RNA_ဧပြီ(၇)၊၂၀၂၃ ခုနှစ်။
မြစ်ကြီးနားထောင်တွင် မတရားဖမ်းဆီးချုပ်နှေင်ခံထားရသည့် ကချင်နှစ်ခြင်းခရစ်ယာအဖွဲ့ချုပ် – KBC အကြံပေး သိက္ခာတော်ရ ဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန်ကို စစ်ကောင်စီလက်အောက်ခံတရားရုံးမှ ယနေ့ ထောင်ဒဏ် (၆) နှစ် ချမှတ်လိုက်ကြောင်း မိသားစုဝင်များနှင့် နီးစပ်သူထံမှ သိရသည်။

အမိန့်ချမှတ်ခဲ့သော ယနေ့သည် ခရစ်ယာန်ဘာသာဝင်များအတွက် နေ့ထူးနေ့မြတ်ဖြစ်သည့် မဟာသောကြာကြီး (Good Friday) နေ့ဖြစ်ကြောင်း၊ သခင်ခရစ်တော်ကို မတရား ကားစင်တင်ခံရန် အမိန့်ချသည့်နေ့မှာသိက္ခာ တော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်ကို ထောင်ဒဏ်ချမှတ်သည်မှာ စစ်ကောင်စီ၏ ဘာသာရေးနှင့်လူမျိုးရေး အငြိုးအတေးဖြစ်ကြောင်း ခရစ်ယာန်ဘာသာဝင်တဦးက ပြောသည်။


