ဒေါက်တာခလမ်ဆမ်ဆွန်ကို ဖမ်းခြင်းသည် ကချင်တစ်မျိုးသားလုံးကို စစ်ကြေညာခြင်းဖြစ်သည်ဟု WKC က ကြေညာ

RNA_နိုဝင်ဘာ(၇)၊၂၀၂၂ ခုနှစ်။
 
အာဏာသိမ်းစစ်ကောင်စီက အကြောင်းပြချက်မရှိ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)ဥက္ကဋ္ဌ (ငြိမ်း) ဒေါက်တာခလမ်ဆမ်ဆွန်ကို ဖမ်းဆီးလိုက်ခြင်းသည် ကချင်တစ်မျိုးသားလုံးကို အလွန်အကြူးရန်စစော်ကားလိုက်ခြင်းဖြစ်သည်သာမက ထပ်မံ စစ်ကြေညာခြင်းဖြစ်သည်ဟု World Kachin Congress က ဒီဇင်ဘာလ ၆ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။
 
“ဤလုပ်ရပ်သည် ကချင်တမျိုးသားလုံးကို အလွန်အကျူးရန်စစော်ကားလိုက်ခြင်းဖြစ်သည်သာမက ထပ်မံစစ်ကြေညာလိုက်ခြင်းပင်ဖြစ်သည်။ သို့ပါ၍ ပြည်သူလူထုအားလုံး ဤတော်လှန်ရေးတွင် မိမိတက်နိုင်သည့်ဘက်မှ အရှိန်မြှင့်လျက် ပါဝင်ရပ်တည်ကြပါစိုး” ဟု ထုတ်ပြန်ချက်တွင် တိုက်တွန်းနှိုးဆော်ထားသည်။

 
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)ဥက္ကဋ္ဌ (ငြိမ်း) ဒေါက်တာခလမ်ဆမ်ဆွန်သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ဆေးစစ်ရန်အသွား ဒီဇင်ဘာလ (၅) ရက်နေ့ နံနက်ပိုင်းက မန္တလေးမြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် စစ်ကောင်စီလက်အောက်ခံများက ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။
 
သိက္ခာတော်ရဆရာကြီး ဒေါက်တာခလမ်ဆမ်ဆွန်အား ချွင်းချက်မရှိ ချက်ခြင်းလွှတ်ပေးရမည်ဖြစ်ကြောင်း၊ ယခုလုပ်ရန်သည် ပိုမိုရှုပ်ထေးသော လူမျိုးရေးနှင့် ဘာသာရေးစစ်ပွဲဆီဦးတည်စေရန် တမင်ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီ၏ ထောက်တိုင်အဖြစ် အစေအပါးခံ ဆောင်ရွက်ပေးနေကြသော လူ၊ အဖွဲ့အည်းများအားလုံးကို အမြစ်ပြတ်ချေမှုန်းကြရန် စသည်တို့ကို ထုတ်ပြန်ထားသည်။
 
#RedNewsAgency
By Editor