ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)

သိက္ခာတော်ရ ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက ထောင်ဒဏ် (၆) နှစ်ချမှတ်

သိက္ခာတော်ရ ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက ထောင်ဒဏ် (၆) နှစ်ချမှတ်

RNA_ဧပြီ(၇)၊၂၀၂၃ ခုနှစ်။ မြစ်ကြီးနားထောင်တွင် မတရားဖမ်းဆီးချုပ်နှေင်ခံထားရသည့် ကချင်နှစ်ခြင်းခရစ်ယာအဖွဲ့ချုပ် - KBC အကြံပေး သိက္ခာတော်ရ ဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန်ကို စစ်ကောင်စီလက်အောက်ခံတရားရုံးမှ ယနေ့ ထောင်ဒဏ် (၆) နှစ် ချမှတ်လိုက်ကြောင်း မိသားစုဝင်များနှင့် နီးစပ်သူထံမှ သိရသည်။ အမိန့်ချမှတ်ခဲ့သော ယနေ့သည် ခရစ်ယာန်ဘာသာဝင်များအတွက် နေ့ထူးနေ့မြတ်ဖြစ်သည့် မဟာသောကြာကြီး (Good Friday) နေ့ဖြစ်ကြောင်း၊ သခင်ခရစ်တော်ကို မတရား ကားစင်တင်ခံရန် အမိန့်ချသည့်နေ့မှာသိက္ခာ တော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်ကို ထောင်ဒဏ်ချမှတ်သည်မှာ စစ်ကောင်စီ၏ ဘာသာရေးနှင့်လူမျိုးရေး အငြိုးအတေးဖြစ်ကြောင်း ခရစ်ယာန်ဘာသာဝင်တဦးက ပြောသည်။ (more…)
Read More
ဒေါက်တာခလမ်ဆမ်ဆွန်ကို ဖမ်းခြင်းသည် ကချင်တစ်မျိုးသားလုံးကို စစ်ကြေညာခြင်းဖြစ်သည်ဟု WKC က ကြေညာ

ဒေါက်တာခလမ်ဆမ်ဆွန်ကို ဖမ်းခြင်းသည် ကချင်တစ်မျိုးသားလုံးကို စစ်ကြေညာခြင်းဖြစ်သည်ဟု WKC က ကြေညာ

RNA_နိုဝင်ဘာ(၇)၊၂၀၂၂ ခုနှစ်။   အာဏာသိမ်းစစ်ကောင်စီက အကြောင်းပြချက်မရှိ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)ဥက္ကဋ္ဌ (ငြိမ်း) ဒေါက်တာခလမ်ဆမ်ဆွန်ကို ဖမ်းဆီးလိုက်ခြင်းသည် ကချင်တစ်မျိုးသားလုံးကို အလွန်အကြူးရန်စစော်ကားလိုက်ခြင်းဖြစ်သည်သာမက ထပ်မံ စစ်ကြေညာခြင်းဖြစ်သည်ဟု World Kachin Congress က ဒီဇင်ဘာလ ၆ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။   “ဤလုပ်ရပ်သည် ကချင်တမျိုးသားလုံးကို အလွန်အကျူးရန်စစော်ကားလိုက်ခြင်းဖြစ်သည်သာမက ထပ်မံစစ်ကြေညာလိုက်ခြင်းပင်ဖြစ်သည်။ သို့ပါ၍ ပြည်သူလူထုအားလုံး ဤတော်လှန်ရေးတွင် မိမိတက်နိုင်သည့်ဘက်မှ အရှိန်မြှင့်လျက် ပါဝင်ရပ်တည်ကြပါစိုး” ဟု ထုတ်ပြန်ချက်တွင် တိုက်တွန်းနှိုးဆော်ထားသည်။ (more…)
Read More