Red News Agency

Independent Journalism for Justice and Human Rights.

Category: သတင်း

  • တိုက်ပွဲက ပြန်လာသည့် PDF ရဲဘော်များကို ပြည်သူတွေ ကြိုဆို

    တိုက်ပွဲက ပြန်လာသည့် PDF ရဲဘော်များကို ပြည်သူတွေ ကြိုဆို

    RNA_ဖေဖော်ဝါရီ ၄ ရက်၊ ၂၀၂၂ ခုနှစ်။

    မကွေးတိုင်း၊ ဆောမြို့နယ်တွင် ယနေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ပြန်လာသည့် ဆော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲဘော်တွေကို ပြည်သူများက အားပါးတရ ကြိုဆို ဂုဏ်ပြုခဲ့ကြောင်း သိရသည်။

    PDF-SAW ၊YDF SAW& Kyaukhtu၊ ညောင်ရမ်း မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ယနေ့ နံနက် ၄ နာရီ ၁၅ မိနစ်ဝန်းကျင်က ဆောမြို့တွင် တပ်စွဲနေသော စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ ဆောမြို့မရဲစခန်းအတွင်း ဂါတ်စာရေးရုံး ထိခိုက်ပျက်စီးခဲ့ပြီး၊ စစ်ကောင်စီတပ်သားများ အကြောက်လွန်ပြ မြို့တော်ခန်းမထဲမှ ထွက်မလာရဲကြကြောင်း ဆော/ ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ (more…)

  • ကိုအောင်မြင့်မြတ်(ခ)ကိုအောင်အောင်အား “ပြည်သူ့သူရဲကောင်း” အဖြစ် ဂုဏ်ပြုမှတ်တမ်းတင် 

    ကိုအောင်မြင့်မြတ်(ခ)ကိုအောင်အောင်အား “ပြည်သူ့သူရဲကောင်း” အဖြစ် ဂုဏ်ပြုမှတ်တမ်းတင် 

    RNA_ဖေဖော်ဝါရီ ၄ ရက်၊ ၂၀၂၂ ခုနှစ်။

    အကြမ်းမဖက် အာဏာဖီဆန်ရေးနည်းလမ်းများအနက် အဆုံးစွန်သော နည်းလမ်းဖြစ်သည့် မိမိကိုကိုယ် မီးရှို့ဆန္ဒပြခြင်းအားဖြင့် ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် တရားမဝင်အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီအား လုံးဝလက်မခံကြောင်း အသက်နှင့်ရင်းကာ ဆန္ဒဖော်ပြခဲ့သည့် ကျောက်ပန်းတောင်းမြို့နယ်၊ ပြည်တော်သာရပ်ကွက်နေ ကိုအောင်မြင့်မြတ်(ခ)ကိုအောင်အောင်အား “ပြည်သူ့သူရဲကောင်း” တစ်ဦးအဖြစ် မော်ကွန်းတင်ဦးညွှတ်ဂုဏ်ပြုလိုက်ပါသည်ဟု ယနေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

    Red News Agency

  • နမ့်ခမ်းမြို့ထဲ TNLA ရဲဘော်များ ဝင်ရောက်လာ 

    နမ့်ခမ်းမြို့ထဲ TNLA ရဲဘော်များ ဝင်ရောက်လာ 

    RNA_ဖေဖော်ဝါရီ ၄ ရက်၊၂၀၂၂ ခုနှစ်။

    Photo: TNLA

    ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့၊ မြို့မဈေးနှင့်အနီးဝန်းကျင်မှာ ယနေ့ နံနက် ၉ နာရီဝန်းကျင်ကစပြီး တအာင်းတပ်မတော် TNLA ရဲဘော်များ လက်နက်အပြည့်အစုံဖြင့် ရောက်ရှိလာကြောင်း သိရသည်။

    Photo: TNLA

    TNLA မြို့ထဲရောက်ရှိနေသည့်အတွက် တိုက်ပွဲဖြစ်မည်ကို စိုးရိမ်နေကြပြီး၊ မြို့မဈေးက ဈေးသည်များ ဆိုင်ပိတ်သိမ်းနေကြကြောင်း၊ ယနေ့ နေ့လည် ၁၂ နာရီ ၅၀ မိနစ်အထိ ပစ်ခတ်မှု မရှိကြောင်း ဒေသခံတွေထံက သိရသည်။

    Photo: TNLA

    နမ့်ခမ်းမြို့တွင် TNLA က အခွန်ကောက်‌ခံသည့် အလုပ်များ လုပ်နေကြောင်း၊ ဇန်နဝါရီလ ၄ ရက်နေ့က အခွန်ကောက်ခံလာသည့် TNLA တပ်သား ၂ဦး မြို့မဈေးထဲမှာ ပစ်သတ်ခံရပြီး သေဆုံးသည့်အတွက် ဇန်နဝါရီ ၅ ရက်နေ့မှာ တအာင်းတပ်မတော်က မြို့ထဲဝင်ရောက်လာတာကြောင့် စစ်ကောင်စီနှင့် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည်။

    Red News Agency

  • ကရင်နီပြည်နယ် KGZ-Army က တပ်မဟာ (၅) ထပ်မံဖွဲ့စည်းကာ အင်အားဖြည့်

    ကရင်နီပြည်နယ် KGZ-Army က တပ်မဟာ (၅) ထပ်မံဖွဲ့စည်းကာ အင်အားဖြည့်

    RNA_ဖေဖော်ဝါရီ ၃ ရက်၊ ၂၀၂၂ ခုနှစ်။

    တိုက်ပွဲပြင်းထန်နေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပြည်နယ်၏ ၉၀ ရာခိုင်နှုန်း ထိန်းချုပ်ထားသည့် ကရင်နီပြည်နယ် (ကယား)တွင် Karenni Generation Z ( KGZ-Army)က အင်အားဖြည့်သည့်အနေဖြင့် တပ်မဟာ (၅) ကို ထပ်မံဖွဲ့စည်းလိုက်နိုင်ပြီဟု ယနေ့ အသိပေးလာသည်။

    Red News Agency

  • PDF ပူးပေါင်းအဖွဲ့က ကနီမြို့ ရဲစခန်းကို ဒရုန်းဖြင့် နှစ်ကြိမ်ဗုံးကျဲတိုက်ခိုက် 

    PDF ပူးပေါင်းအဖွဲ့က ကနီမြို့ ရဲစခန်းကို ဒရုန်းဖြင့် နှစ်ကြိမ်ဗုံးကျဲတိုက်ခိုက် 

    RNA_ဖေဖော်ဝါရီ ၃ ရက်၊ ၂၀၂၂ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ကနီမြို့ ရဲစခန်းကို ယနေ့ ညနေ ၄ နာရီဝန်းကျင်က Kani People’s Defense Force- KLG နှင့် မဟာမိတ်တပ်ပေါင်းစုများ ပူးပေါင်းပြီး ဒရုန်းအသုံးပြုပြီး နှစ်ကြိမ်ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း KLG PDF က ထုတ်ပြန်ထားသည်။

    Red News Agency

  • Hero Tiger Force မှာ အမျိုးသမီးပါဝင်မှု အားကောင်းလာ

    Hero Tiger Force မှာ အမျိုးသမီးပါဝင်မှု အားကောင်းလာ

    RNA_ဖေဖော်ဝါရီ ၃ ရက်၊ ၂၀၂၂ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခုဖြစ်သည့် Hero Tiger Force တပ်ဖွဲ့က အမျိုးသမီး အင်အား ၅၀ ကျော်ပါတဲ့ အင်အား ၂၀၀ ဝန်းကျင်ရှိ ပြည်သူ့ကာကွယ်ရေး ရဲဘော်များကို အခြေခံစစ်ပညာသင်တန်း ‌ဖေဖော်ဝါရီလ ၂ ရက်နေ့က အောင်မြင်စွာ ဆင်းပေးလိုက်နိုင်သည်။

    Hero Tiger Force အဖွဲ့သည် စစ်ကိုင်းတိုင်း ၂၀၂၁ ခုနှစ် ဧပြီလ ကတည်းက စစ်အာဏာရှင်ကို လက်နက်ကိုင်ခုခံတွန်းလှန်စစ် ဆင်းနွှဲနေသည်မှာ (၁၀) လအတွင်းရောက်ရှိနေပြီဖြစ်ကြောင်း၊ ယင်းမာပင်၊ ပုလဲ၊ ကနီ၊ မြိုင် မြို့နယ်များအထိပါ မဟာမိတ်များဖြင့် ပူးပေါင်းတိုက်ခိုက်နေကြောင်း Hero Tiger Force တပ်ရင်းမှူး ဗိုလ်ကျားကြီးထံက သိရသည်။

    [embedyt] https://www.youtube.com/watch?v=auiCIl9lEsk[/embedyt]

    Red News Agency

  • ထန်တလန် CDF ထိန်းချုပ်နယ်မြေ ကျေးရွာ (၅၁) ရွာကို ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်နေ 

    ထန်တလန် CDF ထိန်းချုပ်နယ်မြေ ကျေးရွာ (၅၁) ရွာကို ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်နေ 

    RNA_ဖေဖော်ဝါရီ ၂ ရက်၊ ၂၀၂၂ ခုနှစ်။

    ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်က ကျေးရွာ (၅၁) ရွာကို CDF- Thantlang က ထိန်းချုပ်ထားပြီး ထန်တလန်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဌာနများဖွဲ့စည်းကာ ပြည်သူ့အုပ်ချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

    ” CDF, Thantlang ထိန်းချုပ်သည့်နယ်မြေအတွင်းရှိ ကျေးရွာပေါင်း (၅၁) ရွာတွင် ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲ လုပ်ငန်းဆောင်ရွက်ခဲ့ပြီး “အန်တလန်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့” ကို ၂၁၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၇၂၈ ရက်နေ့တွင် ဖွဲ့စည်းနိုင်ခဲ့သည်။ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အောက်တွင် ကျန်းမာရေး ပညာရေးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့၊ တရားဌာန၊ လမ်းပန်းဆက်သွယ်ဌာန၊ စိုက်ပျိုးရေးနှင့် မွေးမြူရေဌာန၊ စီမံကိန်း ဘဏ္ဍာ ရေးနှင့် ရင်းနှီးမြုပ်နှံမှုဌာနနှင့် ပြည်တွင်းပြည်ပဆက်ဆံရေးဌာန တို့ဖွဲ့စည်းပြီး ပြည်သူ့အုပ်ချုပ်ရေး လုပ်ငန်း၊ ဆောင်ရွက် နိုင်ခဲ့သည်” ဟု ထန်တလန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မြန်မာ့စစ်တပ်အာဏာသိမ်း (၁) နှစ်ပြည့် (ဖေဖော်ဝါရီ ၁ ရက်နေ့) ထုတ်ပြန်ချက်တွင် ထုတ်ပြန်ထားသည်။ (more…)

  • နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ရာထူးသက် တမ်းကို NUG အစိုးရ၏ သက်တမ်းနှင့်အညီ ဖြစ်စေရန် ဥပဒေ ပြင်ဆင်ပြဌာန်း

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ရာထူးသက် တမ်းကို NUG အစိုးရ၏ သက်တမ်းနှင့်အညီ ဖြစ်စေရန် ဥပဒေ ပြင်ဆင်ပြဌာန်း

    RNA_ဖေဖော်ဝါရီ ၂ ရက်၊ ၂၀၂၂ ခုနှစ်။

    နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ရာထူးသက် တမ်းကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ သက်တမ်းနှင့်အညီ ဖြစ်စေရန် အတိုင်ပင် ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေ ၂၀၂၁ ကို ပြင်ဆင်သည့် ဥပဒေကို ယနေ့ ပြန်လည်ပြင်ဆင်ပြဌာန်းလိုက်ကြောင်း သိရသည်။

    ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်ကြောင်း၊ဤဥပဒေကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေ ၂၀၂၁ ကို ပြင်ဆင်သည့် ဥပဒေ ဟု ခေါ်တွင်စေရမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH)က ထုတ်ပြန်ခဲ့သည်။ (more…)

  • စစ်အာဏာရှင် ဆန့်ကျင်ရေး သံပုံးတီးသပိတ် ယနေ့ည ၈ နာရီ ရန်ကုန်မှာပြုလုပ် 

    စစ်အာဏာရှင် ဆန့်ကျင်ရေး သံပုံးတီးသပိတ် ယနေ့ည ၈ နာရီ ရန်ကုန်မှာပြုလုပ် 

    RNA_ဖေဖော်ဝါရီ ၂ ရက်၊ ၂၀၂၂ ခုနှစ်။

    စစ်တပ်အာဏာသိမ်းခဲ့သည့် နှစ်ပတ်လည် ပြည့်မြောက်သည့် နောက်တရက် ပြီးခဲ့သည့်နှစ်ကလည်း စစ်အာဏာရှင်အလိုမရှိကြောင်း သံပုံးတီးခဲ့သလို ယနေ့ည(၈) နာရီမှာလည်း ရန်ကုန်မြို့ မြို့နယ်တချို့မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး သံပုံးတီးသပိတ်ကို တကျော့ပြန် လုပ်ဆောင်ခဲ့ကြသည်။

    [embedyt] https://www.youtube.com/watch?v=t0Bv5-zz9Ik[/embedyt]

    Red News Agency

  • စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှုးများနှင့် ဝန်ထမ်းများ (၅) ရက်အတွင်း နှုတ်ထွက်ရန် OKPO ကွန်မန်ဒိုအဖွဲ့ သတိပေး

    စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှုးများနှင့် ဝန်ထမ်းများ (၅) ရက်အတွင်း နှုတ်ထွက်ရန် OKPO ကွန်မန်ဒိုအဖွဲ့ သတိပေး

    RNA_ဖေဖေါ်ဝါရီ ၂ ရက်၊ ၂၀၂၂ ခုနှစ်။

    ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်အတွင်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှုးများ ၊ Non-CDM ဝန်ထမ်းများအနေဖြင့် ဖေဖော်ဝါရီလ ၃ ရက်နေ့မှစတင်ကာ (၅) ရက်အတွင်းနှုတ်ထွက်ပြီး ပြည်သူနှင့်ပူးပေါင်းကာ CDM ပြုလုပ်ကြရန် OKPO- COMMANDO အဖွဲ့က သတိပေးထုတ်ပြန်ထားသည်။

    ဓာတ်ပုံ: ၂၀၂၁ ခုနှစ် မေလ ၂၂ ရက်နေ့က တွေ့ရသည့် အုတ်ဖိုမြို့က စစ်ကောင်စီ လက်အောက်ခံများ

    အုတ်ဖိုမြို့နယ်တွင် စစ်ကောင်စီလက်အောက်ဆက်လက် တာဝန်ထမ်းဆောင်နေပါက မိမိတာဝန်သာ ဖြစ်ကြောင်း၊ အာဏာရှင်လူတစ်စုကောင်းစားရေးနှင့် ကိုယ်ကျိုး တစ်ခုတည်းအတွက်ကြည့်ပြီး လက်နက် ကိုင်ထားကြသော ဖက်ဆစ်စစ်တပ်နှင့် စစ်ကောင်စီ၏ လက်ပါးစေ လက်ကိုင်တုတ် တပ်ဖွဲ့များအား အချိန်မရွေး၊ နေရာရွေး တိုက်ခိုက်သွားမည် ဖြစ်ပါသဖြင့် ပြည်သူများ ၄င်းတို့နှင့် ပူးတွဲသွားလာ နေထိုင်ခြင်းများ မပြုလုပ်ကြပါရန်နှင့် ပူးပေါင်းပါဝင်မှု ပါတ်သတ်ပါက မိမိတာဝန်သာဖြစ်ကြောင်း ဖက်ဆစ်တိုက်ဖျက်ရေးနှင့်ပြည်သူ့အာဏာ တည်ဆောက်ရေးတပ်ဦး(OKPO COMMANDO)က ယနေ့ ထုတ်ပြန်ကြေညာလိုက်သည်။

    Red News Agency