စစ်ကောင်စီတပ် ထိန်းချုပ်နယ်မြေတချို့ကို တော်လှန်ရေး တပ်ပေါင်းစုမှ ပြန်လည်ထိန်းချုပ်

RNA_ဒီဇင်ဘာ(၂)၊၂၀၂၂ခုနှစ်။

ကရင်နီ ( ကယား) ပြည်၊ ဒီမော့ဆိုမြို့၊ကုန်းသာကျေးရွာ အတွင်း စစ်ကောင်စီတပ် တပ်စွဲအထိုင်ချနေသည့် ထိန်းချုပ်နယ်မြေအား ကယား (ကရင်နီ) တော်လှန်ရေးတပ်ပေါင်းစု (KRU) မှ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

” ဒီမော့ဆို့မြို့ ၊ကုန်းသာ ကျေးရွာ အတွင်း နယ်မြေ များပြန်လည်ရှင်းလင်းနေစဉ်အတွင်း စစ်ကောင်စီ တပ်များ၏ ရိက္ခာ ၊ စွပ်ဗုံး၊ကျည်ဆံနှင့် အသုံးအဆောင်ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့ပြီး နယ်မြေအား မိုင်းရှင်း လင်းရေးများ ပြန်လည်ပြုလုပ်နေခဲ့ပြီ” ဟု ကယား (ကရင်နီ) တော်လှန်ရေးတပ်ပေါင်းစု (KRU) က ယနေ့ ထုတ်ပြန်ထားသည်။

 

စစ်ကောင်စီတပ်စွဲထိန်းချုပ်ထားသည့် သေးဆူးလဲ ကျေးရွာအတွင်း နယ်မြေကိုလည်း KNDF၊ KA၊ KGZ,၊ PDF ပူးပေါင်းတို့ တိုက်ခိုက်သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း သိရသည်။

#RedNewsAgency

By Editor