက်သာခွင့် ပြုခဲ့ပြီး ၊ ဆက်လက်ပြီး လွတ်ငြိမ်းသက်သာခွင့် ပေးအုံးမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ထားသည်။ လွတ်ငြိမ်သက်သာခွင့်မရရှိသည့်အတွက် ပြီးခဲ့သည့်ရက်ပိုင်းက အကျဉ်ထောင်အချို့တွင် ဆန္ဒထုတ်ဖော်မှုများ ဖြစ်ပွားခဲ့သည်။ Red News Agency
Read More