မိုင်းရှင်းလင်းရေး ပြုလုပ်စဉ် ရဲဘော် (၃) ဦးဒဏ်ရာရ

RNA_ဒီဇင်ဘာ(၅)၊၂၀၂၂ခုနှစ်။

နယ်မြေစိုးမိုးထားသည့် စစ်ကောင်စီတပ်အား တိုက်ထုတ်ပြီး နယ်မြေစိုးမိုးရေးနှင့် မိုင်းရှင်းလင်းရေးပြုလုပ်စဉ် ကယား(ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု(KRU)မှ ရဲဘော် (၃) ဦး ဒဏ်ရာရရှိခဲ့ပြီး (၁) ဦး ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။

စစ်ကောင်စီတပ် တပ်စွဲထားသည့် ကယားပြည်နယ်၊ ဒီမော့ဆိုမြို့ ၊ ကုန်းသာကျေးရွာ နယ်မြေအား ဒီဇင်ဘာလ ၁ ရက်နေ့ နံနက်အစောပိုင်းတွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များက စစ်ကောင်စီတပ်အား မောင်းထုတ်နိုင်ခဲ့ပြီး နယ်မြေအား ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။

“မိုင်းရှင်းလင်းရေး ၃ရက်‌ ‌မြောက်နေ့ တွင် KRU ရဲဘော် ၃ဦး ဒဏ်ရာ ရရှိခဲ့ပြီး ၊ တစ်ဦး မှာ အနည်းငယ်ပြင်းထန်ခဲ့ပြီး ရဲဘော်များအား လုံခြုံသည့်အ‌ခြေအနေ ကျန်းမာရေးစောင့်ရှောက်ပေးထားကြောင်း အသိပေးအပ်ပါသည်” ဟု Karenni Revolution Union (KRU) က ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ် တပ်စွဲသွားသည့် ကုန်းသာကျေးရွာ နယ်မြေတွင် မြေမြှပ်မိုင်းများရှိနေသေးသည့်အတွက် မိုင်းရှင်းလင်းရေးကို ကယား(ကရင်နီ) တော်လှန်ရေးတပ်ပေါင်းစုနှင့် KGZ Volunteer Amry အဖွဲ့ တို့ပူးပေါင်း၍ မိုင်းရှင်းလင်းရေးစသည်တို့ကို ပြုလုပ်နေကြောင်း၊ နယ်မြေအတွင်း အန္တာရာယ်ရှိသော အခြေအနေဖြစ်သည့်အတွက် ဒေသခံပြည်သူများ သွားလာမှုမလုပ်ကြရန် KRU က တိုက်တွန်းထားသည်။

#RedNewsAgency

By Editor