တိုက်ပွဲအတွင်း ခမရ ၁၀၈ မှ တပ်ခွဲမှူးအဆင့် ကျော်သူထိုက် သေဆုံး 

Written by

in

RNA_ဒီဇင်ဘာ(၅)၊၂၀၂၂ခုနှစ်။

ကယားပြည်( ကရင်နီ)နယ်၊ လွိုင်ကော်မြို့နယ်၊ ပါလောင်းရွာဝန်းကျင်ရှိ အကြမ်းဖက်အာဏာသိမ်း စစ်ကောင်စီတပ်ကို ဒေသခံ KNDF၊KA၊PDF တို့ပါဝင်သည့် တပ်ပေါင်းစုက တိုက်ခိုက်ရာ စစ်ကောင်စီတပ် တပ်မ ၆၆ လက်အောက်ခံ တပ်ရင်း ခမရ၁၀၈ မှ တပ်ခွဲမှူးအဆင့် ကျော်သူထိုက် အပါအဝင် အနည်းဆုံး (၅) ဦး သေဆုံးကြောင်း သိရသည်။

ပါလောင်းရွာဝန်းကျင်ရှိ စစ်ကောင်စီတပ်ကိုဒေသခံ မဟာမိတ်တပ်ဖွဲ့များက နိုဝင်ဘာလ ၂၄၊ ၂၅၊ ၂၆၊ ၂၇၊ ၂၉ ရက်တို့တွင် အပြင်းအထန် တိုက်ခိုက်ခဲ့ကြကြောင်း၊ စစ်ကောင်စီတပ်ဘက်က အနည်းဆုံး (၅) ဦးသေဆုံးပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များဘက်က (၆) ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

” တွေ့ရှိရသောစစ်ကောင်စီဘက်မှာအလောင်းများထဲတွင် တပ်မ၆၆ လက်အောက်ခံတပ်ရင်း ခမရ၁၀၈ မှ တပ်ခွဲမှူးအဆင့်ရှိ (ကျော်သူထိုက်)ဆိုသောသူအပါ အဝင်ဖြစ်သည်” ဟု KNDF – BO2 မှ ထုတ်ပြန်ထားသည်။

တိုက်ပွဲဖြစ်ပွားသည့် (၅) ရက်အတွင်း စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ဒေသခံ ပြည်သူတဦး သေဆုံးခဲ့ရကြောင်း၊ စစ်ကောင်စီတပ် လွိုင်ကော်အခြေစိုက်တပ် ခလရ(၂၅၀)မှ လက်နက်ကြီးများ ပစ်ခတ်သည့်အတွက် နေအိမ်အဆောက်အဦများ ပျက်စီးခဲ့ရကြောင်း သိရသည်။

#RedNewsAgency